Knowledge
ဖောက်ထွင်းခံလိုက်ရတဲ့ ရွှေထုပ်နဲ့ပိုက်ဆံ သူခိုးကိုယ်တိုင်ပြန်လာပို့ရတဲ့အထိ အစွမ်းပြခဲ့တဲ့ နာမည်ကြီး ဗေဒင်ဆရာ လင်းညှို့တာရာ
နာမည်ကြီး ဗေဒင်ဆရာ လင်းညှို့တာရာကတော့ ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေ ချက်ချင်း ပြန်ရအောင် လုပ်ပြသွားပါပြီ။
ဆရာလင်းညှို့တာရာဟာ မကြာသေးမီ အချိန်ကမှ မတရားဖမ်းဆီးခံရတာကနေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
လူငယ်သလောက် ပညာအရာမှာ မငယ်လှတဲ့ ဆရာ လင်းညှို့တာရာဟာ ဖောက်ထွင်းခံရတဲ့ ရွှေထုပ်နဲ့
သိန်းနှစ်ဆယ်ကို ပြန်ရအောင် စီရင်ပေးခဲ့လို့ ပစ္စည်းရှင်ကိုယ်တိုင် လာကန်တော့တဲ့ အကြောင်း
သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားမှုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်
“ဟိုနေ့က အဖောက်ထွင်းခံလိုက်ရထားပစ္စည်းတွေထဲက ရွှေထုပ် နဲ့ ပိုက်ဆံ သိန်းနှစ်ဆယ်ဝန်းကျင်ကို
အိမ်ရှေ့ မှာ သူခိုးက လာပစ်သွားလို့ အခုပဲ ထပ်မံ၍ လာကန်တော့သွားတယ်။ ပိုက်ဆံအပြည့် ပြန်ရတာတော့ မဟုတ်ဘူးပေါ့။
ကျန်တဲ့ပိုက်ဆံသုံးပြီးနေလည်း ဒီသူခိုး သုံးစားမရတော့ပါဘူး။
တောက်လောင်ရှိန်စက် အဝိစီမီးသို့နှယ်ပါ။
ရွှေထုပ်ပြန်ရတာနဲ့တင် သူတို့ခမျာ အရမ်းပျော်နေရှာပြီ။
ခိုးတဲ့သူကလည်း ဘယ်လောက်တောင်ပူနေလဲမပြောတတ်ဘူး။ လာပေးရတယ်ဆိုတော့ကား ။
ဘယ်သူခိုးက ခိုးပြီးသားပစ္စည်းပြန်လာပို့မှာလဲ။
ပညာစက်ကတော့ လူထက်တောင်သွားသေးတယ်လေ။ ဝမ်းသာပီတိဖြစ်မိပါတယ်။ (လင်းညှို့တာရာ)”ဆိုပြီး
သူ့ရဲ့ လူမှုကွန်ယက်မှာ မျှဝေထားတာ ဖြစ်ပါတယ်,,,အသက်ငယ်ပေမယ့် ပညာမငယ်တဲ့
ဆရာ လင်းညှို့တာရာရဲ့ ပညာစွမ်းလေးကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်..
စာဖတ်သူအားလုံး ဘေးရန် ကင်းကွာလိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
Zawgyi