ဆီးချိုသွေးချိုသာမက သွေးတိုးပါ အလွယ်တကူသက်သာပျောက်ကင်းစေတဲ့နည်း
ဆီးချိုသွေးချိုသမားများအတွက်
၁။ထန်းရည် စစ်စစ် ရေသန့်ဗူး ၁ လီတာဝင်ဗူးနဲ့ ၄ဗူး (ချိုချို ခါးခါးနော် စစ်ရင်ပြီးရော )
၂။နွားနို့ စစ်စစ် ရေသန့် ဗူး ၁ လီတာဝင်ဗူးနဲ့ ၂ ဗူး တို့ကို ဇလုံ ထဲ ရောထည့်ပေးပါ
ချက်ချင်း ထန်းရည်နှင့် နွားနို့ တို့ တွေ့ထိမှု အရ အဖတ်များ ဖြစ်လာပါမယ် ဇွန်းအရှည် သန့်သန့်ဖြင့် မွှေပေးပါ
ပြီးလျှင် ထို ဇလုံကို နေပူပူမှာ ၄၅ မိနစ်ခန့် ထားပေးပါ ထန်းရည်နံ့ကြောင့် ယင်ကောင်တွေ လာမအုံစေရန် ဂရုစိုက်ပါ
၄၅ မိနစ်ခန့် ရောက်လျှင် ထို ဇလုံထဲမှ အဖတ်များကို ဆယ်၍ ပန်းကန်ပြားထဲထည့်ပါ
၎င်းအဖတ်များကို ပဲဆီ သို့မဟုတ် နှမ်းဆီ အနည်းငယ်ဖြင့် ဒယ်အိုးသန့်သန့်ထဲ ထည့်ကြော်ပေးပါ အိုးမကပ်စေရန် မွှေပေးဖို့ လိုပါတယ် ခင်ဗျာ
အနံ့ မွှေးမွှေးလေး နဲ့ စားလို့ကောင်းမယ်ထင်ရပြီ ကျက်ပြီထင်ရရင် အဲဒါကို ထမင်းစားချိန်များမှာ အနည်းငယ်စီ စားနိုင်သလောက် ဖြစ်ဖြစ် ထမင်းနဲ့ နှယ်စားပေးပါ။
ထန်းနို့ကြော်ကို စားရာတွင်လည်း ၎င်းထန်းနို့ကြော် ကုန်သည်အထိ ထမင်းစားတိုင်း ထည့်စားပေးရပါမယ်။
နောက်ပြီး ခုနက ဇလုံထဲက အရည်များကို
ပလတ်စတစ်ပုံး ( ၂ ဂါလံပုံး အသုံးပြုပါ ) ထဲ လှယ်ထည့်ပေးပြီးနေရောင်မှာ လှမ်းပေးပါ အနံ့က ယင်ကြိုက်သောကြောင့် ယင်ကောင်များ လာမနားစေရန် သတိပြုပေးပါ
နေရောင်ရိပ်သွားပါကနေရောင်ရှိရာ ရွှေ့ပေးဖို့လိုပါတယ် တနေ့လုံးနေရောင်ပြပေးပြီးပါက ပုံးအောက်ခြေတွင် အနယ်များစုလာပါမယ်ခင်ဗျာ
ထိုညနေမှ စ၍ ဆေးရည်ကို စသောက်လို့ ရပါပြီ နောက်နေ့များတွင်လည်း နေထပ်ပြပေးပါ နေပြရာတွင်လည်း အဖုံးကို ဖွင့်ထားပေးပါ ဆေးမကုန်မချင်း နေပြရမှာပါ ညနေ ဆေးသိမ်းချိန်တွင်အဖုံးကို ပြန်ဖုံးနိုင်ပါတယ်
ဆေးက နေပြတာ ၅ ရက်လောက်ကြာရင် ချဉ်လာပါလိမ့်မယ် ဘာမှ မဖြစ်ပါ ပြ မြဲပြပြီး သောက်မြဲသောက်ပေးပါ
ဆေးသောက်ရာတွင်
မနက် တခွက် ည တခွက် သောက်ပေးပါ။ နေ့တိုင်း ပုံမှန်သောက်ပေးပါ ။ လဘက်ရည်ခွက်နဲ့သောက်သောက်
ငါးကြင်းခွက်နဲ့သောက်သောက် ပုံမှန် တနေ့ မနက်ည စုစုပေါင်း ၂ ခွက်သောက်ပါ။
ပုံးအောက်ခြေ အနယ်ထိုင်သောနေရာနားရောက်ပါက ဆေးသောက်ရန်မလိုပါ အနည်များကို မသောက်ရတော့ပါ။
ဆေးရည် သောက်သုံးနေစဉ်တွင် ဆီးချိုသွေးချိုကို စစ်ကြည့်ကြည့်ပါ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်
ဆေးကုန်ခါနီးတွင် ပုံမှန်သာ ဖြစ်နေပါမယ် တချို့ကတော့ဆေးကို ပုံမှန်မသောက်ကြပါ
ထို့ကြောင့် ဆီးချိုသွေးချို မပျောက်ပဲ ၃၀၀ ၄၀၀ လောက်မှ ၂၀၀ ဝန်းကျင်သာ ကျဆင်းပါလိမ့်မယ်
ထို့ကြောင့် ဆေးကို ပုံမှန်သောက်သုံးသင့်ပါတယ် ဆီးချိုသွေးချိုသာမက သွေးတိုးပါ သက်သာပျောက်ကင်းစေပါတယ် ဆေးနည်းပြောပြ ကိုယ်တိုင်လုပ်ကိုင်ပြသပေးသော
Credit:ကိုမျိုးဇော်ဦး အားကျေးဇူးတင်ပါတယ်
ဆေးသောက်ရာတွင်