နှင်းဆီပျိုးပင်သွားဝယ်စရာမလိုဘဲ ကိုင်းချိုးပြီးအလွယ်တကူ စိုက်ပျိုးနည်း နှင့် ပြုစုနည်း
နှင်းဆီကို ဖြတ်ထားတဲ့ကိုင်းကနေ ကူးစိုက်မယ်ဆိုရင် မြေကြီးထဲဖြစ်ဖြစ်၊ အာလူးထဲဖြစ်ဖြစ် ထိုးစိုက်လို့ ရပါတယ် အာလူးထဲ ထိုးသော် အာလူးကို မြေချမစိုက်ပါနဲ့နှင်းဆီပင် ရှင် မရှင် မသေချာပေမယ့်အာလူးခင်းတော့ သေချာပေါက်ရသွားပါလိမ့်မယ်
အာလူးထဲ အသာလေး ထိုးပြီးအာလူးရိလာ နှင်းဆီအမြစ်တွယ်လာဟန် ရှိကာမှ အာလူးကို အသာလေး ဖယ်ပြီး နှင်းဆီချည်း စိုက်ပါ ကိုင်းကို တစ်ပေပတ်လည်လောက်ပဲ ဖြတ်ထားပါ အပေါ်က ခေါင်ညွှန့်ကို လက်လေးလုံးစာလောက်ဖြတ်ပါ ။
အောက် ခြေအရွက်တွေကို လုံးဝခြွေပစ်ပါအလယ်က အရွက်တွေကို အလယ်က တဝက်ညှပ်ပစ်ပါအပင်ပိုကြီးမြန်ပါတယ် အခုချိန်ကသစ်ပင်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်မို့ လှပတဲ့ပန်းပင် သစ်ပင်များနဲ့အေးချမ်းပျော်ရွှင်နိုင်ပါစေဗျာ..။
How to grow branched roses without seedlings.
နှင်းဆီ ပြု စုနည်း
နှင်းဆီပန်းဟာ မြင်သူတကာ စွဲမက်ဖွယ်ရှိသလောက် နှင်းဆီပင်တွေမှာလဲ ရောဂါဘယမျိုးစုံ ရှိတတ်ကြပါတယ်။ ဒီအတွက် နှင်းဆီပင်တွေကို ပြုစုပေးဖို့ လိုပါမယ် ။
နှင်းဆီမှာ ကျရောက်တတ်တဲ့ ရောဂါတွေအနက် နှင်းဆီပင် အကိုင်းတွေ မည်းပြီး သေတတ်တာ၊ နှင်းဆီရွက်တွေမှာ ပိုးစားပြီး အပေါက်တွေဖြစ်တာ၊ နှင်းဆီအရွက် အောက်ဘက်မှာ ပိုးမည်းမည်းလေးတွေ ကပ်နေတာ၊ နှင်းဆီကိုင်းတွေ ညိုပြီး အရွက်တွေ ဝါလာတာ၊ နှင်းဆီအဖူးတွေ ခြောက်တာ၊ နှင်းဆီဖူးတွေ ပွင့်မလာတာ၊ စုံလို့ စုံလို့ပါပဲ
နှင်းဆီကို ပြုစုနှိမ်နင်းသမျှတွေထဲက လေ့လာသိရှိထားသလောက် ဖောက်သည်ချရမယ်ဆိုရင် နှင်းဆီပင် အကိုင်းတွေ မည်းလာတာဟာ ရိုးမည်းရောဂါ ကျရောက်တာဖြစ်ပြီး ဘော်နိုးဆေးရည်နဲ့ ကန့်မှုန့် ပက်ဖြူးပေးရင် ရပါတယ် ။
နှင်းဆီရွက်စားတာက နွားချေးပိုးအနွယ် ကျိုင်းကောင်အငယ်စားတွေကြောင့်ဖြစ်ပြီး အဲဒီပိုးဟာ ညအချိန်ရောက်မှသာ နှင်းဆီပင်တွေဆီ လာပြီး နှင်းဆီရွက်တွေကို ကိုက်ဝါးစားသောက်တတ်ပါတယ်
ညဘက်မှာ မီးနဲ့စောင့်ဖမ်းရင် အဲဒီပိုးတွေကို တွေ့ရမှာ ဖြစ်တယ်။ ပန်းပင်ရဲ့ အနီးအနားက အမှိုက်ပုံတွေ၊ ချုံတွေ၊ ပေါင်းမြက်တွေ အကြားမှာ ပိုးတွေ ပုန်းအောင်းနေတတ်တဲ့အတွက် ပိုးတွေ ပုန်းအောင်းစရာတွေ မရှိအောင် ရှင်းလင်းပစ်ရပါမယ်
ဆေးရွက်ကြီး ဆပ်ပြာရည်ထဲကို ရေနံဆီ အနံ့လေး ရရုံထည့်ပြီး ညနေ နေဝင်ခါနီးအချိန် နှင်းဆီပင်ကို ပက်ဖျန်းပေးရင် နှင်းဆီရွက်စားပိုးတွေ မလာတော့ပါဘူး နှင်းဆီအရွက်အောက်ဘက်မှာ တွယ်ကပ်နေတဲ့ ပိုးမည်းမည်းလေးတွေ တွယ်ကပ်နေတာကတော့ ပျပိုးတွေပဲ ဖြစ်ပါတယ် ။
အဲဒီပျပိုးတွေဟာ နှင်းဆီရွက်မှာ ကပ်နေပြီး အပင်က သစ်ရည်ကို စုပ်ယူစားသုံးတာကြောင့် အပင်အား တိတ်ပြီး အရွက်တွေ တွန့်လိမ်ခြောက်သွေ့လာပြီး အပင် ပျက်စီးသွားတတ်ပါတယ်
