Knowledge

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မိဘကို လုံးဝမပြောသင့်တဲ့စကား (၇)မျိုး

ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မိဘကို လုံးဝမပြောသင့်တဲ့စကား (၇)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မိဘနဲ့သားသမီးကြားမှာ စိတ်အခန့်မသင့်လို့ မိဘကိုပြန်ပြီးတော့ အော်မိပြောမိတာတွေရှိတတ်ကြပါတယ်။

ဒါပေမယ့် အဲ့ဒီလို ပြန်ပြောတတ်တာတွေက တစ်ခါတစ်လေမှာ ဘာမှမဖြစ်ပေမယ့် မသိသာကြပေမယ့် မိဘတွေကို လုံးဝ မပြောသင့်တဲ့စကားဆိုတာမျိုးလည်း ရှိပါသေးတယ်။

ကိုယ်တွေက မသိလိုမသိဘာသာ ဒီအတိုင်း အမှတ်တမဲ့ပြောလိုက်တဲ့ စကားတွေ ဆိုပေမယ့် ကိုယ်တွေကို တကယ်ချစ်ပြီး တကယ်ဂရုစိုက်ပေးကြတဲ့ မိဘတွေကိုတော့ မပြောသင့်တဲ့စကား (၇) မျိုးရှိပါတယ်။

အထူသဖြင့် ကိုးလလွယ် ဆယ်လဖွားပေးတဲ့ မာတာမိခင်ကိုပေါ့။ ခံစားချက်အတိုင်း အမှန်အတိုင်း ထုတ်ပြောပြတာဟာ ကောင်းပေမယ့် မိဘတွေနဲ့ပတ်သတ်ရင်တော့ အမြဲတမ်းလိုလို တုန့်ပြန်ပြောဆိုတာဟာ လုံးဝမကောင်းပါဘူး။

ကျေးဇူးရှင် မိဘနှစ်ပါးလည်းဖြစ် လက်ဦးဆရာလည်း ဖြစ်တာမို့ မိဘတွေကို စကားပြောဆိုတဲ့ အခါမှာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

မိဘတွေကို လုံးဝမပြောသင့်တဲ့ စကားလေးတွေကတော့-

(၁) မုန်းတယ် ဆိုတဲ့စကားကို လုံးဝလုံးဝ မပြောသင့်ပါဘူး။

ဒီစကားက သာမန်လူတွေ ကြားတဲ့အခါမှလည်း ခံစားရခက်သလို ကိုယ်တွေကို ကျွေးမွေးပြုစုတဲ့ မိဘနှစ်ပါးဆိုရင် ဘယ်လောက်တောင်ခံစားလိုက်ရမလဲ။

ဒါ့ကြောင့် ဒီစကားကို မပြောမိအောင် ရှောင်ရှားရပါမယ်။

(၂) ဘာဖြစ်လို့များ မွေးခဲ့တာလဲလို့ လုံးဝ မပြောသင့်ပါဘူး

ဘယ်လိုအခြေနေ ဘယ်လိုဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေပါစေ သင်ဟာ သူတို့ရဲ့ သွေးသားတစ်ခုပါ။ သင့်ကို ရင်နှင့်အမျှချစ်တဲ့ မိဘနှစ်ပါးကို သဘောထားမတိုက်ဆိုင်တာနဲ့ ဒီလိုစကား လုံးဝ မပြောသင့်ပါဘူး။

(၃) သင့်ကို ဘယ်တော့မှ အားမပေးဘူးလို့ မပြောသင့်ပါဘူး။

သင့်ကို အားမပေးဘူးဆိုတာဟာ သင်ရွေးချယ်တဲ့လမ်း သင်လုပ်တဲ့အလုပ်ကို မသိနားမလည်တဲ့အတွက်ကြောင့်ဖြစ်စေ တခြားသော အားမပေးရတဲ့ အကြောင်းရင်းတစ်ခု ရှိနေလို့ပါ။

ဒါကို မိဘတွေဘက်ကနေ ပြန်တွေးပြီး နာလည်ပေးကာ သင်ရွေးထားတဲ့ လမ်းကို ပြန်စဉ်းစားသင့်ပါတယ်။

