Knowledge

ကျောက်ကပ် ရောဂါသည်များရဲ့အသက်ကယ်ဆေး မြက်ကြွပ်ရွက်

ကျောက်ကပ် ရောဂါသည်များရဲ့အသက်ကယ်ဆေး မြက်ကြွပ်ရွက်

၂ဝဝ၈ ခုနှစ်နှောင်းပိုင်းတုန်းက ရင်းနှီးလှတဲ့ မိတ်ဆွေ ဇနီးမောင်နှံ နှစ်ယောက်က ကျွန်တော် (ဘာသာပြန်သူ)ကို ကျန်းမာရေး ဆောင်းပါး များ ဘာသာပြန် လေ့ရှိတာသိကြလို့ သူတို့ရဲ့သမီး စင်ကာပူမှာ အလုပ်လုပ်နေရာက

စင်ကာပူ မှာထုတ်ဝေတဲ့ သတင်းစာထဲမှာ အုတ်အော်သောင်းနင်းဖြစ်နေလို့ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ကပ် ရောဂါသည် တွေ ကျောက်ကပ်..ဆေးနေရတာတောင် ဘာမှမဟုတ်တဲ့ မြက်တစ်မျိုးကို ပြုတ်သောက်ရုံနဲ့ ပျောက်ကင်းသွားကြလို့သတင်းစာတိုက်ကို ဖုန်းတွေဆက် ပြီး အဲဒီမြက်ပင်မျိုး ဘယ်မှာရနိုင်သလဲ၊

မျိုးရှာပေးပါ စတဲ့ အကူအညီတောင်းတဲ့ စာတွေ၊ တယ်လီဖုန်းဆက်ကြ အကြောင်းတွေ ရေးသားထားတဲ့ သတင်းဆောင်းပါး အစ အဆုံးပါတဲ့ သတင်းစာဖြတ်ပိုင်းကို ကျွန်တော့် ဆီ ပေးခဲ့ပါ တယ်။

မြက်ပင်ကို တရုတ်လို ‘ခွေကျူချောင်’လို့ခေါ်ပြီး မြန်မာလို ဘယ်လိုခေါ်မှန်းမသိခဲ့လို့ ဘာသာပြန်ဖို့ခက်ခဲခဲ့ပါ တယ်။ ဒီတော့ ကျွန်တော်စုဆောင်းခဲ့တဲ့ ‘ပုံပြ တရုတ် ဘယဆေးပင်များ အဘိဓာန်’မှာ ရှာဖွေကြည့်တော့ ပုံနဲ့တကွ ရုက္ခဗေဒအမည်က (Zebrina pendnla schinizl) ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီစာအုပ်ထဲက ပုံကိုပဲယူပြီး လိုက်ပြကြည့်တော့ မြက်ကြွပ်ရွက် လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မြက်ကြွပ်ရွက် ရှိ၊ မရှိ ရှာဖွေကြည့်ရပြန်တယ်..။ မရှိတဲ့အပင်အကြောင်း ရေးပြန်တော့လည်း ဘယ်လောက်ပဲ ကောင်းကောင်း ဘာအကျိုးရှိမှာလဲ။

နောက်ဆုံးတော့ မြက်ကြွပ်ရွက် တွေ ပုံးပေါလအောရှိတယ်ဆိုတာ သိရ တော့မှ ဝမ်းသာအားရ ဒီဆောင်းပါးကို ပြန်ဆိုရေးသားဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ သာကေတ မှာဆိုရင် တချို့ အိမ်တွေမှာ ရေချိုးတဲ့နေရာ အနီးအနားမှာ အလေ့ကျပေါက် နေတတ်တာကို တွေ့ခဲ့ပြီးပါပြီ..။

ရေစပ်စပ်ရှိတဲ့နေရာ၊ ချောင်းဘေး၊ မြောင်းဘေး၊ လယ်ကွက်တွေဘေးမှာ ပေါက်လေ့ရှိတယ်လို့လည်း ဆေးကျမ်းမှာ ဆိုထားပါတယ်။ ဒီတော့ အလွယ်တကူလည်းရနိုင်၊ ငွေကုန်ကြေးကျလည်း သက်သာ၊ ကုရခက်တဲ့ရောဂါလည်း ပျောက်ကင်းနိုင်တယ်ဆိုတော့ ကျွန်တော့်သဘောထားနဲ့ ကိုက်ညီသွားတဲ့အတွက် အခုမှပဲ ဘာသာပြန်ဖြစ်သွားတာ ဖြစ်ပါတယ်။

မူလဆောင်းပါးရှင်က သတင်းစာသမားဖြစ်ပြီး သူ့လိုပဲ သတင်းသမားတစ်ဦးက သတင်းစာရဲ့ အနှစ် ၅ဝ ပြည့် အထူးထုတ်သတင်းစာမှာ အထူးဆောင်းပါးတစ်ပုဒ် ရေးသားရာမှာ သူ့ဇနီး ကျောက်ကပ်ရောဂါစွဲကပ်ပြီး ဖောရောင်၊ အိပ်မပျော်စားမဝင်နဲ့ အမျိုးမျိုး ဝေဒနာခံစားရပြီးတော့ နောက်ဆုံးမှာ ကျောက်ကပ်ဆေးရတဲ့အခြေအနေ ရောက်သွားပေမဲ့ ကျောက်ကပ်ဆေးလည်း မသက်သာခဲ့ဘူး။