ပျပိုးတွေကို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တို့နဲ့ ပက်ဖျန်းပေးပါ။ နှင်းဆီကိုင်းတွေ ညိုလာတာကတော့ ပိုးစေးနှဲလို့ ခေါ်တဲ့ အမွေးဖြူလေးတွေ ဖုံးအုပ်နေတဲ့ ပိုးဖြူဖြူလေးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီပိုးရဲ့ အမွေးတွေကို ပွတ်လိုက်ရင် အနီရောင်ပေါ်လာပါတယ်
အဲဒီ ပိုးစေးနှဲဟာလဲ ပျပိုးလို နှင်းဆီပင်ရဲ့ သစ်ရည်ကို စုပ်ယူစားတတ်တာကြောင့် သစ်ရည်ခန်းပြီး ကြာရင် နှင်းဆီတပင်လုံး သေဆုံးတတ်ပါတယ်။အော်ဘိုနီယံဆေးနဲ့ ပက်ဖျန်းနှိမ်နင်းနိုင်ပြီး အဲဒီဆေးမရှိရင် ဆေးရွက်ကြီးကို (၂၄)နာရီ ရေစိမ်ပြီး ပက်ပေးပါ
ပိုးတွေကို သွားပွတ်တံနဲ့ ပွတ်ပေးပါ။ နှင်းဆီအဖူး ခြောက်တာဟာ နှင်းဆီ ပွင့်ကာနီး ဓာတ်မြေသြဇာ ထည့်ပေးမိရင်၊ အမြစ် အားမရှိရင်၊ ရေများလွန်းရင် ဒါမှမဟုတ် စိမ့်ဆွဲနေရင်လဲ နှင်းဆီဖူး ခြောက်တတ်ပါတယ် ။
တစ်ခါ နှင်းဆီဖူး ရိုးတံတစ်လျှောက် ပျပိုးတွေ ကျရောက်စွဲကပ်ပြီး ယင်းရိုးတံက သစ်ရည်ကို စုပ်ယူတတ်တာကြောင့် နှင်းဆီဖူးတွေ ပွင့်မလာတော့ဘဲ ခြောက်ပြီး ကြွေကျသွားတာ ဖြစ်နိုင်ပါတယ်။ပျပိုးနှိမ်နင်းသလို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တွေနဲ့ ပျက်ဖျန်း နှိမ်နင်းနိုင်ပါတယ်
နှင်းဆီတွေ မပွင့်တဲ့အချက်က သုံးချက်လောက်ရှိပါတယ်။ ပထမ နိုင်ငံခြား နှင်းဆီမျိုးတွေက အေးတဲ့ဒေသတွေမှာသာ ပေါက်တဲ့မျိုးတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ကို ကောင်းကောင်း မခံနိုင်ဘဲ အခုလို အဖူးတွေ ပွင့်မလာတာ ဖြစ်ပါတယ် ။
နောက်တစ်ချက် နှင်းဆီတွေ မပွင့်တာဟာ ပြုစုမှု မကျွမ်းကျင်လို့ ဖြစ်ပါတယ်။ အပင်တွေ ပွင့်ဖူးစပြုတဲ့အချိန်မှာ နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာကို ထည့်ပေးလိုက်ရင် အကိုင်း အခက် အရွက်တွေမှာသာ အားတွေများလာပြီး အပွင့်အားလျော့သွားတာကြောင့် ပွင့်အာလာနိုင်ခြင်း မရှိတာကို တွေ့ရပါမယ် ။
စိုက်တဲ့မြေမှာ မီးစုတ်းဓာတ် ချို့တဲ့နေရင်လဲ နှင်းဆီတွေ မပွင့်ပါဘူး။ နောက်တစ်ချက်က နှင်းဆီပင်တွေပေါ် ပိုးမွှားရောဂါ၊အဓိက မှိုဖြူ ရောဂါကို ထိရောက်စွာမနှိမ်နင်းလို့လဲ နှင်းဆီတွေ ပွင့်မလာခြင်းပါ။ ကာကွယ်ပြုစုနည်းကတော့ နှင်းဆီအကိုင်းနုလေးတွေကို ဖြတ်ပစ်ပါ
အပင်ကို ဆားဖိနက်ဆေး ပက်ဖျန်းပါ။ ထုံးကန့်ဆေးရည်ဆိုလဲ ရပါတယ်။ဒါ့အပြင် ပုလဲဓာတ်မြေသြဇာ၊ မီးစုန်းဓာတ်မြေသြဇာ၊ (၁)ဆစီနဲ့ အရိုးမှုန့် ဓာတ်မြေသြဇာ (၂)ဆ ရောပြီး နှင်းဆီပင်တပင်ကို ဇွန်းကြီးတစ်ဇွန်းစီထည့်၊ ရေတဝလောင်းပေးပါ မကြာမီ နှင်းဆီတွေ ပွင့်လာပါတယ်။
ခရက္ဒစ္မူရင်း စိုက်ပျိုးရေး နည်းပညာ