Knowledge

“ဗျိုင်းတို့မှာ အဖိုဟူ၍ မရှိ အားလုံး အမတွေချည်းသာ” ဒါဆိုဘယ်လိုကြောင့် “ဥ” ဥနိုင်ရတာလဲ? ( စိတ်ဝင်စားစရာလေးမို့ ဖတ်ကြည့်နော် )

“ဗျိုင်းတို့မှာ အဖိုဟူ၍ မရှိ အားလုံး အမတွေချည်းသာ” ဒါဆိုဘယ်လိုကြောင့် “ဥ” ဥနိုင်ရတာလဲ? ( စိတ်ဝင်စားစရာလေးမို့ ဖတ်ကြည့်နော် )

လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီ ရှိတတ်ကြပါတယ်၊ ဒါပေမဲ့ဗျိုင်းတို့မှာတော့ကား အဖိုဟူ၍မရှိ အားလုံး အမ-တွေချည်းသာ ဖြစ်ပါတယ်။

ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် ဥ ဥနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်း ရှိပါတယ်။

အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြရပါတယ်၊ ဗျိုင်းတင် မဟုတ်ပါ ။

ကြက်မတွေလဲ ရံဖန် ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်၀န် ယူတတ်ကြပါတယ်။

နောက်ပြီး အချို့သောနွားမများဟာလည်း နွားလားဥသဘ၏ ။ အသံကိုသာယာပြီး ကိုယ်၀န်ယူတတ်ကြပါတယ်၊ အဲဒီအကြောင်းကိုကျမ်းဂန်မှာဒီလိုဆိုထားပါတယ်။

ဗလာကာသု ပန ပုရိသော နာမ နတ္တိ၊ တာ ဥတုသမယေ မေဃသဒ္ဒံ သုတွာ ဂဗ္ဘံ ဂဏှန္တိ။ ကုက္ကုဋိယောပိ ကဒါစိ ဧကဿ ကုက္ကဋဿ သဒ္ဒံ သုတွာ ဗဟုကာပိ ဂဗ္ဘံ ဂဏှန္တိ၊ တထာ ပိ ဂါဝီ ဥသဘဿ= ဟုဆိုပါတယ် အဓိပ္ပါယ်ကတော့ အထက်က ဆိုခဲ့တဲ့ အတိုင်းပါပဲ။

ကိုယ်၀န်တည်ခြင်းဟာများသောအားဖြင့်ကာမကိစ္စနဲ့ကိုယ်၀န်တည်တတ်ကြသော်လည်းအချို့ အချို့တွေမှာကိုယ်လက်နှီးနှောခြင်းစသောအခြားသော အကြောင်း (၇) မျိုးနှင့် ကိုယ်၀န်ယူတတ်တာလည်း ရှိကြပါသေးသည်၊။

စာရှည်မှာစိုးလို့ အဲဒီ (၇) မျိုးအနက် ရုပ်ကိုမြင်မိ၍ ကိုယ်၀န်တည်ခြင်း၊ အသံကိုကြားမိ၍ ကိုယ်၀န်တည်ခြင်းနှင့် အနံ့ကို ရှုမိ၍ ကိုယ်၀န်တည်ခြင်း (၃)မျိုးလောက်သာ ပြောပြချင်ပါတယ်။

အသံကိုကြား၍ ကိုယ်၀န်တည်ခြင်းကတော့ပြောပြီးပါပြီ၊အဲဒီမှာအနည်းငယ် ဗဟုသုတအဖြစ် ပြောရမယ်ဆိုရင် တခါက ကြက်မွေးမြူရေးခြံတစ်ခြံမှကြက်ဥများသည် အလွန်သေးငယ်သော ကြက်ဥတွေချည်း ဥ-သည်ဟုဆိုသည်၊

အဘယ့်ကြောင့် ကြက်ဥတွေ အရမ်းသေးနေကြပါသလဲလို့ အမျိုးမျိုးကြံဆတွေးတောပြီးနောက်ဆုံးမှ အဖြေတွေ့သည်ဟု ဆိုပါသည်။

ထို ကြက်ခြံ၏အနီး အိမ်တစ်အိမ်မှာ တိန်ညင် ကြက်ဖများ ရှိသည်ဟုဆို၏၊

ထိုတိန်ညင် ကြက်ဖလေးတွေရဲ့ ချိုသာလွန်းတဲ့ တွန်သံကို သာယာပြီး ကြက်မတွေမှာ တိန်ညင် ကြက်ဥလေးတွေချည်း ဥကြတယ်လို့ဆိုပါတယ်။

(ဒါက အသံကြောင့် ကိုယ်၀န်တည်ခြင်းပါ)

တခါက ဘုရင့်သမီးတော်တစ်ယောက် ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခွင့်မရအောင် အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့ပါတယ်။

