၂၀၀၉ ခုနှစ်တုန်းက ကျမဟာ ဆင်ရေယုန်တွေပေါက်ပြီး အိပ်ယာထဲမှာ ၁၀ ရက်ကျော် ဝမ်းလျားမှောက်ပြီး နေခဲ့ရဖူးပါတယ်။
ရောဂါ စဖြစ်ပုံလေးကို ပြောပြပေးပါမယ်။တစ်နေ့ တော့ ညာဖက် ခြေသလုံးမှာ အနီရောင် အကွက်လေး ပေါ်လာပါတယ်။သွားထိတော့ ယား စပ်စပ် ခံစားရပါတယ်။
ဘာမှ ဖြစ်မယ်လို့တော့ မထင်ခဲ့မိပါဘူး။ထိုနေ့ ညနေခင်းမှာပဲ အနီရောင် နောက်တစ်ကွက် ထပ်ထွက်လာခဲ့ပါတယ်။
နောက်တစ်နေ့ မနက် အိပ်ယာထတော့ ..ထိုနေရာက နာလို့ ငုံ့ကြည့်လိုက်တာကျမ ရုတ်တရက် သွေးပျက်သွားမိပါတယ်။
ထိုအနီကွက်နေရာက အရေပြားက ဩဇာသီး အခွံလို ဖောင်းကြွပြီး အဖုတွေမွစိ မွစိနဲ့ အသဲယားစရာ အတော်ကောင်းလှပါတယ်။
ချက်ချင်းပဲ ဆေးရုံကို ဖုန်းလှမ်းဆက်ပြီးအထူးကုဆရာဝန်ကြီးထံမှာ ပြဖို့Booking လှမ်းယူလိုက်ပါတယ်။ညနေကျတော့ ကျမ ဆရာဝန်ကြီးထံ သွားပြခဲ့ပါတယ်။
နေ့တွင်းချင်းမှာပင် ဩဇာသီးခွံလို ခြေသလုံး နောက်ဖက်မှာအကွက်တွေ ထပ်ပွားလို့နေပါပြီ..။
ဆရာဝန်ကြီးက ရေယုန်လို့ပြောပါတယ်။သောက်ဆေး လိမ်းဆေးပေးပြီး၃ ရက်နေတော့ ပြန်ချိန်းပါတယ်။
ထို ၃ ရက်အတွင်းမှာပင် ပိုးသတ်ဆေးတွေ သောက်ပြီးဆေးသောက် ဆေးလိမ်းပါလျှက်ခြေသလုံး နောက်ဖက် တစ်ခုလုံး ရေယုန်တွေ ပွားလာလိုက်တာဆိုတာရွံရှာတတ်တဲ့ ကျမအတွက်တော့
ကိုယ့်ခြေသလုံး ကိုယ်ပြန်မကြည့်ရဲလောက်အောင်ပါပဲ။ဗြုတ်တွေထပြီး အရေကြည်ဖုတွေ ထနေတာပါ။
၃ ရက်ပြည့်တော့ ဆရာဝန်ကြီးဆီ ထပ်သွားပြပါတယ်။သောက်ဆေး လိမ်းဆေး ထပ်ပေးပါတယ်။
ထို ဆေးလိမ်း ဆေးသောက်နေတဲ့နောက် ၃ ရက်အတွင်းမှာပင် ပေါင် အနောက်ဖက် အပြည့်နီးပါးရေယုန်များ ထပ်ပွားနေပါပြီ။
ရေယုန်တွေ ထပ်ပွားတာမှ ဝုန်းခနဲ ဝုန်းခနဲ နဲ့ မျက်လှည့် ပြလိုက်သလိုပါပဲ။ညာဖက်တင်ပါး တစ်ခုလုံးကနေ ခါး အထိ ရစရာ မရှိအောင် ထပ်ပွားသွားခဲ့ပါပြီ။
ချည်သားလေးပင် မဝတ်နိုင်တော့လောက်အောင်ရေယုန် အနာတွေပေါက်နေတဲ့ အသားနေရာနဲ့ အဝတ်နဲ့ ထိတာနဲ့ကို အပ်ပေါင်းများစွာနဲ့
ဝိုင်းထိုးသလို စူးခနဲ စူးခနဲ ခံစားရပြီး နာခြင်း ဒုက္ခကို သောကကြီးစွာနဲ့ ခံစားနေခဲ့ရပြီး အိပ်ယာပေါ်မှာပဲ ဝမ်းလျားမှောက် နေခဲ့ရပါတယ်။
ဆေးရုံပင် မသွားနိုင်တော့တာမို့ အိမ်ကို ကြွတဲ့ ဆရာဝန်ပင့်ပြီး ထပ်ကုရပါတယ်။သို့ပေမယ့် မပျောက်ခဲ့ပါဘူး။ညာဖက် ခြေဖဝါးထိ ရေယုန်များ ထပ်ပွားပြီး
ရေချိုးခန်းဝင်ချိန်လေး လမ်းလျှောက်ရင်တောင် ဆူးပေါင်းများစွာနဲ့ ထိုးသလို ခံစားခဲ့ရပါတယ်။
