ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ဟာ မိဘကိုကူညီဖို႔ ႏြားေက်ာင္းတဲ့အလုပ္ကိုလုပ္ခဲ့တယ္။ ေကာင္ေလးရဲ႕ တ
ျခားကေလးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့စာဖတ္ဝါသနာ ႀကီးလြန္းတဲ့ အခ်က္ပါပဲ။ႏြားေက်ာင္းရင္း ရတဲ့အခ်ိန္ကို စာဖတ္ပါတယ္။အိမ္ေျခ
နည္းၿပီး ဆင္းရဲတဲ့ ႐ြာေလးမွာ ေမြးခဲ့ျပန္ေတာ့ စာဖတ္ခ်င္ရင္ေတာင္ စာအုပ္ကေ႐ႊထက္ရွားတယ္.. ႐ြာထဲကအိမ္တစ္အိမ္မွာ စာအုပ္ရွိတယ္
ဆိုတဲ့ သတင္းကိုၾကားတာနဲ႔ ေကာင္ေလးဟာ အဲ့ဒီအိမ္ကိုသြားၿပီး စာအုပ္ငွါးဖို႔ ႀကိဳးစားတယ္။ဒီတိုင္းငွါးရင္ မငွါးမွာစိုးရိမ္တဲ့အတြက္ အဲ့ဒီ
အိမ္ရဲ႕ထင္းခြဲေရခပ္ စတဲ့အလုပ္ေတြကို ကူလုပ္ေပၿပီးမွအိမ္ရွင္ဆီက စာအုပ္ကိုငွါးခဲ့ပါတယ္ ။အဲ့ဒီေလာက္ထိ စာဖတ္ဝါသနာႀကီးခဲ့တယ္ ။
စာဖတ္ဝါသနာ ေၾကာင့္ ေကာင္ေလးရဲ႕ ဘဝကို ေျပာင္းလဲေစဖို႔ တြန္းအား ေပးခဲ့တာကလည္းစာ႐ြက္ေလးတစ္႐ြက္ေၾကာင့္ပါပဲ။တစ္ေန႔မွာ
ေကာင္ေလးဟာ ႏြားေက်ာင္းေနရင္းစာ႐ြက္ေလးတစ္႐ြက္ ၿခဳံေပၚမွာ တင္ေနတာကိုေတြ႕ခဲ့တယ္။ စာဖတ္ဝါသနာႀကီးတဲ့ေကာင္ေလးဟာ
ၿခဳံေပၚက စာ႐ြက္ေလးကို လွမ္းယူလိုက္တာေပါ့။ အဲ့ဒီစာ႐ြက္ေလးဟာလည္း ဆီေက်ာ္မုန႔္တစ္ခုခုထည့္ထားတဲ့ စာ႐ြက္ေလးျဖစ္ဟန္တူ
တယ္။ ဆီေတြေပက်ံေနၿပီး ပု႐ြက္ဆိတ္ေတြတက္လို႔ေပါ့။ ေကာင္ေလးဟာ ပု႐ြက္ဆိတ္ေတြကို ခါခ်ၿပီး သစ္ပင္ရိပ္တစ္ခုမွာထိုင္ရင္း စာ႐ြက္
ေလးကိုဖတ္ပါတယ္။စာ႐ြက္ေလးမွာေရးထားတဲ့စာက ေအာင္ျမင္ေအာင္ေရးေဆာင္းပါးတစ္ပုဒ္ထဲက စာအပိုင္းအစေလး တခုက ေကာင္
ေလးကို ဆြဲေဆာင္ခဲ့ပါတယ္။အဲ့စာေလး တစ္ေၾကာင္းကေတာ့..လယ္ကြင္းထဲမွာ ပုစြန္လုံးႏႈိက္ေနတဲ့ခေလးတစ္ေယာက္ ဟာ တစ္ေန႔ ႏိုင္ငံ့
ေခါင္း ေဆာင္ မျဖစ္ႏိုင္ပါဘူးလို႔ ဘယ္သူေျပာႏိုင္မွာလဲ ဆိုတဲ့စာေၾကာင္းေလးပါ။အဲ့ဒီစာေၾကာင္းေလးဖတ္ၿပီးေနာက္ ေကာင္ေလးဟာ
စိတ္ဓာတ္ေတြ တက္ႂကြလာပါတယ္။ပုစြန္လုံးႏႈိက္တဲ့ သူကေတာင္ ႏိုင္ငံေခါင္းေဆာင္ျဖစ္ႏိုင္ရင္ ငါကဘာလို႔သူေ႒းႀကီးမျဖစ္ႏိုင္ရမွာ
