၅ မိနစ္ လဲေလ်ာင္းေန႐ုံနဲ႔ ခါးအဆီေတြျဖဳတ္ခ်ႏိုင္မယ့္အထိေရာက္ဆုံး နည္းလမ္း
ဟို ဒိန္ခ်ဥ္ဗူးေၾကာ္ျငာထဲကလိုေပါ့ မ်က္ႏွာေလးက ဘယ္ေလာက္လွလွ ခါးမွာ အဆီေတြ အတစ္လိုက္ေတြ႕ရေသာအခါ ခရက္ရွ္ေလးက ခါးသြယ္သြယ္နဲ႔ ေကာင္မေလးေနာက္ ပါသြားတာ ၾကည့္ဖူးၾကမွာပါ။
တစ္ကယ္လည္း ခါးအဆီေတြက အဝတ္အစား ဝတ္တဲ့အခါ အရမ္းဒုကၡေပးပါတယ္၊မတ္တပ္ရပ္လမ္းေလွ်ာက္စဥ္ ျပႆနာမဟုတ္ ဖုံးကြယ္ထားႏိုင္ေပမယ့္ထိုင္လိုက္တဲ့အခါမွာေတာ့ အရစ္လိုက္အေခါက္လိုက္နဲ႔ အေတာ္႐ုပ္ဆိုးပါတယ္။
အခုေဖာ္ျပမယ့္ နည္းလမ္းကေတာ့ ေငြေၾကးလည္းမကုန္ လူလည္းအရမ္းမပင္ပန္းပဲနဲ႔တစ္ရက္မွာ ၁၅ မိနစ္ေလာက္ လုပ္႐ုံနဲ႔ ခါးပတ္လည္က အဆီေတြကို သိသိသာသာ ေပ်ာက္ကြယ္သြားပါလိမ့္မယ္။
ဒီနည္းက နယ္နယ္ရရ နည္းလမ္းေတာ့မဟုတ္ပါဘူး ခႏၶာကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ႏိုင္ဖို႔ေလ့က်င့္ခန္းနည္းေတြကို ၁၀ ႏွစ္ေက်ာ္ၾကာ အစဥ္တစိုက္ေလ့လာေနတဲ့ဂ်ပန္လူမ်ိဳး ေဒါက္တာ ဖူးကုရႈဒီ ရဲ႕ နည္းလမ္းျဖစ္ၿပီး အ႐ိုးအဆစ္ေရာဂါေတြကိုပါ သက္သာေလ်ာ့ပါးေစပါတယ္။
ရွင္းလင္းခ်က္အရ ခႏၶာကိုယ္က အဆီေတြဟာ ထိုင္တဲ့ပုံစံ၊ လဲေလ်ာင္းတဲ့ပုံစံ လြဲမွားတာေၾကာင့္ ဝမ္းဗိုက္ျပင္နဲ႔ ခါးတို႔မွာ လာစုၿပီးခႏၶာကိုယ္ေအာက္ပိုင္း နံ႐ိုးနဲ႔ တင္ပါးဆုံ႐ိုးတို႔က အဲဒီအဆီဖိတဲ့ ဒဏ္ကိုခံရပါတယ္။
ဒါေၾကာင့္ ခါးမွာအဆီမ်ားတဲ့သူေတြ ခါးနာတဲ့ ေဝဒနာခံစားရတာျဖစ္ပါတယ္။ဒီလိုဝမ္းျပင္က အဆီေတြကို ဖယ္ရွားဖို႔ အလြယ္ဆုံးနည္းလမ္းကေတာ့ အ႐ိုးအဆစ္ေတြရဲ႕အေနအထားကို ပုံမွန္ျပန္ျဖစ္ေအာင္၊ ဝမ္းဗိုက္ႂကြသားေတြ တင္းရင္းလာေအာင္ ျပဳလုပ္ရတဲ့ နည္းပဲျဖစ္ပါတယ္။
ေအာက္ေဖာ္ျပပါ နည္းလမ္းကို အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ျပဳလုပ္ႏိုင္ပါတယ္။
နည္းလမ္း
၁။ အရင္ဦးဆုံး အရွည္ ၄၀ စင္တီမီတာေလာက္ ရွိတဲ့မ်က္ႏွာသုတ္ပဝါတစ္ထည္ကို အခ်င္း ၁၀ စင္တီမီတာေလာက္ရေအာင္ လိပ္ပါ၊အလိပ္မေျပေအာင္ ႀကိဳးနဲ႔စည္းထားပါက ပိုေကာင္းပါတယ္။
