Knowledge

ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ ဘာတွေကွာခြားလဲ…? (အမျိုးသမီးတိုင်း သိထားသင့်တယ်နော်)

ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ ဘာတွေကွာခြားလဲ…?(အမျိုးသမီးတိုင်း သိထားသင့်တယ်နော်)

ကျွန်မ ငယ်ရွယ်တဲ့ အချိန်တုန်းက မင်္ဂလာဆောင်ဖို့ ဘာအတွက်ကြောင့် ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ရှိဖို့ လိုအပ်တာလည်း ဆိုတာကို နားမလည်ခဲ့ဘူး။

လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်တယ်ဆိုတာ… ချစ်ခြင်းမေတ္တာ ရှိနေရုံနဲ့ မလုံလောက်ဘူးလားပေါ့။

အသက်အရွယ်တစ်ခု ရောက်လာတဲ့ အခါမှာတော့ ပိုက်ဆံဟာ ဘဝရဲ့ နေရာတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်

အဝတ်အစားအသစ် ဝယ်ချင်လို့ ကုန်တိုက်တွေကို သွားတဲ့အခါတိုင်း… ဈေးနှုန်းကို တိတ်တဆိတ် အမြဲအရင်ဆုံးကြည့်ရလေ့ ရှိတယ်။

တစ်ခါတစ်လေ တချို့အင်္ကျီတွေဆို သိပ်ကြိုက်မိသွားပေမယ့်… သိပ်သဘောမကျသလို ဟန်ဆောင်ဖြစ်ခဲ့တယ်။

အကြောင်းပြချက်က ရိုးရှင်းပါတယ်… အဲဒီ အင်္ကျီတွေရဲ့ ဈေးနှုန်းက ကျွန်မခန့်မှန်းထားတာထက် အရမ်းများနေလို့ပေါ့။ ဒါပေမယ့် အခုတော့… ကိုယ်ကြိုက်တာတွေ့ရင် “ကျွန်မကို ဒါလေး ထုတ်ပေးပါ” လို့

ဝင့်ကြွားစွာ ပြောနိုင်နေပြီ။ ကျွန်မ မျက်လုံးတွေမှာလည်း ချေတုံချတုံ ဖြစ်နေတဲ့ အရိပ်အယောင်မျိုးလုံးဝ မရှိတော့ပါဘူး။ အကြောင်းကတော့… ကိုယ်ဒါကို ဝယ်ဖို့ တတ်နိုင်တယ်ဆိုတာ သေချာနေလို့ပါပဲ။

ဟိုအရင်တုန်းက… ယောက်င်္ကျားတစ်ယောက်က ကိုယ့်ကို လက်ဆောင်တွေ ဝယ်ပေးတဲ့အခါ သူကျွန်မကို ချစ်လို၊့ မေတ္တာရှိလို့… သူ့ပိုက်ဆံတွေကို ကျွန်မအတွက် သုံးတယ်လို့ တထစ်ချ ထင်ခဲ့ဖူးတယ်။

ဒါပေမယ့် အခြားမိန်းကလေးတွေကိုလည်း သူ ထိုနည်းလည်းကောင်းပဲ ဆက်ဆံတာကိုတွေ့ရတဲ့အခါ… ဒါဟာ အချစ်မဟုတ်ဘူးဆိုတာကို နားလည်ခဲ့တယ်။ အခု ကျွန်မအနေနဲ့ ဆက်ဆံရေးတစ်ခုမှာရှိနေပေမယ့်

ယောက်င်္ကျားတစ်ယောက် ဝယ်ပေးနိုင်တဲ့ အရာအားလုံးကိုကျွန်မ ကိုယ်တိုင်လည်း ဝယ်နိုင်နေပြီလို့ကျွန်မထင်တယ်။ အဲဒီ ရုပ်ပစ္စည်းတွေထက် ကျွန်မေ ယာက်င်္ကျားတစ်ယောက်ဆီက ရဖို့ ပိုပြီး ဂရုစိုက် အလေးထားမိတဲ့ အရာတွေက

ကျွန်မရဲ့ အလုပ်မှာ ပိုပြီး တိုးတက်တောက်ပြောင်လာအောင် သူဟာ ကူညီပံ့ပိုးပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား၊ ကျွန်မ နာမကျန်းဖြစ်နေတဲ့ အချိန်တွေမှာ သူဟာ ကျွန်မကို တကယ် ဂရုစိုက်မယ့် လူမျိုး ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား…