လဲဆိုတဲ့အေတြးနဲ႔ ေမြးရပ္ေျမကို စြန႔္ခြာၿပီး ၿမိဳ႕ကိုတက္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ ဆင္းရဲလွတဲ့ မိခင္ျဖစ္သူကိုလည္း ဒီလိုမွာခဲ့ေသးပါတယ္..ဒီ
အခ်ိန္မွာ အေမဆင္းရဲေနလို႔ ပန္ကန္ျပားမပါပဲ ဖက္နဲ႔ထမင္းစားရရင္ေတာင္ အားမငယ္ပါနဲ႔..တစ္ေန႔ သားခ်မ္းသာလာတဲ့အခါ အေမကို
ေ႐ြပန္းကန္နဲ႔ ေကြၽးပါ့မယ္လို႔ ေျပာၿပီး ၿမိဳ႕ကိုတက္လာခဲ့တယ္။
လက္ထဲမွာေတာ့ မိခင္ေပးလိုက္တဲ့ ေငြ ၃၅က်ပ္ပါလာခဲ့ပါတယ္။အိမ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႔ ပညာရပ္တစ္ခုခု သင္ထားမွျဖစ္
မယ္ဆိုတဲ့ အေတြးနဲ႔ ကိုယ့္ထက္နားလည္ တက္ကြၽမ္းတဲ့သူေတြကိုခ်ဥ္းကပ္ၿပီး အႀကံဥာဏ္ေတာင္းခဲ့တယ္။ဒီလိုနဲ႔ပဲ အရမ္းအဖိုးတန္တဲ့
အႀကံေကာင္းတစ္ခု ဆရာသမားတစ္ေယာက္ဆီကေန ရလိုက္တယ္ ။အဲ့ဒါကေတာ့ ကိုယ္ပိုင္လုပ္ငန္းလုပ္ခ်င္တဲ့ လူတစ္ေယာက္ဟာ
ကိုယ္ ပိုင္လုပ္ငန္း ထူေထာင္ႏိုင္မယ့္ အတက္ပညာရပ္တစ္ခုခုကို သင္ယူရမယ္ ဆိုတဲ့ အႀကံဥာဏ္ပါ။ဒီလိုနဲ႔ေကာင္ေလးဟာ ကားဝပ္ေရွာ့
စ္ တစ္ခုမွာစက္ျပင္ပညာ သင္ၾကားခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့တယ္။ ဝပ္ေရွာ့စ္ဆရာက ေကာင္ေလးရဲ႕ ေသးငယ္တဲ့ ခႏၶာကိုယ္ကိုၾကည့္ၿပီး
ပင္ပန္းတဲ့စက္ျပင္ပညာကို ၾကာရွည္လုပ္ႏိုင္မယ္ မထင္တဲ့အတြက္အလုပ္မခန႔္ခဲ့ပါဘူး။ဒါေပမယ့္ေကာင္ေလးဟာဘယ္ေလာက္ပဲ ပင္ပန္း
ပါေစ သူလုပ္ႏိုင္တယ္ ျဖစ္ေၾကာင္းနဲ႔ စက္ျပင္ပညာကိုလည္းဆယ္ႏွစ္ၾကာတဲ့အထိ သင္ယူေလ့လာမယ္ ျဖစ္ေၾကာင္းကို ရဲရဲဝင့္ဝင့္ ေျပာခဲ့
ပါတယ္။ေကာင္ေလးရည္႐ြယ္ထားတာက သူ႔အသက္၁၅ႏွစ္မွာ စက္ျပင္ပညာကို စတင္သင္ၾကားၿပီး အသက္၂၅မွစ္မွာ ကိုယ္ပိုင္ဝပ္ေရွာ့စ္
တစ္ခုကိုထူေထာင္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္လည္းအခုလိုကတိေပးလိုက္တာျဖစ္တယ္။ေကာင္ေလးရဲ႕ကတိစကားကိုစက္ျပင္ဆရာ
