မင်းတို့ရဲ့သားချော ဆိုင်ကယ် စီးဖို့ ငါ့အသားကိုလှီး ငါ့အရည်ကိုလှန်ခဲ့တယ် ။ မင်းခြေဖဝါးက ဆူး မင်းထွင်ပြီး ထုတ်နေချိန် ငါ့ခွာကြားက ဆူး ခွါသာ ထပ်ဖြစ်ခဲ့တယ် ။ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံဟာဘာများကွာခြားသလဲ မင်းလက်က ကြိမ်လုံးနဲ့ ငါ့ကျောကုန်းပေါ် တစ်သားထဲကျခဲ့ ငါလဲနာတတ်တယ်သခင်။
ငါ့နှာသီးဖျားထဲဝါးချွန်နဲ့ ထိုးသွင်းတုန်းကမင်း ကလဲအံတွေကြိတ် ငါလဲပဲမျက်လုံးကိုမှိတ် အံကိုကြိတ် မင်းကထုရတဲ့ “တူ” ငါကခံရတဲ့ “ပေ ”အသည်းလှိုက်အောင်နာကျင်နေလဲ ငါဘာများတတ်နိုင်မှာလဲသခင်။မင်းတို့ ကျွန်ဖြစ်တဲ့ အဆုံးတော့ နွံနစ်တော့ လဲ ရုန်းရတာပဲမဟုတ်လား..။
ငါနေမကောင်း ဖြစ်ချိန် ကြိမ်လုံးနဲ့ ရိုက် နှာဖားကြိုး ဆောင့်ဆွဲ အမြှီးကို လိမ်ခေါက် မင်းတို့ တုတ်တွေနဲ့ ငါ့ကို ရိုက်တယ် ။ ’မထ’တဲ့အဆုံး ငါ့ကျောပေါ် ထမ်းရွက်ခြောက် တင်ပြီး မီးနဲ့ရှို့ ဗိုက်ထဲကငါ့ကလေးတောင် မျက်ရည် ကျလောက်တယ် ။
သေချာတယ်မင်းတို့ သိပ်ကြောက်တဲ့ ငရဲဘုံဟာ ငါအတွက်တော့ မင်းနေ နေတဲ့ ဒီလူ့ဘုံပဲသခင် ။ ကျေးဇူးတရား ဆိုတာ မင်းက ပိုသိပါတယ် သခင်။
ငါ့ခန္ဓာကိုယ်ဟာ မင်းတို့ အတွက် မစင် ထိတိုင် အကျိုးရှိ ပါတယ်။နွေအခါမှာ လယ်ထဲ မင်းနဲ့ငါအတူတူ လယ်ထွန်တယ်။မင်းမောလို့သစ်ပင်အောက် ပြေးနားတဲ့အချိန် ငါ့အတွက်အရိပ်ဆိုတာ ငါ့ ပုခုံးပေါ်က ထန်းပိုးပဲရှိပါတယ်သခင်။ဆောင်းအခါမှာ စောင်အထူကြီးတွေ နဲ့ မင်းတို့ နွေးနေချိန် ငါ့အရေပြားဟာ ငါ့ရဲ့စောင်ပါပဲနွေးမယ်လို့ထင်သလားသခင်။
အမဲသားလို့ မခေါ်ပါနဲ့ မင်းတို့ အားအင် ချိနဲ့တဲ့အခါ သောက်တဲ့ ငါ့နို့ရည်တွေ ဖြူစင်ပါတယ် သံသရာမှာ ချုချာတဲ့နွားမို့ တရံတခါမှာ ပူဆာတဲ့သားအတွက် မင်းအိမ်ကဆင်းပါ့မယ် ဟိုသတ်ကွင်း ဘယ် လောက် ရက်စက်ပ့ ငါမငြင်း ပါဘူး ။
ငါ့အားနဲ့ ဖြစ်တဲ့ ဆန်ထမင်း မင်းတို့ ဝမ်းထဲ ငါ့အသားနဲ့ ရောသွင်းတာ ချိုသလားသခင်။မင်းရဲ့သား ဆိုင်ကယ်စီးဖို့ သားသတ်ရုံမှာ ငါမရုန်းတော့ဘဲ ငါ့အသားအလှီးခံပါ့မယ်။