၂။ ေအာက္ခံမ်က္ႏွာျပင္ ညီညာေတာင့္တင္းတဲ့ၾကမ္းျပင္၊ ေယာဂဖ်ာ၊ ေကာ္ေဇာ စသည္ျဖင့္ တစ္ခုခုေပၚမွာ ပက္လက္လဲေလ်ာင္းၿပီးလိပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို ခါးနဲ႔ ၾကမ္းျပင္ ၾကားက လြတ္ေနတဲ့ေနရာမွာ ခုထည့္လိုက္ပါ။ (မွတ္ခ်က္။ ။ ေမြ႕ယာေပၚမွာ မလုပ္ရပါ)
၃။ ေျခေထာက္ ႏွစ္ဖက္ကို မ်ဥ္းၿပိဳင္ တည့္တည့္ဆန႔္တန္းၿပီး ေျခမထိပ္ျခင္း လွမ္းထိတားပါ။
၄။ လက္ႏွစ္ဖက္ကိုလည္း ေျခေထာက္နည္းတူ တည့္တည့္ဆန႔္တန္းထားၿပီးလက္ကို ေမွာက္ခုံအေနအထားလွည့္ၿပီး လက္သန္းထိပ္ျခင္း ထိထားပါ။
အဆိုပါ အေနအထားအတိုင္း ၿငိမ္ၿငိမ္ထားၿပီး တစ္မိနစ္ ႏွစ္မိနစ္ခန႔္ ၾကာတဲ့အခါဝမ္းဗိုက္သား ေတာင့္တင္းပူေႏြးလာတာကို ခံစားလာရၿပီဆိုရင္ ဒီနည္းက မွန္ကန္ၿပီး အလုပ္ျဖစ္တယ္လို႔ မွတ္ယူပါ။
ဒီအေနအထားအတိုင္း ၅ မိနစ္ခန႔္ေနၿပီးရင္ ေဘးေစာင္းလွဲခ်ၿပီး ျဖည္းျဖည္းခ်င္း ျပန္ထပါ။
ဒီေလ့က်င့္ခန္းကို တစ္ေန႔ ၃ ႀကိမ္ မွန္မွန္ လုပ္ႏိုင္မယ္ဆိုရင္ျမန္ျမန္ဆန္ဆန္ ဗိုက္ေခါက္အဆီက်လာတာကို ကိုယ္တိုင္လက္ေတြ႕ ခံစားရမွာျဖစ္ပါတယ္။
ဒီနည္းကို ကေလးေမြးၿပီးကာစ ခႏၶာကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိုတဲ့ မိခင္ေတြလည္း လိုက္လုပ္ႏိုင္ပါတယ္။
မွတ္ခ်က္။ ။ ေဖာ္ျပပါေလ့က်င့္ခန္းကို ေက်ာ႐ိုးျပႆနာရွိသူမ်ား၊ အ႐ိုးအဆစ္ေရာင္ယမ္းနာ ရွိသူမ်ားအေနနဲ႔တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွသာ လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းပါတယ္။
ေလ့က်င့္ခန္းလုပ္ေနစဥ္ ပထမ တစ္မိနစ္ ႏွစ္မိနစ္မွာ ေနမထိထိုင္မသာ အဆင္မေျပျဖစ္လာတတ္ပါတယ္။
ဒီလိုျဖစ္လာရင္ ခဏရပ္လိုက္ပါ။ ေနာက္တစ္ႀကိမ္ ျပန္လုပ္ၾကည့္ၿပီး၅ မိနစ္ခန႔္ ေနႏိုင္လာသည္ထိ အခ်ိန္တျဖည္းျဖည္း ျမႇင့္၍ ေလ့က်င့္သြားပါ။
ေဖာ္ျပပါ ေလ့က်င့္ခန္းကို လိုက္လုပ္ၾကသူေတြမ်ားစြာရွိၿပီး လူအေတာ္မ်ားမ်ားက ေလ့က်င့္ခန္း လုပ္ၿပီးသိပ္မၾကာခင္မွာ ခါးအဆီေတြ ၂ စင္တီမီတာေလာက္ ျပဳတ္သြားတယ္လို႔ သိရပါတယ္။
