”အိမ်မှာရှိတဲ့ အမျိုးမျိုးသော အနံ့အသက်ဆိုးတွေကို လွယ်လွယ်နဲ့ ပျောက်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်”
အိမ်ရှင်မတွေအတွက်တင်မဟုတ်ပဲ လူတိုင်းအတွက် အသုံးဝင်စေပါတယ်_။
မီးဖိုချောင်မှာရှိတဲ့ အနံ့အသက်ဆိုးတွေ၊ ဟင်းသိုး၊ ထမင်းသိုးနံ့ စတဲ့အနံ့ဆိုးတွေပျောက်အောင် လိမ္မော်သီးအခွံအအခြောက်ကို တစ်ခုခုထဲထည့်ပြီး မီးရှို့ပေးပါ။
ရေခဲသေတ္တာထဲက အနံ့အသက်ဆိုးတွေပျောက်အောင် Baking Soda ဘူးကိုဖွင့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။
Baking Soda က အနံ့အသက်ဆိုးတွေကို စုပ်သွားပါလိမ့်မယ်။
Microwave ထဲက အနံ့အသက်တွေပျောက်အောင် ပန်းကန်လုံးထဲကို ရေနည်းနည်းထည့်ပြီး သံပယိုသီးညှစ်ထည့်ပါ။ ပြီးရင် သံပယိုသီးတွေလှီးထည့်ပါ။
အပြင်မှာလည်း ပုံမှာပြထားသလို သံပယိုသီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး ထည့်ထားကာ ၅ မိနစ်လောက် ခလုတ်ဖွင့်ထားပါ။
ဗေဇင်ကကအနံ့ဆိုးထွက်နေရင် ရေပိုက်ထဲကလာတာပါ။ ဒါကြောင့် သံပယိုသီးကိုခြမ်းပြီး ဗေဇင်ရေဆင်းတဲ့အပေါက်ထဲ ညှစ်ချပါ။
အိမ်သာခွက်ထဲက အနံ့အသက်ဆိုးတွေပျောက်အောင် Citrc Acid – စားပွဲတင်ဇွန်း ၄ ဇွန်း၊ Washing Soda – ခွက်တစ်ဝက်စာ၊ ဆားခါး – ခွက်တစ်ဝက်စာ၊ ဆပ်ပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ Sodium Polycarbonate – စားပွဲတင်ဇွန်း ၁ ဇွန်း၊ Essential Oil – ၁၅ စက်တို့ကို Spray ဘူးထဲထည့်ပြီး ရှိတ်လုပ်ပေးပါ။
ပြီးရင်တော့ အိမ်သာခွက်ထဲ နေရာအနှံ့ဖြန်းပြီး ၆ နာရီထားပါ။ အချိန်ပြည့်မှ ရေဆွဲချလိုက်ပါ။
မွှေ့ယာတို့၊ ဆိုဖာတို့က အနံ့ဆိုးထွက်နေရင် Baking Soda ဖြူးပြီး တစ်ညထားလိုက်ပါ။
အနံ့တွေစုပ်ယူသွားပါလိမ့်မယ်။ မနက်ရောက်မှ သုတ်ချပြီးသန့်ရှင်းလိုက်ပါ။
အဝတ်ဗီဒိုက အနံ့မကောင်းတာ (ဥပမာ – မှိုနံ့ထွက်တာမျိုး) ဖြစ်နေရင် Dryer Sheets ကို ဗီဒိုထဲထည့်ထားလိုက်ပါ။ အနံ့တွေစုပ်သွားပါလိမ့်မယ်
ကြောင်ချေးပါဖို့ထားပေးတဲ့ဇလုံက ကြောင်ချေးနံ့နံတဲ့အတွက် မီးသွေးခဲလေးတွေကို အဝတ်နဲ့ထုတ်ပြီး ဇလုံနားမှာထားထားပေးပါ။
Credit to Original Writer