Knowledge

လက်တလော တရုတ်စကားပွင့်ခြောက်များ ဈေးကောင်းရနေ

လက်တလော တရုတ်စကားပွင့်ခြောက်များ ဈေးကောင်းရနေ










credit to orginal

unicode

လက်တလော တရုတ်စကားပွင့်ခြောက်များ စျေးကောင်းရနေ

မန္တလေးဈေးကွက်အတွင်း မြို့နယ်အသီးသီးက ဝင်ရောက်လာတဲ့တရုတ်စံကားပွင့်ခြောက်တွေကို

တရုတ်ဝယ်လက်တွေက ရသလောက်ဝယ်ယူမှုရှိနေလို့ဈေးကောင်းရရှိနေတယ်လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တွေဆီကသိရပါတယ်။

တရုတ်စံကားပွင့်ခြောက်တွေက အခုနှစ်ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေပြီး

တစ်ပိဿာကို ကျပ် ၆၀၀၀ ထိရရှိနေပြီးဈေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့

မကွေးတိုင်းဒေသကြီးတို့မှတရုတ်စံကားပွင့်တွေ အများဆုံးဝင်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်စံကားပင်တွေကနေရာဒေသမရွေး ပေါက်ရောက်လေ့ရှိပြီး

ငါန်းဇွန်မြို့နယ်မှာ ဧက ၁၀၀ လောက် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့တယ်လို့သိရပါတယ်။

တရုတ်စကားပွင့်တွေက ရာသီမရွေးပွင့်လေ့ရှိပြီးဈေးကွက်ကို အလွယ်တကူရောင်းချနိုင်တဲ့အတွက်

လက်လုပ်လက်စားပြည်သူတွေအပိုဝင်ငွေရရှိနေလို့ စနစ်တကျဈေးကွက်တစ်ခုဖြစ်အောင်ဖော်ဆောင်သင့်တယ်လို့ကုန်သည်တွေကပြောပါတယ်။

credit to orginal