ကျမအတွက်တော့မျှော်လင့်ချက် မဲ့ခဲ့တဲ့ နေ့ရက်တွေပါပဲ။မိဘတွေလည်း ဝေဒနာခံစားနေရတဲ့သမီးဖြစ်သူကို ကြည့်ရင်း ပူလောင်နေရပါတယ်။
ကျမ ကုပ္မဏီက ဝန်ထမ်းလေးကရေယုန်မန်းတဲ့ အန်တီကြီးကို ခေါ်မန်းဖို့ အကြံပေးပါတယ်။
သူ ဘယ်သူ့ကို မန်း မန်း ပျောက်တယ်တဲ့။ဒါတွေက ကျမ မလုပ်ဖူးခဲ့တဲ့ အရာတွေပါပဲ။သို့သော်လည်း ပျောက်လို ပျောက်ငြား
ရေယုန်မန်းတဲ့ အန်တီကို အိမ်ခေါ်ပြီးကျမ ရေယုန်များကို ရေမန်းနဲ့ မန်းခဲ့ပါတယ်။မပျောက်ခဲ့ပါဘူး။
ထိုအချိန်မှာ ကျမကို ချစ်တဲ့ အန်တီကြူဟာ နေမကောင်းတဲ့ ကျမကို လာကြည့်ပါတယ်..။ခါး မှ ခြေဖဝါးအထိ ရေယုန်တွေ ပွနေတဲ့ ကျမ
ထပင် မထိုင်နိုင်တော့ ဝမ်းလျားမှောက်လျက်နဲ့ပဲ စကားအနည်းငယ်သာ ပြောနိုင်ပါတော့တယ်..။
ကျမကို ကြည့်ပြီး သူအတော် စိတ်မကောင်း ဖြစ်ကာပြန်သွားပါတယ်။ထိုနေ့မှာပဲ အန်တီကြူ သံလျှင်သွားပြီးအန်တီကြူရဲ့ မောင် နဲ့ ယောက်မ အိမ်ကို သွားလည်ပါတယ်။ကျမ ရေယုန်တွေ ပေါက်ပြီး
အခြေအနေ မကောင်းတော့ကြောင်း ထိုအိမ်မှာ ပြောပြပါတယ်။ထိုအိမ်က အန်တီကြူ့ ယောက်မလေးရဲ့ အဖွားကရေယုန်မှန်ရင် ဆင်အံ နဲ့ ပျောက်ပါတယ်။
ငါသိမ်းထားတဲ့ ဆင်အံလေး ငှားပေးလိုက်ပါမယ်။သွေးလူးခိုင်းလိုက်ပါဆိုပြီ..းအဖွားသိမ်းထားတဲ့ ဆင်အံလေး ပေးလိုက်ပါတယ်။
ဆင်အံ ဆိုတာ ( ဆင်ရဲ့ အံသွား ) ပါ။အန်တီကြူ ဆင်အံလေး ယူပြီးကျမဆီ ပြန်ရောက်လာခဲ့ပါတယ်။သမီး ဒါလေး လူးလိုက်ပါတဲ့။
ရေယုန်မှန်ရင် ဆင်အံနိုင်တယ်လို့ ရှေးအဖွားက ပြောတဲ့ အကြောင်း ပြောပြီးကျမကို ဆင်အံလေး ပေးခဲ့ပါတယ်။
ဆင်အံလေးကို ကျမ ကြည့်ပြီး သွေးလူးရင် ကောင်း မကောင်း ကျမ စဉ်းစားပါတယ်။
အန်တီကြူ နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ အဖွားရဲ့ စေတနာ မေတ္တာကို ယုံကြည်ပေမယ့်ဘာရောဂါဖြစ်ဖြစ် အသေးအမွှားလေးက အစ
အထူးကုဆရာဝန်ကြီးတွေကိုသာ ပြလေ့ရှိတဲ့ ကျမ သူများ ပြောတိုင်း အလွယ်တကူ မယုံတတ်ပဲလက်တွေ့ကျမှ ယုံတတ်တဲ့ကျမ
ခေတ်ပညာတတ် လူငယ်တစ်ဦးဖြစ်တဲ့ကျမ အတွက်တော့တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဆင် ရဲ့ အံသွားကို
သွေးလူးဖို့ ဆိုတာ စိန်ခေါ်မှု့ တစ်ခုပါပဲ။
သွေးလူးခဲ့ရင် ပိုးဝင်ပြီး ရောဂါတွေများ ပိုဆိုးသွားမလားဆိုတဲ့အတွေးများနဲ့လည်း ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့..