ကလည္း လက္ခံလိုက္ပါတယ္။ဒီလိုနဲ႔ စက္ျပင္ပညာကို သင္ၾကားရင္း ၉ႏွစ္ေက်ာ္အၾကာ သူ႔အသက္ ၂၄ႏွစ္အ႐ြယ္မွာ ဆရာ့ဆီကခြဲထြက္
ၿပီး ကိုယ္ပိုင္ဝပ္ေရွာ့စ္တစ္ခုကို ထူေထာင္ခဲ့ပါတယ္..။ဇြဲေကာင္းသလို တီထြင္ဥာဏ္ပါေကာင္းတဲ့လူငယ္မွာဝပ္ေရွာ့စ္လုပ္ငန္းကေနမီးစက္
ေတြ ၊ကားေတြကိုပါ ျပည္တြင္းမွာ ထုတ္လုပ္ေရာင္းခ်ႏိုင္တဲ့အထိ အဆင့္ဆင့္ တိုးခ်ဲ႕ လုပ္ကိုင္ႏိုင္ခဲ့ၿပီး..ေနာက္ဆုံးမွာေတာ့ သူျဖစ္ခ်င္ခဲ့တဲ့
သူေ႒း ႀကီး တစ္ဦးျဖစ္လာခဲ့ပါၿပီ ။သူ႔ရဲ႕ကတိစကားအတိုင္းပဲ မိခင္ျဖစ္သူကိုလည္း ေ႐ႊပန္းကန္ ၊ေ႐ႊဇြန္းနဲ႔လည္း ထမင္းေကြၽးႏိုင္ ခဲ့ပါ
တယ္။ဒီဇာတ္လမ္းေလး ကေတာ့ ပုံျပင္မဟုတ္ခဲ့ပါဘူး။ဒါကေတာ့ UD လုပ္ငန္းစုရဲ႕တည္ေထာင္သူ ဦးခင္ေမာင္ဝင္းရဲ႕ ျဖစ္ရပ္မွန္ ဇာတ္
ေၾကာင္းပဲျဖစ္ပါတယ္။ မႏၲလာသူ မႏၲလာသား ေတြကေတာ့ သိေလာက္မွာပါေနာ္..။
မူရင္း-Credit

Zawgyi
ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ မိဘကိုကူညီဖို့ နွားကျောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်။ ကောင်လေးရဲ့ တ
ခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့စာဖတ်ဝါသနာ ကြီးလွန်းတဲ့ အချက်ပါပဲ။နွားကျောင်းရင်း ရတဲ့အချိန်ကို စာဖတ်ပါတယ်။အိမ်ခြေ
နည်းပြီး ဆင်းရဲတဲ့ ရွာလေးမှာ မွေးခဲ့ပြန်တော့ စာဖတ်ချင်ရင်တောင် စာအုပ်ကရွှေထက်ရှားတယ်.. ရွာထဲကအိမ်တစ်အိမ်မှာ စာအုပ်ရှိတယ်
ဆိုတဲ့ သတင်းကိုကြားတာနဲ့ ကောင်လေးဟာ အဲ့ဒီအိမ်ကိုသွားပြီး စာအုပ်ငှါးဖို့ ကြိုးစားတယ်။ဒီတိုင်းငှါးရင် မငှါးမှာစိုးရိမ်တဲ့အတွက် အဲ့ဒီ
အိမ်ရဲ့ထင်းခွဲရေခပ် စတဲ့အလုပ်တွေကို ကူလုပ်ပေပြီးမှအိမ်ရှင်ဆီက စာအုပ်ကိုငှါးခဲ့ပါတယ် ။အဲ့ဒီလောက်ထိ စာဖတ်ဝါသနာကြီးခဲ့တယ် ။
စာဖတ်ဝါသနာ ကြောင့် ကောင်လေးရဲ့ ဘဝကို ပြောင်းလဲစေဖို့ တွန်းအား ပေးခဲ့တာကလည်းစာရွက်လေးတစ်ရွက်ကြောင့်ပါပဲ။တစ်နေ့မှာ
ကောင်လေးဟာ နွားကျောင်းနေရင်းစာရွက်လေးတစ်ရွက် ခြုံပေါ်မှာ တင်နေတာကိုတွေ့ခဲ့တယ်။ စာဖတ်ဝါသနာကြီးတဲ့ကောင်လေးဟာ