မိတ်ဆွေ တစ်ဦးက တရုတ် ရိုးရာ ဆေးနည်း မှာ မြက်ကြွပ်ရွက် ပြုတ်သောက်ရင် အဖောအရောင်ကျတယ်။ အဲဒါ သောက်ကြည့်ပါလို့ တိုက်တွန်းတဲ့အတွက် သူမကို ကုသပေးနေတဲ့ ဆရာဝန် နဲ့ တိုင်ပင်ကြည့်တယ်။

သူမ ဆရာဝန် က သူတို့နည်းမှာတော့ နည်းလမ်းကုန်ပြီ၊ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင် စမ်းချင်စမ်းကြည့်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူမက မြက်ကြွပ်ရွက် (၂၅ဝ ဂရမ် = ၁၅ ကျပ်သား) မြေအိုးထဲထည့်၊ အရွက်တွေ ရေမြုပ်အောင်ထည့်ပြီး ၂ နာရီခွဲကြာ ပြုတ်တယ်။

၃ ရက်ဆက်သောက်လိုက်တာ တစ်ကိုယ်လုံး ပေါ့ပါးလာတာ ခံစားရပြီး ရောဂါအခြေအနေ ယေဘုယျတော့ အကောင်းဘက်ကို လှည့်ပြောင်းမှုရှိလာ တယ်။ ကာလရှည်ကြာ ပျို့အန်တာတွေလည်း မရှိတော့ဘူး။

နွမ်းနယ် အားအင်ကုန်ခန်းတာတွေ၊ စားမဝင် စားချင်စိတ် မရှိတာတွေ စတဲ့လက္ခဏာတွေလည်း ယုတ်လျော့လာခဲ့ တယ်။ နောက်ထပ် ၃-၄ ရက်ဆက်သောက်လိုက်တော့ ဖောရောင်တာတွေ ဖြည်းဖြည်းချင်းကျလာတယ်။

ဆီးသွား ရတာလည်း အရင်ကထက် ချောမွေ့လာတယ်။ အခြေအနေ တိုးတက်လာမှုက သူမရဲ့ မြက်ကြွပ်ရွက်အပေါ် အားကိုးလို စိတ်ကို ပိုပြီး တက်ကြွလာစေခဲ့တယ်။ ဒါနဲ့ဆက်ပြီး မြက်ကြွပ်ရွက်ပြုတ်ရည်ကို ဆက်တိုက်သောက်ဖြစ်သွားတယ်။

၃ လဆက်သောက်ပြီးတဲ့နောက် သူမ ဆေးရုံမှာ သွားပြီး ဆေးစစ် ခံတယ်။ သွေးစစ်တယ်၊ ဆီးစစ်တယ်။ အများကြီး တိုးတက်ကောင်းမွန်လာတယ်။ သူမကို ကုသခဲ့ တဲ့ ဆရာဝန် ကတောင် အံ့အားသင့်သွားတယ်။

သူမ ဘာ ဆေးဝါးတွေကို စားခဲ့တာလဲလို့ မေးတယ်။ ပြီးတော့ ရောဂါ အခြေအနေအများကြီး သက်သာလာတာဖြစ်လို့ သောက်လက်စဆေးကို ဆက်သောက်ဖို့ အကြံပေးတယ်။

ဒါမှ ရောဂါ ရှင်းရှင်းပျောက်ပြီး အခြေခိုင်မှာလို့ ပြောတယ်။ သူမကလည်း သံသယစိတ်တွေ၊ ဒွိဟစိတ်တွေ လုံးဝမရှိ တော့ဘဲ မြက်ကြွပ်ရွက် ပြုတ်ရည်ကိုပဲ ၃ လကြာအောင် ဆက်သောက်ပြန်တယ်။ ပြီးတော့ ဆေးရုံသွားပြီး အစစ် ဆေးခံပြန်တယ်။

ဆရာဝန်က လက်မထောင်ပြပြီး ရောဂါ အခြေအနေ ကို ထိန်းချုပ်သွားနိုင်ပြီ၊ သွေးထဲမှာ ယူရီးယား နိုက်ထရိုဂျင်ဓာတ်တွေနဲ့ တခြား သွေးတွင်း အခြေအနေ တွေ အားလုံး ပုံမှန်ဖြစ်သွားတဲ့အတွက်.. ကျောက်ကပ်ဆေးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။

သူမက ဝမ်းသာလွန်းလို့ နီးစပ်ရာ မိတ်ဆွေ များနဲ့ ဆွေမျိုး တို့ကို ဝမ်းသာအားရ ပြောပြ တဲ့အပြင် သူမမှာ လက်ကျန်ရှိတဲ့ မြက်ကြွပ်ရွက် အပင် တွေကို မျိုးစိုက်ထားဖို့ ဝေမျှပေးပါတယ်။

