Knowledge

ကော်ဖီကို သောက်တာအပြင် အိမ်မှာအသုံးပြုနိုင်တဲ့ အခြားနည်းလမ်း (၆) မျိုး

ေကာ္ဖီက အိမ္တိုင္းအိမ္တိုင္းမွာ အျမဲတမ္းေနရာယူထားတတ္ပါတယ္..။ ေကာ္ဖီႀကိဳက္တတ္သူအဖို႔ မနက္ခင္းမွာ ေကာ္ဖီမေသာက္ရရင္ တစ္ေန႔တာက မျပည့္စုံသလိုျဖစ္ေနမွာပါ..။ ေကာ္ဖီက အိမ္က အျခားေနရာေတြမွာလည္း အသုံးဝင္ပါေသးတယ္။

၁။ အနံ့အသက္ဆိုးေတြကို ဖယ္ရွားေပးျခင္း

ေကာ္ဖီမႈန႔္ေလးေတြကို ဘူးတစ္လုံးထဲမွာ ထည့္ထားၿပီး အနံ့အသက္ဆိုးေတြ ရွိတဲ့ေနရာမွာ ဘူးအဖုံးဖြင့္ထားေပးပါတယ္။ ေကာ္ဖီမႈန႔္က အနံ့အသက္ဆိုးေတြကို စုပ္ယူေပးပါတယ္။ စဥ္းတီတုံးမွာ အနံ့အသက္ဆိုးေတြေပ်ာက္ေအာင္လို႔ ေကာ္ဖီမႈန႔္နဲ႔ ပြတ္တိုက္ေပးလို႔ရပါတယ္။

၂။ ညစ္ပတ္ေနတဲ့အိုးကို သန႔္ရွင္းေပးျခင္း

ခ်ိဳးေတြကပ္ေနတဲ့ ဒယ္အိုးေတြကို ေဆးရခက္ေနတဲ့အခါ ေကာ္ဖီမႈန႔္အနည္းငယ္ျဖဴးၿပီ..း ေဆးေၾကာလိုက္ပါ။ ဖယ္ရွားရခက္တဲ့ခ်ိဳးေတြက အလြယ္တကူေျပာင္စင္သြားပါတယ္..။

၃။ သစ္သားပရိေဘာဂပစၥည္းေတြေပၚက ျခစ္ရာေတြကို ဖယ္ရွားေပးျခင္း

ေကာ္ဖီမႈန႔္နဲ႔ ေရအနည္းငယ္ကို ေရာၿပီး ပ်စ္လာတဲ့အထိေမႊပါ။ အဲဒီေနာက္ ျခစ္ရာေတြရွိေနတဲ့သစ္သားပရိေဘာဂပစၥည္းေတြေပၚကို ေကာ္ဖီအႏွစ္နဲ႔ ပြတ္တိုက္ေပးပါ။ ၁၀ မိနစ္ခန႔္ၾကာထားၿပီးေနာက္ အဝတ္စနဲ႔သန႔္ရွင္းေရးလုပ္လိုက္လို႔ရပါၿပီ။

၄။ အသားေတြကို ႏူးညံ့ေစျခင္း

အသားေပၚမွာ ေကာ္ဖီမႈန႔္ကို စိမ့္ဝင္သြားေအာင္ နယ္ေပးၿပီး ၂ နာရီခန႔္ႏွပ္ထားေပးပါ။ ေကာ္ဖီနဲ႔ႏွပ္ၿပီး ေၾကာ္တဲ့အသားက ႂကြပ္ႂကြပ္ရြရြနဲ႔ အရသာရွိသလို ခ်က္တဲ့အခါမွာလည္း အသားက ႏူးညံ့သြားပါတယ္။

၅။ ပန္းေတြကို ၾကာရွည္လန္းဆန္းေစျခင္း

ေရ ခြက္ရဲ့ ၄ ပုံ ၃ ပုံနဲ႔ ေကာ္ဖီ ခြက္ရဲ့ ၄ ပုံ ၁ ပုံခန႔္ ေရာေမႊပါ။ ေရာေမႊၿပီးေနာက္ ပန္းအိုးထဲကို ေျပာင္းၿပီး ထည့္လိုက္ပါ။ ေကာ္ဖီက ပန္းေတြကို ၾကာရွည္လန္းဆန္းေနေစပါတယ္။ ခဏအတြင္း မညိဳးႏြမ္းေစေတာ့ပါဘူး။

၆။ ျခင္မလာေအာင္ ကာကြယ္ေပးျခင္း

လတ္ဆတ္တဲ့ေကာ္ဖီမႈန႔္ကို ပန္းကန္ျပားတစ္ခ်ပ္မွာ ထည့္ထားပါ။ ေကာ္ဖီမႈန႔္ထဲကို မီးျခစ္ဆံအနည္းငယ္ထည့္ၿပီး မီးညႇိလိုက္ပါ။ မီးက ေကာ္ဖီမႈန႔္ေတြဆီကို တျဖည္းျဖည္း ကူးသြားပါတယ္။

