Knowledge

သရဏဂုံ သုံးပါးကို အၿမဲမပ်က္႐ြတ္ ဆိုပြားမ်ားေသာ ပုဂၢိဳလ္ ရရွိႏိုင္ေသာ အက်ိဳးတရားမ်ား…

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ် ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သော အကျိုးတရားများ..

မိမိ ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။

၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်။

၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။

၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။

ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။

ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –

၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။

၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊

အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊

ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များကလိုက်လျောကြရခြင်း၊

မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် ..အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့်  အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။

ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။

သံသရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သောအကျိုးတရားများကို ရရှိပါလိမ့်မည်။

ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းအပ်ပါသည်။

Credit to original writer

Zawgyi

သရဏဂုံ သုံးပါးကို အၿမဲမပ်က္႐ြတ္ ဆိုပြားမ်ားေသာ ပုဂၢိဳလ္ ရရွိႏိုင္ေသာ အက်ိဳးတရားမ်ား…

မိမိ ၏ အေဆြ ခင္ပြန္း မ်ားကို မည္သူကမွ် ပ်က္စီးေအာင္မျပဳလုပ္ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံႏိုင္ပါသည္။

ထို႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္အတြက္ အခ်ိန္မရေသာသူမ်ားသည္ သရဏဂုံသုံးပါးကို အၿမဲမျပတ္ ႐ြတ္ ဆိုပြားမ်ားသင့္ပါသည္။

သရဏဂုံ သုံးပါးကို အၿမဲမပ်က္႐ြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္သည္ ေအာက္ပါ အက်ိဳးတရားမ်ားကို ရရွိႏိုင္ပါသည္။။

၁။ ဒိ သာသု ပူဇိေတာ ေဟာမိ။ သြားေလရာ အရပ္တိုင္း၌ေလးစားျမတ္ႏိုးျခင္းခံရမည္။

၂ ။ တိကၡပေညာ။ ဉာဏ္အလြန္ထက္ျမက္မည္။

၃။ သေဗၺ ေဒဝါႏုဝတၱႏၲိ။ နတ္တို႔၏ ေစာင့္ေရွာက္ျခင္းခံရမည္။

၄။ အမိတေဘာဂံ လဘာမဟံ။ စီးပြားေရး အဆင္ေျပမည္။

၅။ သုဝဏၰဝေဏၰာ သဗၺတၳ။ ျဖစ္ေလရာဘဝတိုင္း၌ ႐ုပ္အဆင္းအလြန္လွပမည္။

၆။ ပဋိကေႏၲာ ဘဝါမဟံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူခ်စ္လူခင္ အလြန္ေပါမည္။

၇။ မိတၱာနံ အစေလာ ေဟာမိ။ ျဖစ္ေလရာဘဝတိုင္း၌ မိတ္ေကာင္းေဆြေကာင္းခိုင္ၿမဲမည္။ ။

၈။ ယေသာ အဗၻဳဂၢေတာ မမံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူအမ်ား၏ ေလးစားျခင္းခံရမည္။ ေကာင္းေသာစကားမ်ားကိုသာေျပာၾကမည္။

ေကာင္းသတင္းမ်ားသာေက်ာေဇာလိမ့္မည္ဟု တိသရဏမေထရ္ ရဟႏၲာအရွင္ျမတ္က ေဟာၾကားခဲ့သည္။

ဒီဃနိကာယ္(ႏွာ-၃၃၂) သံယုတၱနိကာယ္(ႏွာ-၃၄၁) တို႔၌ လာေသာ သရဏံ၏အက်ိဳးတရားမ်ားမွာ –

၁။ ယခုပစၥဳပၸန္ဘဝ၌ က်ေရာက္ဆဲ က်ေရာက္လတၱံ့ေသာ အႏၲရာယ္မ်ားရွိျခင္း၊ေၾကာက္႐ြံ႕ျခင္း၊ ထိတ္လန္႔ျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ အပါယ္ေလးပါးသို႔ လားေရာက္ရျခင္းစသည္ တို႔ကို တားျမစ္ဖ်က္ဆီးေပးတတ္၏။

၂။ေနာင္ဘဝ နတ္ျပည္သို႔ ေရာက္သည့္အခါတြင္လည္း သရဏဂုံ တည္ေသာနတ္သည္ သရဏဂုံ မတည္ေသာ နတ္ထက္အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ အေႁခြအရံေပါမ်ားျခင္း၊

အပူေဇာ္ခံရျခင္း ထက္ျမက္ေသာ ဉာဏ္ပညာရွိျခင္း၊ မႏႈိင္းယွဥ္ႏိုင္ေသာ စည္းစိမ္ခ်မ္းသာကိုရရွိျခင္း၊ ေ႐ႊအဆင္းႏွင့္တူေသာ အဆင္းရွိျခင္း၊ ခ်စ္ခင္ ႏွစ္သက္မႈကို ရရွိျခင္း၊

ေက်ာ္ေစာထင္ရွားျခင္း၊ အစိုးရျခင္း၊ နတ္တို႔၏ အာ႐ုံငါးပါးတြင္ သာလြန္ျခင္း၊ မိမိ၏အလိုကို အျခားေသာ နတ္မ်ားကလိုက္ေလ်ာၾကရျခင္း၊

မိမိ၏ အေဆြခင္ပြန္းမ်ားကို မည္သူကမွ် ပ်က္စီးေအာင္မျပဳလုပ္ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံႏိုင္ပါသည္။

ထို႔ေၾကာင့္ အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္အတြက္ အခ်ိန္မရေသာသူမ်ားသည္ သရဏဂုံသုံးပါးကို အၿမဲမျပတ္ ႐ြတ္ ဆိုပြားမ်ားသင့္ပါသည္။

ထိုသို႔ ႐ြတ္ဆိုပြားမ်ားရျခင္း အက်ိဳးေၾကာင့္ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္တြင္ နိဗၺာန္ကိုမ်က္ေမွာက္ျပဳၾကရပါမည္။

သံသရာ၌ က်င္လည္ရလွ်င္လည္း ေဖၚျပခဲ့ေသာအက်ိဳးတရားမ်ားကို ရရွိပါလိမ့္မည္။

ထို႔ေၾကာင့္ သရဏဂုံ သုံးပါးကို သတိရတိုင္း အမွတ္ရတိုင္း စိတ္ထဲမွာ ႐ြတ္ဆိုပြားမ်ားၾကပါဟု တိုက္တြန္းအပ္ပါသည္။

Credit to original writer