ခြုံပေါ်က စာရွက်လေးကို လှမ်းယူလိုက်တာပေါ့။ အဲ့ဒီစာရွက်လေးဟာလည်း ဆီကျော်မုန့်တစ်ခုခုထည့်ထားတဲ့ စာရွက်လေးဖြစ်ဟန်တူ
တယ်။ ဆီတွေပေကျံနေပြီး ပုရွက်ဆိတ်တွေတက်လို့ပေါ့။ ကောင်လေးဟာ ပုရွက်ဆိတ်တွေကို ခါချပြီး သစ်ပင်ရိပ်တစ်ခုမှာထိုင်ရင်း စာရွက်
လေးကိုဖတ်ပါတယ်။စာရွက်လေးမှာရေးထားတဲ့စာက အောင်မြင်အောင်ရေးဆောင်းပါးတစ်ပုဒ်ထဲက စာအပိုင်းအစလေး တခုက ကောင်
လေးကို ဆွဲဆောင်ခဲ့ပါတယ်။အဲ့စာလေး တစ်ကြောင်းကတော့..လယ်ကွင်းထဲမှာ ပုစွန်လုံးနှိုက်နေတဲ့ခလေးတစ်ယောက် ဟာ တစ်နေ့ နိုင်ငံ့
ခေါင်း ဆောင် မဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ဆိုတဲ့စာကြောင်းလေးပါ။အဲ့ဒီစာကြောင်းလေးဖတ်ပြီးနောက် ကောင်လေးဟာ
စိတ်ဓာတ်တွေ တက်ကြွလာပါတယ်။ပုစွန်လုံးနှိုက်တဲ့ သူကတောင် နိုင်ငံခေါင်းဆောင်ဖြစ်နိုင်ရင် ငါကဘာလို့သူဋ္ဌေးကြီးမဖြစ်နိုင်ရမှာ
လဲဆိုတဲ့အတွေးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး မြို့ကိုတက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဆင်းရဲလှတဲ့ မိခင်ဖြစ်သူကိုလည်း ဒီလိုမှာခဲ့သေးပါတယ်..ဒီ
အချိန်မှာ အမေဆင်းရဲနေလို့ ပန်ကန်ပြားမပါပဲ ဖက်နဲ့ထမင်းစားရရင်တောင် အားမငယ်ပါနဲ့..တစ်နေ့ သားချမ်းသာလာတဲ့အခါ အမေကို
ရွေပန်းကန်နဲ့ ကျွေးပါ့မယ်လို့ ပြောပြီး မြို့ကိုတက်လာခဲ့တယ်။
လက်ထဲမှာတော့ မိခင်ပေးလိုက်တဲ့ ငွေ ၃၅ကျပ်ပါလာခဲ့ပါတယ်..။အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ပညာရပ်တစ်ခုခု သင်ထားမှဖြစ်
မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ထက်နားလည် တက်ကျွမ်းတဲ့သူတွေကိုချဉ်းကပ်ပြီး အကြံဉာဏ်တောင်းခဲ့တယ်။ဒီလိုနဲ့ပဲ အရမ်းအဖိုးတန်တဲ့
အကြံကောင်းတစ်ခု ဆရာသမားတစ်ယောက်ဆီကနေ ရလိုက်တယ် ။အဲ့ဒါကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့ လူတစ်ယောက်ဟာ
