အချို့သောလူများဟာအကြောင်းအမျိုးမျိုးကြောင့်၊ပိုက်ဆံကိုလျှို့ဝှက်စွာစုဆောင်းကြရတဲ့အခိုက်တန့်လေးတွေလဲရှိတတ်ကြပါတယ်။အထူးသဖြင့်အိမ်ထောင်သည်အမျိုးသားများဟာ၊
ဇနီးသည်မမြင်အောင်ပိုက်ဆံကိုထူးဆန်းတဲ့နေရာတွေမှာစုတတ်ကြတာကိုတွေ့ဖူးကြမယ်ထင်ပါတယ်။ထို့ကြောင့်..ယခုတစ်ခေါက်မှာလဲထိုင်းနိုင်ငံက tik tok video တစ်ခုမှာပျံ့နှံ့ခဲ့တဲ့
အိမ်ထောင်သည်အမျိုးသားတစ်ဦးဟာ၊၎င်းရဲ့အိမ်ရှိစားပွဲခုံထောက်တိုင်အတွင်းထဲမှာဖွက်ထားတဲ့ပိုက်ဆံတွေကို ပျော်ရွှင်စွာထုတ်ပီးရေတွက်နေခဲ့တဲ့ video ဟာ netizen များကိုအားကျစေခဲ့ပါတယ်။
ထိုအမျိုးသားအနေနဲ့ပိုက်ဆံတွေကိုဇနီးသည်မသိအောင်(2)နှစ်ကြာသည်ထိစုဆောင်းခဲ့တာဖြစ်ပီး၊ယခုချိန်မှာတော့၎င်းလိုချင်တဲ့ I Phone ဝယ်ဖို့ငွေပမာဏရလောက်ပီမို့၊ထုတ်ရေခဲ့ချိန်မှာမှဇနီးဖြစ်သူသိရှိရတာဖြစ်တယ်လို့ဆိုပါတယ်။
များပြားလှတဲ့ပိုက်ဆံပမာဏကြောင့်ဇနီးဖြစ်သူကစိတ်မဆိုးတဲ့အပြင်ပြုံးပျော်နေခဲ့ပီးနောက်၊ခင်ပွန်းဖြစ်သူကလျှို့ဝှက်စုဆောင်းထားတဲ့ပိုက်ဆံနဲ့၊ဇနီးဖြစ်သူနဲ့၎င်းကိုင်ဖို့ I Phone နှစ်လုံးကိုဝယ်ယူခဲ့တာကြောင့်၊ဇနီးဖြစ်သူပါးစပ်မစိနိုင်အောင်ပျော်ရွှင်ခဲ့ရပါတယ်
ထိုအမျိုးသားရဲ့လုပ်ရပ်ကတော့၊အမျိုးသားထုကြီးကိုအားကျစေခဲ့ရတယ်ဆိုတဲ့မန့်အများအပြားလဲရရှိခဲ့ပါသေးတယ်။
Ever online;
Zawgyi
ဇနီးဖြစ်သူမသိအောင်စားပွဲခုံခြေထောက်တိုင်ထဲမှာဖွက်ထားတဲ့ပိုက်ဆံနဲ့ I Phone (2)လုံးဝယ်ယူခဲ့တဲ့အမျိုးသား
Ever online;