(၄) သင်ကလွဲရင် သင့်ရဲ့ညီအကိုမောင်နှမတွေကိုပဲ ချစ်တယ် သူတို့ကိုပဲပိုချစ်နေတယ်လို့ မပြောသင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့ မိဘတွေက သသမီးအကုန်လုံးကို တန်းတူချစ်တာပါ။ သင့်ကို ချစ်ကြောင်း ထုတ်မပြတတ်လို့ မရှင်းပြတတ်လို့သာ ဘာမှမပြောကြတာပါ။

သင့်ကို စိတ်ပူလို့ မေတ္တာဒေါသကြောင့် ဆူလိုက်မိတိုင်း သင်စိတ်ဆိုးသွားတဲ့နောက်ပိုင်း စိတ်ပူနေတတ်ကြတာ မိဘတွေပါပဲ။ဒါကြောင့် သင့်ကိုချစ်တယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ပါ။

(၅)ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ် ဆိုတဲ့စကားကိုလည်း လုံးဝမပြောသင့်ပါဘူး။ မိဘတွေက သားသမီးတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး။

မိဘ ဆိုတာ သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်ကြတာပါ။ ဘဝပေးအခြေနေမကောင်းလို့ ဆင်းရဲတာရှိသလို ငွေကြေးချမ်းသာပေမယ့်လည်း စိတ်ဆင်းရဲနေကြရတဲ့သူတွေ ရှိကြပါတယ်။

ဘယ်သူမှ ပြည့်စုံတဲ့သူ မရှိကြပါဘူး။ ဒါကြောင့် ဒီစကားဟာ သင့်မိဘကို နာကျင်စေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် လုံးဝ မပြောမိအောင် ရှောင်ရှားသင့်ပါတယ်။

(၆) မိဘတွေကို ဝိုင်းကူရတာ / ထောက်ပံ့ရတာ ပင်ပန်းတယ်လို့ လုံးဝ မငြီးပါနဲ့။

သင့်ကို ငယ်ရွယ်စဉ်ကတည်းက အခုချိန် အသက်အရွယ်အထိ ပြုစုစောင့်ရှောက်လာတာ ပင်ပန်းတယ်ဆိုပြီး တစ်ချက်တောင် မငြီးခဲ့တာ သင့်မိဘတွေပါပဲ။

ဒါ့ကြောင့် သင်ရဲ့မိဘကို ထောက်ပံ့ကူညီပေးတာဟာ ပင်ပန်းတယ်ဆိုပြီး လုံးဝမငြီးသင့်ပါဘူး။

(၇) မိဘတွေအနား မနေချင်ဘူးလို့ လုံးဝ မပြောသင့်ပါဘူး။

မိဘတွေ အသက်အရွယ်ရလာတဲ့အခါ အားကိုးစရာဆိုလို့ ဒီသားသမီးတွေပဲရှိတာပါ။ ဒီစကားကို မပြောသင့်တာဟာ မိဘတွေကို အားငယ် အထီးကျန်စေလို့ပါပဲ။

မိဘတွေ အသက်ကြီးလာတဲ့အခါ သည်းခံရတာတွေ ပြုစုရတာတွေ များလာမှာပါ။

စိတ်ဆိုးတဲ့အခါ စကားမပြောတာတွေ မသိချင်ယောင်ဆောင်တာတွေ ရှောင်တာတွေ အဆက်အသွယ်မလုပ်တာတွေဟာ ကြာလာရင် မိဘမရှိတဲ့တစ်နေ့ကျမှ သင်သားသမီးရတဲ့အခါမှ နောင်တရနေပါလိမ့်မယ်။

မိဘတွေ အသက်ကြီးလာတဲ့အခါ အထီးကျန်ရင် သားသမီးတွေကိုပဲ မျှော်နေတတ် တမ်းတနေတတ်ကြတာပါပဲ။ ဒါကြောင့် ဒီစကားတွေကို လုံးဝမပြောမိအောင် ရှောင်ရှားသင့်ပါတယ်။

ပြုစုကျွေးမွေးရတာ ထောက်ပံ့ရတာ ဝိုင်းကူပေးတာတွေကို လုံးဝ မငြီးတွားသင့်ပါဘူး။ စာဖတ်ပရိသတ်ကြီးအားလုံး ကိုယ့်မိဘအပေါ် သားသမီးတာဝန် ကျေပွန်နိုင်တတ်ကြပါစေ။ (ခရစ်ဒစ်- မူရင်းရေးသားသူအား လေးစားစွာဖြင့်)