ကိုယ် ပိုင်လုပ်ငန်း ထူထောင်နိုင်မယ့် အတက်ပညာရပ်တစ်ခုခုကို သင်ယူရမယ် ဆိုတဲ့ အကြံဉာဏ်ပါ။ဒီလိုနဲ့ကောင်လေးဟာ ကားဝပ်ရှော့
စ် တစ်ခုမှာစက်ပြင်ပညာ သင်ကြားခွင့်ရဖို့အတွက် ကြိုးစားခဲ့တယ်။ ဝပ်ရှော့စ်ဆရာက ကောင်လေးရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး
ပင်ပန်းတဲ့စက်ပြင်ပညာကို ကြာရှည်လုပ်နိုင်မယ် မထင်တဲ့အတွက်အလုပ်မခန့်ခဲ့ပါဘူး။ဒါပေမယ့်ကောင်လေးဟာဘယ်လောက်ပဲ ပင်ပန်း
ပါစေ သူလုပ်နိုင်တယ် ဖြစ်ကြောင်းနဲ့ စက်ပြင်ပညာကိုလည်းဆယ်နှစ်ကြာတဲ့အထိ သင်ယူလေ့လာမယ် ဖြစ်ကြောင်းကို ရဲရဲဝင့်ဝင့် ပြောခဲ့
ပါတယ်။ကောင်လေးရည်ရွယ်ထားတာက သူ့အသက်၁၅နှစ်မှာ စက်ပြင်ပညာကို စတင်သင်ကြားပြီး အသက်၂၅မှစ်မှာ ကိုယ်ပိုင်ဝပ်ရှော့စ်
တစ်ခုကိုထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်းအခုလိုကတိပေးလိုက်တာဖြစ်တယ်။ကောင်လေးရဲ့ကတိစကားကိုစက်ပြင်ဆရာ
ကလည်း လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ စက်ပြင်ပညာကို သင်ကြားရင်း ၉နှစ်ကျော်အကြာ သူ့အသက် ၂၄နှစ်အရွယ်မှာ ဆရာ့ဆီကခွဲထွက်
ပြီး ကိုယ်ပိုင်ဝပ်ရှော့စ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ဇွဲကောင်းသလို တီထွင်ဉာဏ်ပါကောင်းတဲ့လူငယ်မှာဝပ်ရှော့စ်လုပ်ငန်းကနေမီးစက်
တွေ ၊ကားတွေကိုပါ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ အဆင့်ဆင့် တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပြီး..နောက်ဆုံးမှာတော့ သူဖြစ်ချင်ခဲ့တဲ့
သူဋ္ဌေး ကြီး တစ်ဦးဖြစ်လာခဲ့ပါပြီ ။သူ့ရဲ့ကတိစကားအတိုင်းပဲ မိခင်ဖြစ်သူကိုလည်း ရွှေပန်းကန် ၊ရွှေဇွန်းနဲ့လည်း ထမင်းကျွေးနိုင် ခဲ့ပါ
တယ်။ဒီဇာတ်လမ်းလေး ကတော့ ပုံပြင်မဟုတ်ခဲ့ပါဘူး။ဒါကတော့ UD လုပ်ငန်းစုရဲ့တည်ထောင်သူ ဦးခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်
ကြောင်းပဲဖြစ်ပါတယ်။ မန္တလာသူ မန္တလာသား တွေကတော့ သိလောက်မှာပါနော်..။
မူရင်း-Credit


