ၾကားသိရသမွ်

အပူခ်ိန္ျပင္းသျဖင့္ အခန္း၏ ၾကမ္းခင္းေျမေအာက္ဖက္သို႔ တူးၾကည့္ရာ အေငြ႕ထြက္ေန (႐ုပ္/သံ)

အပူချိန်ပြင်းသဖြင့် အခန်း၏ ကြမ်းခင်းမြေအောက်ဖက်သို့ တူးကြည့်ရာ အငွေ့ထွက်နေသဖြင့် မြေကြီးအားဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးမည်။

( အောက်ဆုံးတွင် ရုပ်/သံ ကြည့်ရန် )

တာချီလိတ်၊ဇူလိုင် (၂၇)။ ။ တာချီလိတ်မြို့နယ် ၊ဆန်ဆိုင်း (က) ရက်ကွက် ၊မြို့ပတ်လမ်းပေါ်ရှိ ပီဇာဆိုင်အခန်းတခုအတွင်းရှိ အောက်ခင်းကြွေပြားများနှင့် နံရံများ ရုတ်တရတ် အပူချိန် ပြင်းလာသဖြင့် စစ်ဆေးရန်အတွက်

မြေကြီးတွင်းတူးကြည်ရာ တွင်းထဲမှ အငွေ့များ ထွက်လာသဖြင့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုလေ့လာရေးဌာနမှ တာဝန်ရှိသူမှလာရောက်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ည တညလုံး အဆိုပါ အခန်းအား လျှပ်စစ်မီးဖြတ်တောက်ထားသော်လည်း ယခုမနက်ပိုင်းအထိ ဆက်လက် ပူနေသေးကြောင်း သိရှိရသည်။

“ငလျင်တွေ လှုပ်တာကြောင့် မြေကြီးအောက်မှာ ရှိတဲ့ ကျောက်ပြားတွေ ပွတ်တိုက်မှုကြောင့် ပူလာတာလည်း ဖြစ်နိုင်တယ်။ အခု ပူတဲ့ မြေကြီးရဲ့ အောက်အနက် ၇ ပေ ၈ပေအထိ နက်အောက်တူးပြီး

မြေကြီးကို ဓာတ်ခွဲခန်းသို့ပို့ပြီး စမ်းသပ်ရမယ်။”ဟု ကျိုင်းတုံမှ ဘူမိဗေဒ နှင့် ဓာတ်သတ္တုလေ့လာရေး ဌာနမှ လာရောက်လေ့လာသူ ဦးအောင်ကျော်စိုးမှ ပြောသည်။

တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း (က)ရပ်ကွက် အနောက်မြို့ပတ်လမ်းပေါ်ရှိ HH pizza ဆိုင်အတွင်းရှိ ကြွေပြားများမှာ ဇူလိုင် (၂၆)ရက်နေ့၊နံနက်ပိုင်း အချိန် (၁၀)နာရီဝန်းကျင်ခန့်မှစတင်ကာ အလွန်အမင်း ပူလာကြောင်း

သတင်းပေးပို့လာသဖြင့် အခြေအနေသိရှိနိုင်ရန်အတွက် မြေကြွင်းတူးရာမှ ယခုလို အငွေ့ထွက်လာခြင်းဖြစ်သည်။အဆိုပါအခန်းတွင်းရှိ ယင်းနေရာ၌တွင်သာ ပူပြင်းနေသော်လည်း ဘေးဖက် တိုက်ခန်းတွဲမှာ အပူချိန် မရှိကြောင်း တွေ့ရှိရသည်။

(Credit) ရှမ်းအရှေ့သတင်းမဏ္ဍိုင်

Zawgyi

အပူခ်ိန္ျပင္းသျဖင့္ အခန္း၏ ၾကမ္းခင္းေျမေအာက္ဖက္သို႔ တူးၾကည့္ရာ အေငြ႕ထြက္ေနသျဖင့္ ေျမႀကီးအားဓာတ္ခြဲခန္းသို႔ ပို႔၍ စစ္ေဆးမည္။

တာခ်ီလိတ္၊ဇူလိုင္ (၂၇)။ ။ တာခ်ီလိတ္ၿမိဳ႕နယ္ ၊ဆန္ဆိုင္း (က) ရက္ကြက္ ၊ၿမိဳ႕ပတ္လမ္းေပၚရွိ ပီဇာဆိုင္အခန္းတခုအတြင္းရွိ ေအာက္ခင္းေႂကြျပားမ်ားႏွင့္ နံရံမ်ား ႐ုတ္တရတ္ အပူခ်ိန္ ျပင္းလာသျဖင့္ စစ္ေဆးရန္အတြက္

ေျမႀကီးတြင္းတူးၾကည္ရာ တြင္းထဲမွ အေငြ႕မ်ား ထြက္လာသျဖင့္ ဘူမိေဗဒႏွင့္ ဓာတ္သတၳဳေလ့လာေရးဌာနမွ တာဝန္ရွိသူမွလာေရာက္ကာ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

ယမန္ေန႔ည တညလုံး အဆိုပါ အခန္းအား လွ်ပ္စစ္မီးျဖတ္ေတာက္ထားေသာ္လည္း ယခုမနက္ပိုင္းအထိ ဆက္လက္ ပူေနေသးေၾကာင္း သိရွိရသည္။

“ငလ်င္ေတြ လႈပ္တာေၾကာင့္ ေျမႀကီးေအာက္မွာ ရွိတဲ့ ေက်ာက္ျပားေတြ ပြတ္တိုက္မႈေၾကာင့္ ပူလာတာလည္း ျဖစ္ႏိုင္တယ္။ အခု ပူတဲ့ ေျမႀကီးရဲ႕ ေအာက္အနက္ ၇ ေပ ၈ေပအထိ နက္ေအာက္တူးၿပီး

(႐ုပ္/သံ ၁)

ေျမႀကီးကို ဓာတ္ခြဲခန္းသို႔ပို႔ၿပီး စမ္းသပ္ရမယ္။”ဟု က်ိဳင္းတုံမွ ဘူမိေဗဒ ႏွင့္ ဓာတ္သတၱဳေလ့လာေရး ဌာနမွ လာေရာက္ေလ့လာသူ ဦးေအာင္ေက်ာ္စိုးမွ ေျပာသည္။

(႐ုပ္/သံ ၂)

တာခ်ီလိတ္ၿမိဳ႕နယ္၊ဆန္ဆိုင္း (က)ရပ္ကြက္ အေနာက္ၿမိဳ႕ပတ္လမ္းေပၚရွိ HH pizza ဆိုင္အတြင္းရွိ ေႂကြျပားမ်ားမွာ ဇူလိုင္ (၂၆)ရက္ေန႔၊နံနက္ပိုင္း အခ်ိန္ (၁၀)နာရီဝန္းက်င္ခန႔္မွစတင္ကာ အလြန္အမင္း ပူလာေၾကာင္း

(႐ုပ္/သံ ၃)

သတင္းေပးပို႔လာသျဖင့္ အေျခအေနသိရွိႏိုင္ရန္အတြက္ ေျမႂကြင္းတူးရာမွ ယခုလို အေငြ႕ထြက္လာျခင္းျဖစ္သည္။အဆိုပါအခန္းတြင္းရွိ ယင္းေနရာ၌တြင္သာ ပူျပင္းေနေသာ္လည္း ေဘးဖက္ တိုက္ခန္းတြဲမွာ အပူခ်ိန္ မရွိေၾကာင္း ေတြ႕ရွိရသည္။

(Credit) ရွမ္းအေရွ႕သတင္းမ႑ိဳင္