မူရင်းသို့လေးစားစွာဖြင့်
Zawgyi
မင္းတို႔ရဲ႕သားေခ်ာ ဆိုင္ကယ္ စီးဖို႔ ငါ့အသားကိုလွီး ငါ့အရည္ကိုလွန္ခဲ့တယ္ ။ မင္းေျခဖဝါးက ဆူး မင္းထြင္ၿပီး ထုတ္ေနခ်ိန္ ငါ့ခြာၾကားက ဆူး ခြါသာ ထပ္ျဖစ္ခဲ့တယ္ ။ လူ႔ဘုံနဲ႔ တိရစာၦန္ဘုံဟာဘာမ်ားကြာျခားသလဲ မင္းလက္က ႀကိမ္လုံးနဲ႔ ငါ့ေက်ာကုန္းေပၚ တစ္သားထဲက်ခဲ့ ငါလဲနာတတ္တယ္သခင္။
ငါ့ႏွာသီးဖ်ားထဲဝါးခြၽန္နဲ႔ ထိုးသြင္းတုန္းကမင္း ကလဲအံေတြႀကိတ္ ငါလဲပဲမ်က္လုံးကိုမွိတ္ အံကိုႀကိတ္ မင္းကထုရတဲ့ “တူ” ငါကခံရတဲ့ “ေပ ”အသည္းလႈိက္ေအာင္နာက်င္ေနလဲ ငါဘာမ်ားတတ္ႏိုင္မွာလဲသခင္။မင္းတို႔ ကြၽန္ျဖစ္တဲ့ အဆုံးေတာ့ ႏြံနစ္ေတာ့ လဲ ႐ုန္းရတာပဲမဟုတ္လား..။
ငါေနမေကာင္း ျဖစ္ခ်ိန္ ႀကိမ္လုံးနဲ႔ ႐ိုက္ ႏွာဖားႀကိဳး ေဆာင့္ဆြဲ အျမႇီးကို လိမ္ေခါက္ မင္းတို႔ တုတ္ေတြနဲ႔ ငါ့ကို ႐ိုက္တယ္ ။ ’မထ’တဲ့အဆုံး ငါ့ေက်ာေပၚ ထမ္း႐ြက္ေျခာက္ တင္ၿပီး မီးနဲ႔ရႈိ႕ ဗိုက္ထဲကငါ့ကေလးေတာင္ မ်က္ရည္ က်ေလာက္တယ္ ။
ေသခ်ာတယ္မင္းတို႔ သိပ္ေၾကာက္တဲ့ ငရဲဘုံဟာ ငါအတြက္ေတာ့ မင္းေန ေနတဲ့ ဒီလူ႔ဘုံပဲသခင္ ။ ေက်းဇူးတရား ဆိုတာ မင္းက ပိုသိပါတယ္ သခင္။
ငါ့ခႏၶာကိုယ္ဟာ မင္းတို႔ အတြက္ မစင္ ထိတိုင္ အက်ိဳးရွိ ပါတယ္။ေႏြအခါမွာ လယ္ထဲ မင္းနဲ႔ငါအတူတူ လယ္ထြန္တယ္။မင္းေမာလို႔သစ္ပင္ေအာက္ ေျပးနားတဲ့အခ်ိန္ ငါ့အတြက္အရိပ္ဆိုတာ ငါ့ ပုခုံးေပၚက ထန္းပိုးပဲရွိပါတယ္သခင္။ေဆာင္းအခါမွာ ေစာင္အထူႀကီးေတြ နဲ႔ မင္းတို႔ ေႏြးေနခ်ိန္ ငါ့အေရျပားဟာ ငါ့ရဲ႕ေစာင္ပါပဲေႏြးမယ္လို႔ထင္သလားသခင္။
အမဲသားလို႔ မေခၚပါနဲ႔ မင္းတို႔ အားအင္ ခ်ိနဲ႔တဲ့အခါ ေသာက္တဲ့ ငါ့ႏို႔ရည္ေတြ ျဖဴစင္ပါတယ္ သံသရာမွာ ခ်ဳခ်ာတဲ့ႏြားမို႔ တရံတခါမွာ ပူဆာတဲ့သားအတြက္ မင္းအိမ္ကဆင္းပါ့မယ္။ ဟိုသတ္ကြင္း ဘယ္ ေလာက္ ရက္စက္ပ့ ငါမျငင္း ပါဘူး ။
ငါ့အားနဲ႔ ျဖစ္တဲ့ ဆန္ထမင္း မင္းတို႔ ဝမ္းထဲ ငါ့အသားနဲ႔ ေရာသြင္းတာ ခ်ိဳသလားသခင္။မင္းရဲ႕သား ဆိုင္ကယ္စီးဖို႔ သားသတ္႐ုံမွာ ငါမ႐ုန္းေတာ့ဘဲ ငါ့အသားအလွီးခံပါ့မယ္။
မူရင္းသို႔ေလးစားစြာျဖင့္