Life Style

အသက်ထက်ဝက်လောက် ပြန်ငယ်သွားရအောင် နုပျိုမှုပေးစွမ်းနိုင်တဲ့ ဂျပန်နိုင်ငံက သဘာဝနည်းလမ်းအချို့…

ဂျပန်လူမျိုးအများစုဟာ အခြားလူမျိုးတွေထက် ပိုပြီး နုပျိုခြင်းကို ပိုင်ဆိုင်ကြပါတယ်။

သူတို့ရဲ့ မွေးရာပါ မျိုးရိုးဗီဇကြောင့်လို့ ဆိုပေမဲ့ တကယ်တမ်းတော့ နုပျိုခြင်းကို ထိန်းသိမ်းနိုင်တဲ့ သဘာဝနည်းလမ်းတွေကြောင့်ပဲဖြစ်ပါတယ်။

အစိမ်းရောင် လက်ဖက်ရည်

အစိမ်းရောင်လက်ဖက်ရည်ဟာ အရေးပြားစောင့်ရှောက်မှုကို ထိန်းသိမ်းပေးနိုင်သလို မျက်နှာပေါ်မှာဖြစ်ပေါ်လာတဲ့ အိုမင်းခြင်း လက္ခဏာတွေကို လျော့ချပေးနိုင်ပါတယ်။

ဂျပန်နိုင်ငံက လူမျိုးအများစုဟာ အစိမ်းရောင် လက်ဖက်ရည်ကို အသက်ကြီးလာတာနဲ့ အမျှ အဖျော်ယမ ကာ တစ်ခုလို မှီဝဲတတ်ကြပါတယ်။

သူဟာ ဆေးဝါးတစ်ခုထက်မက အသုံးဝင်ပြီး ကင်ဆာအန္တရာယ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှုကို လျော့ချပေးပြီး မျက်နှာပေါ်က အရေးကြောင်းတွေ လိုင်းတွေ စတဲ့ အိုမင်းခြင်း လက္ခဏာတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့ကြောင့် အစိမ်းရောင်လက်ဖက်ရည်ကို နေ့စဉ်သောက်သုံးပေးပါက သင့်အသက်ရဲ့ ထက်ဝက်မက နုပျိုမှုကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

ပင်လယ်ရေညှိ

ပင်လယ်ရေညှိကတော့ ဂျပန်နိုင်ငံမှာ အဓိက အစားအစာအဖြစ် စားသုံးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အံ့သြစရာကောင်းလောက်အောင် အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီး ပါဝင်လို့ပါပဲ။

ပင်လယ်ရေညှိမှာ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင် K နဲ့ ဖောလစ် အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။

နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်တဲ့ အသားအရေ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အသားအရေ ရောင်ရမ်းခြင်း နီမြန်းခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အရေပြားကို ပြန်လည်နုပျိုစေနိုင်တဲ့ အာနိဿင်များစွာ ပါဝင်ပြီးခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်တွေကိုလည်း ထိန်းညှိရန် ကူညီပေးနိုင်ပါတယ်။

မျက်နှာကို နှိပ်နယ်ပေးခြင်း

မျက်နှာကို နှိပ်နယ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို ကြွက်သားတွေကိုလည်း တိုးတက်ကောင်းမွန်ဆေးပါတယ်။

spa တို့ အလှပြင်ဆိုင်တို့မှာ သွားရောက်နှိပ်နယ်တာမျိုးမဟုတ်ဘဲ သင်ကိုယ်တိုင် အိမ်မှာနေရင်း နှိပ်နယ်နိုင်ပါတယ်။

မျက်နှာပြင်ကို နှိပ်နယ်ဖို့အတွက် multi-angle rollers လေးတွေ စတိုးဆိုင် ဒါမှမဟုတ် အွန်လိုင်းမှာ ရှာဝယ်ပြီး မျက်နှာကို ကိုယ်တိုင်နှိပ်နယ်ပေးနိုင်ပါတယ်။

