လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ ဆားဝက်ခြံဖယ်ရှားနည်း
ဆားဝက်ခြံထွက်နေလို့ မိန်းကလေးအများစု အလှအပထိခိုက်နိုင်တဲ့အတွက် စိုးရိမ်စိတ်များဖြစ်ပေါ်နေမှာ အမှန်ပါ။
ဆားဝက်ခြံက ကျား ၊မ မရွေးထွက်ပေါ်လေ့ရှိတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် ၁၀ ကျော်သက်မှ စပြီး လူလတ်ပိုင်းအရွယ်များ ထိထွက်ပေါ်လေ့ရှိပါတယ်။
ဆားဝက်ခြံဆိုတာ မျက်နှာပေါ်ရှိ ချွေးပေါက်များတွင် အဆီပိုတာ ၊ ဆဲလ်များပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရာဖြစ်ပါတယ်။
ဆားဝက်ခြံက မေး၊ နှာခေါင်း များတွင် အများဆုံးဖြစ်ပေါ်လ့ရှိပြီး တစ်ခါတရံ ကျော ၊ ရင်ဘတ် ၊ ပုခုံးများတွင်လည်းဖြစ်ပေါ်တတ်ပါတယ်။
ပျားရည်
ပျားရည်ကို ဆားဝက်ခြံထွက်သော နေရာများတွင် လိမ်းပြီး ၁၀ မိနစ်ခန့်ကြာအောင်ထားကာ ရေဖြင့်ဖွဖွလေး ပွတ်ဆေးပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ဆားဝက်ခြံကို ဖယ်ရှားနိုင်ပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်ကို အဝိုင်းပုံစံပါးပါးလေးလှီးပြီး ဆားဝက်ခြံထွက်သောနေရာများပေါ်တွင် ၁၀ မိနစ်လောက်ကြာအောင် ကပ်ပေးခြင်းနည်းဖြင့် ဆားဝက်ခြံကိုဖယ်ရှားနိုင်ပါတယ်။
သံပုရာသီး
သံပုရာသီးအရည်ကို ဆားဝက်ခြံထွက်သောနေရာများပေါ်တွင် ၁ နာရီကြာအောင်သုတ်လိမ်းထားပြီး ရေဖြင့်ဆေးကြောပေးခြင်းနည်းနဲ့လည်း
ဆားဝက်ခြံကို ဖယ်ရှားပေးနိုင်သလို အရေပြား ပါးလွှာသူများအနေဖြင့် ပျားရည် နဲ့ သံပုရာရည်ကို ရောစပ်ပြီး သုတ်လိမ်းနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက အရေပြားများကို သန့်ဇင်စေနိုင်ပြီး ဆဲလ်သေများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနဲ့အနည်းငယ်ရောစပ်ပြီး
ဆားဝက်ခြံထွက်ပေါ်သော နေရာများတွင် သုတ်လိမ်းပေးခြင်းဖြင့် ဆားဝက်ခြံကို ဖယ်ရှားနိုင်ပါတယ်။ တစ်ခါတလေမုန်ဖုတ်ဆိုဒါ နဲ့ မတည့်သောအရေပြားပိုင်ရှင်များ ရှိတတ်ပါတယ်။
ဆားဝက်ခြံကပ်ခွာ
ဆားဝက်ခြံကပ်ခွာကို ဆားဝက်ခြံထွက်သော နေရာများပေါ်တွင် ၂၀ မိနစ်လောက်ကပ်ပေးပြီး ပြန်ခွာခြင်းဖြင့် ဆားဝက်ခြံပိတ်ဆို့မှုကို ဖယ်ရှားနိုင်ပါတယ်။