ရေနစ်နေတဲ့သူအတွက် ကောက်ရိုးလေးတစ်မျှင်တောင်အားကိုးရာ ဖြစ်နိုင်တယ် ဆိုသလိုပဲဆင်အံလေးကို သွေးလူးဖို့ ကျမ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါနဲ့ပဲ ဆင်အံလေးကို သွေးပြီး ရေယုန်အနာများပေါ်ကြီးတော်ကြီး လူပေးခဲ့ပါတယ်။
ထိုအချိန် ဘုရား ဘုရား နဲ့ ကျမ ဘုရား တ မိနေပါတယ်။သွေးထားတဲ့ ဆင်အံ အနှစ်လေးရဲ့အရောင်ကဆင်စွယ်ရောင်လေးရယ်ပါ။
ဆင်အံ နဲ့ ဆင်ရေယုန် ထိပြီးသိပ်မကြာပါဘူး။
ကျူ့ ကျူ့ ကျူ့ ကျူ့ နဲ့ ရေယုန်ကို စွဲစုပ်သလို ခံစားရပါတယ်။စိတ်က ကြောက်မိပြီးတော့ငါ ရေ ထဆေးရင် ကောင်းမလားလို့
စဉ်းစားမိပါသေးတယ်။ဆရာဝန်ကြီး ကုတာတောင် မပျောက်တာ ဆိုတော့ဘာမှ မထူးပါဘူ..း။
တစ်ရက်လောက် စမ်းကြည့်လိုက်ပါမယ်ဆိုပြီးခါး တင်ပါး ပေါင် ခြေသလုံး ခြေဖဝါး ညာဖက် အနောက် တစ်ခြမ်းလုံး..
( ခါးမှ ခြေဖဝါးအထိ )ရေယုန် အနာရှိရာနေရာ အကုန်လူးလိုက်ပါတယ်။
နောက်တစ်နေ့မနက် အိပ်ယာနိုးလေတော့ရေယုန်တွေကို ငုံ့ကြည့်မိပါတယ်။ဘုရား ဘုရား ဝ မ်း သာစရာပါလား..။ရေယုန်တွေ ချပ်စ ပြုနေပါပေါ့။
မျှော်လင့်ချက်ရှိတဲ့ အသံလေးနဲ့ကျမ အသံပြောင်းသွားခဲ့ပါတယ်။ဆင်အံလေး သွေးပေးကြပါ။ဆင်အံလေး လူးမယ်လို့
အိမ်သားတွေကို ကျမ ပြောခဲ့ပါတယ်..။
ဒါနဲ့ပဲ ဆင်အံလေး တစ်နေ့ ၃ ကြိမ် သွေးလူးခဲ့တာဆင်ရေယုန်တွေ အားလုံး ပျောက်သွားခဲ့ပါတော့တယ်။တစ်ပတ်ကြာမှာတော့ပကတိ အသားအတိုင်းပဲ ရှိပါတော့တယ်။
အမာရွတ်ပင် မကျန်တော့ပါဘူး။နေပြန်ကောင်းလာတော့အဖွား ဆင်အံလေး ပြန်ပေးပြီးအဖွားကို သွားကန်တော့ခဲ့ပါတယ်။
ဒီလောက်ဆေးစွမ်းထက်တဲ့ ဆင်အံကိုလည်းရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။နောက်တော့ ကြီးတော်က ပြောပြပါတယ်။သမီး မင်းလှက အဖိုး နဲ့ အဖွား ဆုံးတော့
အိမ်မှာ ဆင်အံတုံးလေး ၂ တုံး ကျန်ခဲ့တယ်။အဲဒီ့ ဆင်အံလေးက ဂျပန်ခေတ်ထဲကတဲ့။ဒါနဲ့ပဲ ကြီးဒေါ်ကို မင်းလှ အိမ်ပြန်ပီးဆင်အံလေး ၂ တုံးကို ပြန်ယူခိုင်းခဲ့ပါတယ်။
( ၁၅ ကျပ်သားခန့် ၂ တုံးပါ )
နောက်ထပ်လဲ ထပ်ရှာခဲ့တာ၁ ပိဿာ ကျော်ရှိတဲ့ ဆင်အံသွား တစ်ခုလုံး ထပ်ရခဲ့ပါတယ်။ရေယုန်နာပေါက်တဲ့သူ အတော်များများကိုလည်း
ဆင်အံသွေးလူးစေခဲ့ပြီးရေယုန်နာတွေ ပျောက်ကင်းစေခဲ့ပြီးပါပြီ..။ကျောက်ပြင် အကြီးကြီးမှာ ကိုယ်တိုင်သွေးယူပြီးဗူးလေးနဲ့ ထည့်ယူသွားစေတာပါ။
နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ကအစဘယ် ရေယုန်မဆို ဆင်အံ သွေးလူးလို့ရပါတယ်။
Credit to Original Writer