ကိုယ္တိုင္ ေလ့က်င့္ၿပီးတဲ့အခါ ခါးအဆီဘယ္ေလာက္ ေလ်ာ့က်သြားလည္းဆိုတာ ျပန္လည္ ေဝမွ်ေပးပါဦးေနာ္။
Unicode
၅ မိနစ် လဲလျောင်းနေရုံနဲ့ ခါးအဆီတွေဖြုတ်ချနိုင်မယ့်အထိရောက်ဆုံး နည်းလမ်း
ဟို ဒိန်ချဉ်ဗူးကြော်ငြာထဲကလိုပေါ့ မျက်နှာလေးက ဘယ်လောက်လှလှ ခါးမှာ အဆီတွေ အတစ်လိုက်တွေ့ရသောအခါ ခရက်ရှ်လေးက ခါးသွယ်သွယ်နဲ့ ကောင်မလေးနောက် ပါသွားတာ ကြည့်ဖူးကြမှာပါ။
တစ်ကယ်လည်း ခါးအဆီတွေက အဝတ်အစား ဝတ်တဲ့အခါ အရမ်းဒုက္ခပေးပါတယ်၊မတ်တပ်ရပ်လမ်းလျှောက်စဉ် ပြဿနာမဟုတ် ဖုံးကွယ်ထားနိုင်ပေမယ့်ထိုင်လိုက်တဲ့အခါမှာတော့ အရစ်လိုက်အခေါက်လိုက်နဲ့ အတော်ရုပ်ဆိုးပါတယ်။
အခုဖော်ပြမယ့် နည်းလမ်းကတော့ ငွေကြေးလည်းမကုန် လူလည်းအရမ်းမပင်ပန်းပဲနဲ့တစ်ရက်မှာ ၁၅ မိနစ်လောက် လုပ်ရုံနဲ့ ခါးပတ်လည်က အဆီတွေကို သိသိသာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီနည်းက နယ်နယ်ရရ နည်းလမ်းတော့မဟုတ်ပါဘူး ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လေ့ကျင့်ခန်းနည်းတွေကို ၁၀ နှစ်ကျော်ကြာ အစဉ်တစိုက်လေ့လာနေတဲ့ဂျပန်လူမျိုး ဒေါက်တာ ဖူးကုရှုဒီ ရဲ့ နည်းလမ်းဖြစ်ပြီး အရိုးအဆစ်ရောဂါတွေကိုပါ သက်သာလျော့ပါးစေပါတယ်။
ရှင်းလင်းချက်အရ ခန္ဓာကိုယ်က အဆီတွေဟာ ထိုင်တဲ့ပုံစံ၊ လဲလျောင်းတဲ့ပုံစံ လွဲမှားတာကြောင့် ဝမ်းဗိုက်ပြင်နဲ့ ခါးတို့မှာ လာစုပြီးခန္ဓာကိုယ်အောက်ပိုင်း နံရိုးနဲ့ တင်ပါးဆုံရိုးတို့က အဲဒီအဆီဖိတဲ့ ဒဏ်ကိုခံရပါတယ်။
ဒါကြောင့် ခါးမှာအဆီများတဲ့သူတွေ ခါးနာတဲ့ ဝေဒနာခံစားရတာဖြစ်ပါတယ်။ဒီလိုဝမ်းပြင်က အဆီတွေကို ဖယ်ရှားဖို့ အလွယ်ဆုံးနည်းလမ်းကတော့ အရိုးအဆစ်တွေရဲ့အနေအထားကို ပုံမှန်ပြန်ဖြစ်အောင်၊ ဝမ်းဗိုက်ကြွသားတွေ တင်းရင်းလာအောင် ပြုလုပ်ရတဲ့ နည်းပဲဖြစ်ပါတယ်။
အောက်ဖော်ပြပါ နည်းလမ်းကို အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း
၁။ အရင်ဦးဆုံး အရှည် ၄၀ စင်တီမီတာလောက် ရှိတဲ့မျက်နှာသုတ်ပဝါတစ်ထည်ကို အချင်း ၁၀ စင်တီမီတာလောက်ရအောင် လိပ်ပါ၊အလိပ်မပြေအောင် ကြိုးနဲ့စည်းထားပါက ပိုကောင်းပါတယ်။