Zawgyi

ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ မိဘကို လုံးဝမေျပာသင့္တဲ့စကား (၇)မ်ိဳး

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ မိဘနဲ႕သားသမီးၾကားမွာ စိတ္အခန႔္မသင့္လို႔ မိဘကိုျပန္ၿပီးေတာ့ ေအာ္မိေျပာမိတာေတြရွိတတ္ၾကပါတယ္။

ဒါေပမယ့္ အဲ့ဒီလို ျပန္ေျပာတတ္တာေတြက တစ္ခါတစ္ေလမွာ ဘာမွမျဖစ္ေပမယ့္ မသိသာၾကေပမယ့္ မိဘေတြကို လုံးဝ မေျပာသင့္တဲ့စကားဆိုတာမ်ိဳးလည္း ရွိပါေသးတယ္။

ကိုယ္ေတြက မသိလိုမသိဘာသာ ဒီအတိုင္း အမွတ္တမဲ့ေျပာလိုက္တဲ့ စကားေတြ ဆိုေပမယ့္ ကိုယ္ေတြကို တကယ္ခ်စ္ၿပီး တကယ္ဂ႐ုစိုက္ေပးၾကတဲ့ မိဘေတြကိုေတာ့ မေျပာသင့္တဲ့စကား (၇) မ်ိဳးရွိပါတယ္။

အထူသျဖင့္ ကိုးလလြယ္ ဆယ္လဖြားေပးတဲ့ မာတာမိခင္ကိုေပါ့။ ခံစားခ်က္အတိုင္း အမွန္အတိုင္း ထုတ္ေျပာျပတာဟာ ေကာင္းေပမယ့္ မိဘေတြနဲ႕ပတ္သတ္ရင္ေတာ့ အၿမဲတမ္းလိုလို တုန႔္ျပန္ေျပာဆိုတာဟာ လုံးဝမေကာင္းပါဘူး။

ေက်းဇူးရွင္ မိဘႏွစ္ပါးလည္းျဖစ္ လက္ဦးဆရာလည္း ျဖစ္တာမို႔ မိဘေတြကို စကားေျပာဆိုတဲ့ အခါမွာ အထူးဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။

မိဘေတြကို လုံးဝမေျပာသင့္တဲ့ စကားေလးေတြကေတာ့-

(၁) မုန္းတယ္ ဆိုတဲ့စကားကို လုံးဝလုံးဝ မေျပာသင့္ပါဘူး။

ဒီစကားက သာမန္လူေတြ ၾကားတဲ့အခါမွလည္း ခံစားရခက္သလို ကိုယ္ေတြကို ေကြၽးေမြးျပဳစုတဲ့ မိဘႏွစ္ပါးဆိုရင္ ဘယ္ေလာက္ေတာင္ခံစားလိုက္ရမလဲ။

ဒါ့ေၾကာင့္ ဒီစကားကို မေျပာမိေအာင္ ေရွာင္ရွားရပါမယ္။

(၂) ဘာျဖစ္လို႔မ်ား ေမြးခဲ့တာလဲလို႔ လုံးဝ မေျပာသင့္ပါဘူး

ဘယ္လိုအေျခေန ဘယ္လိုဒုကၡေတြနဲ႕ပဲ ႀကဳံေတြ႕ေနပါေစ သင္ဟာ သူတို႔ရဲ႕ ေသြးသားတစ္ခုပါ။ သင့္ကို ရင္ႏွင့္အမွ်ခ်စ္တဲ့ မိဘႏွစ္ပါးကို သေဘာထားမတိုက္ဆိုင္တာနဲ႕ ဒီလိုစကား လုံးဝ မေျပာသင့္ပါဘူး။

(၃) သင့္ကို ဘယ္ေတာ့မွ အားမေပးဘူးလို႔ မေျပာသင့္ပါဘူး။

သင့္ကို အားမေပးဘူးဆိုတာဟာ သင္ေ႐ြးခ်ယ္တဲ့လမ္း သင္လုပ္တဲ့အလုပ္ကို မသိနားမလည္တဲ့အတြက္ေၾကာင့္ျဖစ္ေစ တျခားေသာ အားမေပးရတဲ့ အေၾကာင္းရင္းတစ္ခု ရွိေနလို႔ပါ။