တစ်နေ့မှာ ထိုဘုရင့်သမီးတော်လေး ကိုယ်၀န်ရှိလာပါတယ်၊ ဘုရင်ကြီးလည်း ဒေါသထွက်၊ နန်းတော်တစ်ခုလုံး အုန်းအုန်းကြက်ကြက် ဖြစ်သွားလေတယ်။

ဘယ်အမျိုးသားနဲ့မှ ထိတွေ့ခြင်းမရှိပါပဲလျက် အဘယ့်ကြောင့်ကိုယ်၀န်ရနေပါသလဲ၊ ကိုယ်၀န်ရခြင်း အကြောင်းကို အမျိုးမျိုးလေ့လာကြပါတယ်။

နောက်ဆုံးတော့ ဘုရင့်သမီးတော်ရာသီဥတုလာပြီးစအချိန် ဘုရင့်ထံအခစား၀င်လာသော လက်မောင်းကြွက်သားများ တောင့်တင်းခိုင်မာသော စစ်သည်တော်တစ်ဦးကို မြင်လိုက်မိသဖြင့် စိတ်ထဲမှာ သာယာသွားသောကြောင့် ကိုယ်၀န်ရကြောင်း အဖြေတွေ့ခဲ့ရပါတယ်။

ဒီနေရာမှာ ဗဟုသုတအဖြစ် အခြားထူးခြားမှုတစ်ခု ပြောပြချင်ပါသေးတယ်

ကု လားလုံး၀မရှိသော ဒေသတစ်ခုမှာ အမျိုးသမီးတစ်ယောက် အသားမဲမဲ ကု လားလေးတစ်ယောက် မွေးလာတယ်လို့ဆိုပါတယ်

ဒီကိစ္စ တစ်ရွာလုံး တစ်နယ်လုံး အုန်းအုန်းကြက်ကြက် ဖြစ်သွားပါတယ်၊ ဒီအမျိုးသမီးဟာ ဘယ်မှခရီးထွက်သူမဟုတ်လို့ ကု လားတစ်ယောက်ယောက်ကြောင့် မဟုတ်ဖူးဆိုတာတော့ လုံးဝသေချာတယ်။

နောက်ဆုံးဗဟုသုတရှိတဲ့လူတစ်ယောက်ကသူ့အိပ်ခန်း၀င်ကြည့်လိုက်တော့မှ အဖြေတွေ့ရတယ်။အမျိုးသမီးအိပ်တဲ့ခြေရင်းက နံရံမှာသန်သန်မာမာ မဲတုန်းတုန်း ကု လားကြီးတစ်ယောက်ရဲ့ ပြက္ခဒိန်ချိပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထိုအမျိုးသမီးဟာ အိပ်ယာ၀င်တိုင်း ခြေရင်း နံရံမှာ ချိပ်ထားတဲ့ ကုလားကြီး ပုံ ကို အမြဲတွေ့မြင်နေရတာကြောင့် (အတွေးနဲ့သာယာပြီး) ဒီလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။

(ဒါဟာ ရုပ်ကိုမြင်၍ ကိုယ်၀န်ရခြင်း ဖြစ်ပါတယ်)

နွားမတွေဟာ ရံဖန်ရံခါ နွားလားဥသဘတို့၏ အနံ့ကို ရှုပြီး.. ကိုယ်၀န်ယူတတ်ကြတယ်လို့ ကျမ်းဂန်မှာဆိုထားပါတယ်။

(ဒါဟာ အနံ့ကိုရှု၍ ကိုယ်၀န်ရခြင်းဖြစ်ပါတယ်)

ဗျိုင်း-တွေကတော့ အထက်ကပြောခဲ့တဲ့အတိုင်း မိုးခြိမ်းသံကိုသာယာပြီး ကိုယ်၀န်ယူကြတာကို ဓမ္မာစရိယရဟန်းသံဃာတော်တွေကတော့သိပြီးဖြစ်ပါတယ်။ လူတွေအတွက် ဗဟုသုတရရန် ရေးသားလိုက်ခြင်းဖြစ်ပါတယ်၊ .

မိုးတွေရွာခါနီး မိုးခြိမ်းသံနှင့်အတူ တိမ်မဲညိုတွေ တလိပ်လိပ်တက်လာစဉ်မှာ ဗျိုင်းမများ ပျံသန်းပျော်မြူးနေကြတာကိုတော့ တွေ့ဘူးကြလိမ့်မယ်လို့ထင်ပါတယ်။

စာရှည်သွားမှာစိုးလို့ အခြားပဋိသန္ဓေနေခြင်းအကြောင်းတွေ မရေးတော့ပါ၊ ဗျိုင်း-ဆိုရာမှာ ဗျိုင်းအောက်ကို ဆိုလိုပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်Credit ပေးပါသည်။






























မူရင်းရေးသားသူအာေးလးစားစွာဖြင့်Credit ပေးပါသည်။