ရေနဲ့ဖန်ခွက်ပဲ ရှိရုံနဲ့ အိမ်ထဲမှာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ ပန်းပင်၊ စားပင် (၅) မျိုး
အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း လိုသလို..၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။
ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။
ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ပါနော်။
(၁) မုန်ညင်းဖြူ
ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း မုန်ညင်းဖြူရဲ့ အောက်ခြေကို ထည့်ထားလိုက်ပါ။အရွက်တွေ တဖြည်းဖြည်း ပြန်ထွက်လာတာကို တွေ့မြင်ရမှာပါ။
(၂) ကြက်သွန်နီ
ဖန်ခွက်ထဲကို ရေထည့်ပြီး ကြက်သွန်နီဥ.. (အနည်းဆုံး ၂လက်မ အမြင့် ရှိရပါမယ်) ကို ထည့်လိုက်ပါ။ကြက်သွန်မြိတ်တွေ ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
(၃) ပူစီနံ
ရေထည့်ထားတဲ့ ဖန်ခွက်ထဲကို ပူစီနံတွေ ထည့်ထားလိုက်ပါ။ အရွက်လေးတွေကို စားသုံးပြီးရင်တောင် ပြန်ပြန်ထွက်လာမှာဖြစ်ပါတယ်။
(၄) ကျူးလစ်
ကျူးလစ်ဥလေးကို ရေအနည်းငယ် ထည့်ထားတဲ့ဖန်ခွက်ထဲမှ..ာ ထားလိုက်ပါ။ ရက်တွေ ကြာလာတာနဲ့အမျှ အပင်လေးတွေပေါက်ပြီး ပန်းပါပွင့်လာမှာဖြစ်ပါတယ်။
(၅) ဗေဒါ
ဗေဒါဥလေးတွေကို ရေအနည်းငယ် ထည့်ထားတဲ့.. ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ အပင်ပေါက်ပြီး ပန်းလေးတွေ ပွင့်လာမှာဖြစ်ပါတယ်။
အပင်စိုက်ဖို့ဆိုရင် ယေဘယျအားဖြင့် မြေနေရာလည်း.. လိုသလို၊ စနစ်တကျ ရေလောင်း၊ ပေါင်းသင်တာတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။
ဒီလိုဆိုတော့ တိုက်ခန်းမှာ နေတဲ့သူတွေ၊ အလုပ်များတဲ့သူတွေအနေနဲ့ အပင်စိုက်ချင်ရင်တောင် အဲလိုပြဿနာလေးတွေကြောင့် မစိုက်ဖြစ်ကြပါဘူး။
ခုဖော်ပြပေးမှာကတော့ ရေနဲ့ဖန်ခွက်တစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ပန်းပင်တွေ၊ စားပင်တွေပဲဖြစ်ပါတယ်။
Credit to Original Writer