ဒီဇိုင်းမျိုးစုံ/ ပုံစံမျိုးစုံ ထုတ်လုပ်ထားတဲ့အတွက် သင့်မျက်နှာကောက်ကြောင်းနဲ့ အဆင်ပြေမဲ့ rollers မျိုးကို ရွေးချယ်ဝယ်ယူဖို့လည်း လိုအပ်ပါတယ်။

ထိုကဲ့သို့ ပုံမှန်ပြုလုပ်ပေးခြင်းဟာ သင့်ကို ပြန်လည်နုပျိုလာစေဖို့ များစွာ အထောက်အကူဖြစ်စေမှာ သေချပါတယ်။

သဘာဝ ပစ္စည်များဖြင့် သန့်စင်ပါ။

ဂျပန်အမျိုးသမီးအများစုဟာ တက်နိုင်သမျှ သူတို့အသားအရေအတွက် သဘာဝနည်းလမ်းတွေကိုပဲ ပိုမို အသုံးပြုလေ့ရှိပါတယ်။

အထူးသဖြင့် မျက်နှာကို ဆေးကြောသန့်စင်တဲ့အခါမျိုးမှာ ဓာတုပစ္စည်းပါဝင်တဲ့ ထုတ်ကုန်မျိုးကို အသုံးပြုလေ့မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ အဆိုပါ ဓာတုထုတ်ကုန်တွေဟာ အသားအရေနဲ့ မတည့်တဲ့အခါ ပိုပြီး အသားအရေကိုပျက်စီးကြမ်းတမ်းစေတာကြောင့်ပဲဖြစ်ပါတယ်။

များသောအားဖြင့် အသားအရေအတွက် ကောင်းမွန်တဲ့ ဆီ၊ အသီးအနှံတို့နဲ့ပဲ မျက်နှာကို ပေါင်းတင် သန့်ရှင်းလေ့ရှိကြပါတယ်။

ညအိပ်ရာဝင်ခါနီး အချိန်မျိုးမှာ အသားအရေကို ဆေးကြောသန့်စင်တတ်ပါတယ်။ အဆီပြန်တဲ့ အသားအရေဆို အသားအရေနဲ့ တစ်နေ့တာ ထိတွေ့မှုပေါ် မူတည်ပြီး သဘာဝသီးနှံတွေကိုသာ ပိုမို အသုံးပြုတတ်ကြပါတယ်။

ဆန်ဆေးရည်

အိမ်တွင်းအလွယ်တကူ ရရှိနိုင်တဲ့ ဆန်ဆေးရည်ဟာ သင့်အသားအရေကို ပိုမိုချော့မွေ့ဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။

မနက်ဖက် ထမင်းချက်တိုင်း ဆန်ဆေးတဲ့အခါ ဒုတိယသွန်မဲ့ ရည်ကို ခံထားပြီး သင့်မျက်နှာကို ထိုရည်ဖြစ်သစ်ပေးပါ။ဆန်ဆေးရည်ဟာ ကလေးတစ်ယောက်ရဲ့ အသားအရေလိုပဲ နူးညံ့မှုကို ပေးစွမ်းနိုင်ပါတယ်။

ဆန်ဆေးရေဖြင့် မျက်နှာသန့်စင်တဲ့အခါ ၅မိနစ်လောက် ကြာအောင် မျက်နှာတစ်ပြင်လုံး နှံ့နှံ့စပ်စပ် သစ်ပေးဖို့ လိုအပ်ပါတယ်။

ပြီးလျှင် မိနစ် ၂၀ခန့် ထားပြီးမှ သင့်မျက်နှာကို ရေဖြင့် ထပ်မံ ဆေးကြောသန့်စင်ပေးလိုက်ပါ။ ပုံမှန် အသုံးပြုရင်းထူးခြားကောင်းမွန်တဲ့ ရလဒ်မျိုး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်