မယုံနိုင်လောက်အောင် တစ်သက်လုံး မျက်မှန် လွတ်စေတဲ့အံ့သြဖွယ်ဆေးနည်း
“ ဆရာ မျက်မှန် မပါပဲ လမ်းတွေလျှောက်။ စာတွေဖတ်နဲ့ပါလား..။
“ကျွန်တော် မျက်စိမမှုန်တော့ဘူးဗျ
“လုပ်ပါဦး ဆေးနည်း ကောင်း
“ ခ ပေါင်း ရေ ကြည် အ ခေါက် ( ၁၀ ) ကျပ် သား လောက် ကို ထန်း လျက် ( ၃ ) လုံး ၊ ရေမတ် ခွက် ( ၉ ) ခွက် နဲ့ ရော ကျို ပြီး အ အေး ခံ တယ် ။
ပြီး မှ အ ရည် စစ် ယူ ပြီး ပု လင်း ထဲ ထည့် ထား တယ် ။
Amazing treatment to avoid wearing glasses for life.
နေ့ တိုင်း လက် ဖက် ရည် ပန်း ကန်တစ် လုံး စာ သောက် တယ် ။ ဆေး ကုန် ရင် နောက် တစ် ခါ စီ မံ ပြီး မ ပြတ် မှီ ဝဲ တယ် ။ ˝
နောက်တစ်နည်းလည်းလုပ်တယ်
“အဲ့ဒါ ဖန်းခါးသီး ကို အမှုန့်လုပ်ထားတာ။ တစ်ပတ် (၂) ကြိမ် ဖန်ခါးမှုန့်နဲ့ နနွင်းမှုန့်စစ်စစ်ကို ရေနဲ့ရောစပ်ပြီး ညအိပ်ချိန်ကွင်းပြီးအိပ်တာပဲ။
မျက်ရည် ပူကျတာ၊ မျက်စိအောင့်တာ၊ အမြင်ဝေဝါး မျက်စိမှုန် တာမဖြစ်တော့ ဘူး။˝
ခပေါင်းရေကြည်
ပင်လတ်မျိုးဖြစ်သည်။ အခေါက် မှာ မီးခိုရောင် ဖြစ်သည်။ အပွင့်သည် ဖြူ၍မွှွေးသည်။ အသီးသည် ဆီးဖြူသီးအရွယ်ရှိ၍ မှည့်လျှင်
သပြေရင့်ရောင်ဖြစ်ကာ အစေ့တစ်စေ့သာရှိသည်။ အရွက်မှာ ခပေါင်းရွက်နှင့် တူသော်လည်း ခပေါင်းရွက်ထက်များစွာသေးသည်။
ဂုဏ်နှင့်စွမ်းရည်တွင် မျက်စိ ကိုအကျိုးပြုပြီး မျက်စိ ရောဂါ ကို ပျောက်ကင်းစေကာ ရေကိုကြည်လင်စေတတ်သည်။
မျက်စိ သွေးခြေတည်
ခပေါင်းရေကြည်စေ့ ကို သွေး၍ မျက်စိကွင်းပေးလျှင် ထို ရောဂါ ပျောက်သည်..။ အခြားသော မျက်စိ နာဟူသမျှ ထိုနည်းအတိုင်းပြုလုပ်ပေးပါက ပျောက်ကင်းသည်။
မျက်စိမှုန်
ခပေါင်းရေကြည်စေ့ ကို သွေး၍ မျက်စိ ကွင်းပေးပါက မျက်စိ မှုန်ဝါးခြင်းကင်း၍ အမြင်သန်လာပါလိမ့်မည်။
မျက်စိ တိမ်သလာ
ယင်းအစေ့ကို ပျားရည်နှင့်သွေးကာ မျက်စိ အားကွင်းပေးပါက မျက်စိတိမ်သလာရောဂါ ပျောက်ကင်း၏။
ခပေါင်းရေကြည် နှင့်ပတ်သက်ပြီး အခြားပျောက်ကင်းစေသော ရောဂါများလည်း ရှိနေသေးပါသည် ။ အဓိက မျက်စိရောဂါကို ပျောက်ကင်းကြောင်း အရှင်နာဂသိန်ဆေးကျမ်းတွင် ညွှန်းဆိုသည်။
Credit – ယမင်း ဖြူ