ဆေးကောင်း တစ်လက်ကို အားလုံးအိမ်မှာစိုက်ထားကြဖို့ မျိုးလက်ဆောင် ပေးတာဖြစ်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ဆောင်းပါးကို ကိုယ်တိုင် ကျောက်ကပ် ဝေဒနာ ခံစားနေရတဲ့ သတင်းစာဆရာ ဖတ်ရှုပြီး အမှောင်တွင်းက အလင်းတန်းကို မြင်လိုက်ရသလို ခံစား မိပြီး မြက်ကြွပ်ပင် ကို အသည်းအသန်ရှာဖွေတော့တယ်။

ကံအားလျော်စွာပဲ သူ့ရဲ့ မိတ်ဆွေ တွေဖြစ်ကြတဲ့ သတင်းစာ ဆရာတွေရဲ့အိမ်မှာ မျိုးအတွက် စိုက်ပျိုးထားတာတွေရှိကြတော့ ဝိုင်းဝန်းစုပေးလိုက်ကြတာ သူ့မှာ (၃)ခွက်စာလောက် ရလိုက်တာကို ဝမ်းသာအားရ ပြုတ်သောက်လိုက်ရတယ်။

ဆေး (၃)ရက်သောက်လိုက်ရရင်ပဲ သက်သာလာတယ်။ ဒီလို ဆက်ပြီးရှာတော့ စင်ကာပူရဲ့ ဟင်းသီးဟင်းရွက်တန်းမှာ မနက်ပိုင်း ဝယ်ယူရရှိနိုင်တယ်လို့ သတင်းရပြီး သွားရှာဝယ်တော့ လိုသလောက်ရလိုက်တယ်။

ရသလောက်ဝယ်ယူပြီး အပိုအလျှံတွေကို အခြောက်လှန်းထားလိုက်တယ်။ အခြောက်ကိုလည်း ပြုတ်ရည်လုပ်ပြီး သောက်လို့ရတယ်။ဒါပေမဲ့ တရုတ် တိုင်းရင်းဆေး သဘောအရ ဘယ် ဘယဆေး ကိုမဆို အခြောက်ဆိုရင် ဘယဆေး ရွက်အစိုရဲ့တစ်ဝက်ကို သာ ပြုတ်သောက်ရတယ်ဆိုတာကို လေ့လာသိရှိထားတော့

မြက်ကြွပ်ရွက် အခြောက် (၁၂၅ ဂရမ် = ၇ ကျပ်ခွဲသား) ကိုသာ (၃ ခွက်တစ်ခွက်တင်) ပြုတ်သောက်တော့တယ်။ (၃-၄)လ ဆက်သောက်ပြီး ဆေးရုံ သွား အစစ်ဆေးခံတော့ ဆရာဝန်က အခြေအနေအတော်ကောင်းသွားပြီ ကျောက်ကပ် ဆေးဖို့ မလိုတော့ဘူးလို့ ပြောတယ်။

သတင်းစာဆရာ လည်း ဝမ်းသာအားရနဲ့ အခု ဒီဆောင်းပါးကို ရေးသားပြီး မူလသတင်းစာမှာပဲ ဖော်ပြပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ ‘ကျောက်ကပ်ရောဂါအတွက် အံ့ဖွယ်အစွမ်းပြတဲ့ မြက်ကြွပ်ရွက်’လို့ ခေါင်းစဉ်တပ်ခဲ့တယ်။

သူကလည်း အပိုတွေ ကျန်ရှိတဲ့ မြက်ကြွပ်ရွက် တွေကို မိတ်ဆွေသတင်းစာဆရာ တွေကို ဝေပေးပြီး စိုက်ပျိုးထားဖို့၊ လိုအပ်တဲ့လူတွေကို မျှဝေပေးဖို့မှာကြားတဲ့အပြင် သူ့ ဆောင်းပါး ထဲမှာလည်း လိုအပ်တဲ့လူနာများ သတင်းစာတိုက် ကို အကြောင်းကြားတောင်းယူ နိုင်တယ်လို့ လှုံ့ဆော်ထားပါသေးတယ်..။

သောက်နည်း

မြက်ကြွပ်ရွက် လတ်လတ်ဆတ်ဆတ်ဆိုရင် (၁၅ ကျပ်သား) + ရေမတ်ခွက် (၃)ခွက်၊ မီးမျှဉ်းမျှဉ်းနဲ့ ၂ နာရီခွဲကြာ (၃)ခွက် (၁)ခွက်တင်ပြုတ်ပြီး နေ့စဉ် ၃ ရက် ဆက်သောက်၊ ပေါ့ပါးသွားရင် နောက်ပိုင်း ၃ လကနေ ၆ လထိ ဆက်သောက်ပါ။ ၃ လသောက်ပြီးရင် ဆေးစစ် ခံယူဖို့တော့ လိုအပ်ပါတယ်။

share from – htoo

#သျှင်သေမင်း