၂။ အောက်ခံမျက်နှာပြင် ညီညာတောင့်တင်းတဲ့ကြမ်းပြင်၊ ယောဂဖျာ၊ ကော်ဇော စသည်ဖြင့် တစ်ခုခုပေါ်မှာ ပက်လက်လဲလျောင်းပြီးလိပ်ထားတဲ့ မျက်နှာသုတ်ပဝါကို ခါးနဲ့ ကြမ်းပြင် ကြားက လွတ်နေတဲ့နေရာမှာ ခုထည့်လိုက်ပါ။ (မှတ်ချက်။ ။ မွေ့ယာပေါ်မှာ မလုပ်ရပါ)
၃။ ခြေထောက် နှစ်ဖက်ကို မျဉ်းပြိုင် တည့်တည့်ဆန့်တန်းပြီး ခြေမထိပ်ခြင်း လှမ်းထိတားပါ။
၄။ လက်နှစ်ဖက်ကိုလည်း ခြေထောက်နည်းတူ တည့်တည့်ဆန့်တန်းထားပြီးလက်ကို မှောက်ခုံအနေအထားလှည့်ပြီး လက်သန်းထိပ်ခြင်း ထိထားပါ။
အဆိုပါ အနေအထားအတိုင်း ငြိမ်ငြိမ်ထားပြီး တစ်မိနစ် နှစ်မိနစ်ခန့် ကြာတဲ့အခါဝမ်းဗိုက်သား တောင့်တင်းပူနွေးလာတာကို ခံစားလာရပြီဆိုရင် ဒီနည်းက မှန်ကန်ပြီး အလုပ်ဖြစ်တယ်လို့ မှတ်ယူပါ။
ဒီအနေအထားအတိုင်း ၅ မိနစ်ခန့်နေပြီးရင် ဘေးစောင်းလှဲချပြီး ဖြည်းဖြည်းချင်း ပြန်ထပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၃ ကြိမ် မှန်မှန် လုပ်နိုင်မယ်ဆိုရင်မြန်မြန်ဆန်ဆန် ဗိုက်ခေါက်အဆီကျလာတာကို ကိုယ်တိုင်လက်တွေ့ ခံစားရမှာဖြစ်ပါတယ်။
ဒီနည်းကို ကလေးမွေးပြီးကာစ ခန္ဓာကိုယ်အလေးချိန် လျော့ချလိုတဲ့ မိခင်တွေလည်း လိုက်လုပ်နိုင်ပါတယ်။
မှတ်ချက်။ ။ ဖော်ပြပါလေ့ကျင့်ခန်းကို ကျောရိုးပြဿနာရှိသူများ၊ အရိုးအဆစ်ရောင်ယမ်းနာ ရှိသူများအနေနဲ့တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။
လေ့ကျင့်ခန်းလုပ်နေစဉ် ပထမ တစ်မိနစ် နှစ်မိနစ်မှာ နေမထိထိုင်မသာ အဆင်မပြေဖြစ်လာတတ်ပါတယ်။
ဒီလိုဖြစ်လာရင် ခဏရပ်လိုက်ပါ။ နောက်တစ်ကြိမ် ပြန်လုပ်ကြည့်ပြီး၅ မိနစ်ခန့် နေနိုင်လာသည်ထိ အချိန်တဖြည်းဖြည်း မြှင့်၍ လေ့ကျင့်သွားပါ။
ဖော်ပြပါ လေ့ကျင့်ခန်းကို လိုက်လုပ်ကြသူတွေများစွာရှိပြီး လူအတော်များများက လေ့ကျင့်ခန်း လုပ်ပြီးသိပ်မကြာခင်မှာ ခါးအဆီတွေ ၂ စင်တီမီတာလောက် ပြုတ်သွားတယ်လို့ သိရပါတယ်။
ကိုယ်တိုင် လေ့ကျင့်ပြီးတဲ့အခါ ခါးအဆီဘယ်လောက် လျော့ကျသွားလည်းဆိုတာ ပြန်လည် ဝေမျှပေးပါဦးနေ