နောက်ပြီး သူက ကျွန်မ မိဘတွေနဲ့ မိသားစုတစ္ခုလုံးကို လေးလေးစားစား ဆက်ဆံမယ့် လူမျိုးဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကိုပါပဲ။ လက်ထပ်ပြီးသွားတဲ့အခါ ကိုယ်ပိုင်ပိုက်ဆံ မရှာနိုင်တဲ့ မိန်းမတစ်ယောက်ဟာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ပါဘူး။ သူမ အမျိုးသားဘက်က ဆွေမျိုးတွေရဲ့ အပြစ်တင်ဝေဖန်ခြင်းတွေနဲ့လည်းနေ့စဉ်ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင်… အိမ်အလုပ်တွေ အကုန်သိမ်းကြုံး လုပ်ရတာရယ် ကလေးတွေ ထိန်းရတာနဲ့

တစ်နေကုန် တစ်နေခမ်း လုံးလည်ချာလည် လိုက်နေရပါလိမ့်မယ်။ အဲလောက် ပင်ပန်းနေတဲ့ အမျိုသမီးတွေဟာ ဘာတစ်ခုမှ စေဒက မတက်နိုင်ပဲအဲဒီအစား သူ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေ အကုန်လုံးကို အစာအိမ်ထဲပဲ မျိုချချေဖျက် လိုက်တာနဲ့ပဲ အဆုံးသတ်လိုက်ကြရပါတယ်။

ပိုက်ဆံကောင်းကောင်း ရှာနိုင်တဲ့ အမျိုးသမီးတွေ အများစုကတော့ အဲလို ဇာတ်သိမ်းမျိုးနဲ့ ခြားနားပါတယ်။ သူတို့က အဓိပ္ပါယ်မရှိတဲ့ အရာတွေအတွက် ဘယ်သူ့ကိုမှ သည်းခံမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူမအနားမှာ လူတွေ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ

သူမကိုယ်သူမ အကောင်းဆုံး ဆက်ပြီး ရှင်သန်နေနိုင်တဲ့ အတွက်ကြောင့်ပါပဲ။ ဒါဟာ တကယ့် လက်တွေ့ဘဝရဲ့ မှန်ကန်တဲ့ အကြောင်းတရားတွေပါ။ အမျိုးသမီးတိုင်းရဲ့ အရံအစီအစဉ် (backup plan) ဟာ ငွေပါပဲ။

မိန်းမတစ်ယောက်ဟာ အရမ်းတွေ ချမ်းသာနေဖို့ ဆိုတာထက် ငွေလုံလုံလောက်လောက် ရှိဖို့တော့ လိုအပ်ပါတယ်။ ပိုက်ဆံဟာ အရေးမကြီးဘူးလို့ ဘယ်သောအခါမှ မထင်လိုက်ပါနဲ့။ ချစ်ရတဲ့ အမျိုးသမီးတို့ရေ…

ရှင်တို့ကို ဘယ်တော့မှ သစ္စာမဖောက်သွားမယ့် တစ်ခုတည်းသောအရာက ကိုယ့်ရဲ့ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ ကြိုးစားပြီး ထိုက်ထိုက်တန်တန် ရှာလို့ ရလာတဲ့ ပိုက်ဆံပါပဲ… ငွေရဖို့အတွက် အလုပ်တွေ ကြိုးစားလုပ်တာ ပိုက်ဆံမက်တာ မဟုတ်ပါဘူး။

အသက် ၂၀ အရွယ်မှာ… ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ရင်းနှီးမြုပ်နှံဖို့အတွက် ငွေရှိဖို့ လိုပါတယ်။ အသက် ၃၀ အရွယ်မှာ… ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်တဲ့ လူတွေကိုအကောင်းဆုံး စောင့်ရှောက်နိုင်ဖို့အတွက်ငွေရှိဖို့ လိုပါတယ်။

အ သက် ၄၀ အရွယ်မှာ… ကိုယ်လုပ်ချင်တာ ဘာမဆို ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်ဖို့အတွက် ငွေရှိဖို့ လိုပါတယ်။ အသက် ၅၀ အရွယ်မှာ… ကိုယ့်ရဲ့ ဘဝနှောင်းပိုင်း အချိန်တွေမှာ အိုစာတာကောင်းကောင်းနေထိုင်သွားနိုင်ဖို့အတွက်ငွေရှိနေဖို့ လိုအပ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်