ေကာ္ဖီမႈန႔္ရဲ့ရနံ့ေၾကာင့္ ျခင္ေတြက မလာေတာ့ပါဘူ..း။ တစ္ခန္းလုံးက အနံ့အသက္ဆိုးေတြကိုလည္း ေကာ္ဖီမႈန႔္က စုပ္ယူၿပီးသားျဖစ္ေစပါတယ္။

Credit to Original Writer

Zombie (lovemedia)

ကော်ဖီက အိမ်တိုင်းအိမ်တိုင်းမှာ အမြဲတမ်းနေရာယူထားတတ်ပါတယ်..။ ကော်ဖီကြိုက်တတ်သူအဖို့ မနက်ခင်းမှာ ကော်ဖီမသောက်ရရင် တစ်နေ့တာက မပြည့်စုံသလိုဖြစ်နေမှာပါ။ ကော်ဖီက အိမ်က အခြားနေရာတွေမှာလည်း အသုံးဝင်ပါသေးတယ်။

၁။ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီမှုန့်လေးတွေကို ဘူးတစ်လုံးထဲမှာ ထည့်ထားပြီး အနံ့အသက်ဆိုးတွေ ရှိတဲ့နေရာမှာ ဘူးအဖုံးဖွင့်ထားပေးပါတယ်။ ကော်ဖီမှုန့်က အနံ့အသက်ဆိုးတွေကို စုပ်ယူပေးပါတယ်။ စဉ်းတီတုံးမှာ အနံ့အသက်ဆိုးတွေပျောက်အောင်လို့ ကော်ဖီမှုန့်နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။

၂။ ညစ်ပတ်နေတဲ့အိုးကို သန့်ရှင်းပေးခြင်း

ချိုးတွေကပ်နေတဲ့ ဒယ်အိုးတွေကို ဆေးရခက်နေတဲ့အခါ ကော်ဖီမှုန့်အနည်းငယ်ဖြူးပြီး ဆေးကြောလိုက်ပါ။ ဖယ်ရှားရခက်တဲ့ချိုးတွေက အလွယ်တကူပြောင်စင်သွားပါတယ်။

၃။ သစ်သားပရိဘောဂပစ္စည်းတွေပေါ်က ခြစ်ရာတွေကို ဖယ်ရှားပေးခြင်း

ကော်ဖီမှုန့်နဲ့ ရေအနည်းငယ်ကို ရောပြီး ပျစ်လာတဲ့အထိမွှေပါ။ အဲဒီနောက် ခြစ်ရာတွေရှိနေတဲ့သစ်သားပရိဘောဂပစ္စည်းတွေပေါ်ကို ကော်ဖီအနှစ်နဲ့ ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့်ကြာထားပြီးနောက် အဝတ်စနဲ့သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

၄။ အသားတွေကို နူးညံ့စေခြင်း

အသားပေါ်မှာ ကော်ဖီမှုန့်ကို စိမ့်ဝင်သွားအောင် နယ်ပေးပြီး ၂ နာရီခန့်နှပ်ထားပေးပါ။ ကော်ဖီနဲ့နှပ်ပြီး ကြော်တဲ့အသားက ကြွပ်ကြွပ်ရွရွနဲ့.. အရသာရှိသလို ချက်တဲ့အခါမှာလည်း အသားက နူးညံ့သွားပါတယ်။

၅။ ပန်းတွေကို ကြာရှည်လန်းဆန်းစေခြင်း

ရေ ခွက်ရဲ့ ၄ ပုံ ၃ ပုံနဲ့ ကော်ဖီ ခွက်ရဲ့ ၄ ပုံ ၁ ပုံခန့် ရောမွှေပါ။ ရောမွှေပြီးနောက် ပန်းအိုးထဲကို ပြောင်းပြီး ထည့်လိုက်ပါ။ ကော်ဖီက ပန်းတွေကို ကြာရှည်လန်းဆန်းနေစေပါတယ်။ ခဏအတွင်း မညိုးနွမ်းစေတော့ပါဘူး။

၆။ ခြင်မလာအောင် ကာကွယ်ပေးခြင်း

လတ်ဆတ်တဲ့ကော်ဖီမှုန့်ကို ပန်းကန်ပြားတစ်ချပ်မှာ ထည့်ထားပါ။ ကော်ဖီမှုန့်ထဲကို မီးခြစ်ဆံအနည်းငယ်ထည့်ပြီး မီးညှိလိုက်ပါ။ မီးက ကော်ဖီမှုန့်တွေဆီကို တဖြည်းဖြည်း ကူးသွားပါတယ်။

ကော်ဖီမှုန့်ရဲ့ရနံ့ကြောင့် ခြင်တွေက မလာတော့ပါဘူး။ တစ်ခန်းလုံးက အနံ့အသက်ဆိုးတွေကိုလည်း ကော်ဖီမှုန့်က စုပ်ယူပြီးသားဖြစ်စေပါတယ်..။

Zombie (lovemedia)

Credit to Original Writer