ဒါကို မိဘေတြဘက္ကေန ျပန္ေတြးၿပီး နာလည္ေပးကာ သင္ေ႐ြးထားတဲ့ လမ္းကို ျပန္စဥ္းစားသင့္ပါတယ္။

(၄) သင္ကလြဲရင္ သင့္ရဲ႕ညီအကိုေမာင္ႏွမေတြကိုပဲ ခ်စ္တယ္ သူတို႔ကိုပဲပိုခ်စ္ေနတယ္လို႔ မေျပာသင့္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ မိဘေတြက သသမီးအကုန္လုံးကို တန္းတူခ်စ္တာပါ။ သင့္ကို ခ်စ္ေၾကာင္း ထုတ္မျပတတ္လို႔ မရွင္းျပတတ္လို႔သာ ဘာမွမေျပာၾကတာပါ။

သင့္ကို စိတ္ပူလို႔ ေမတၱာေဒါသေၾကာင့္ ဆူလိုက္မိတိုင္း သင္စိတ္ဆိုးသြားတဲ့ေနာက္ပိုင္း စိတ္ပူေနတတ္ၾကတာ မိဘေတြပါပဲ။ဒါေၾကာင့္ သင့္ကိုခ်စ္တယ္ဆိုတာကို အႂကြင္းမဲ့ယုံၾကည္လိုက္ပါ။

(၅)ဒီလိုမိဘမ်ိဳးနဲ႕မွ ေမြးလာရတယ္ ဆိုတဲ့စကားကိုလည္း လုံးဝမေျပာသင့္ပါဘူး။ မိဘေတြက သားသမီးေတြကို ေ႐ြးခ်ယ္ပိုင္ခြင့္ မရွိၾကသလို သားသမီးေတြကလည္း မိဘေတြကို ေ႐ြးခ်ယ္ပိုင္ခြင့္ မရွိၾကပါဘူး။

မိဘ ဆိုတာ သားသမီးေတြကို အေကာင္းဆုံးေတြပဲ ေပးခ်င္ၾကတာပါ။ ဘဝေပးအေျခေနမေကာင္းလို႔ ဆင္းရဲတာရွိသလို ေငြေၾကးခ်မ္းသာေပမယ့္လည္း စိတ္ဆင္းရဲေနၾကရတဲ့သူေတြ ရွိၾကပါတယ္။

ဘယ္သူမွ ျပည့္စုံတဲ့သူ မရွိၾကပါဘူး။ ဒါေၾကာင့္ ဒီစကားဟာ သင့္မိဘကို နာက်င္ေစမွာ အမွန္ပါပဲ။ ဒါ့ေၾကာင့္ လုံးဝ မေျပာမိေအာင္ ေရွာင္ရွားသင့္ပါတယ္။

(၆) မိဘေတြကို ဝိုင္းကူရတာ / ေထာက္ပံ့ရတာ ပင္ပန္းတယ္လို႔ လုံးဝ မၿငီးပါနဲ႕။

သင့္ကို ငယ္႐ြယ္စဥ္ကတည္းက အခုခ်ိန္ အသက္အ႐ြယ္အထိ ျပဳစုေစာင့္ေရွာက္လာတာ ပင္ပန္းတယ္ဆိုၿပီး တစ္ခ်က္ေတာင္ မၿငီးခဲ့တာ သင့္မိဘေတြပါပဲ။

ဒါ့ေၾကာင့္ သင္ရဲ႕မိဘကို ေထာက္ပံ့ကူညီေပးတာဟာ ပင္ပန္းတယ္ဆိုၿပီး လုံးဝမၿငီးသင့္ပါဘူး။

(၇) မိဘေတြအနား မေနခ်င္ဘူးလို႔ လုံးဝ မေျပာသင့္ပါဘူး။

မိဘေတြ အသက္အ႐ြယ္ရလာတဲ့အခါ အားကိုးစရာဆိုလို႔ ဒီသားသမီးေတြပဲရွိတာပါ။ ဒီစကားကို မေျပာသင့္တာဟာ မိဘေတြကို အားငယ္ အထီးက်န္ေစလို႔ပါပဲ။

မိဘေတြ အသက္ႀကီးလာတဲ့အခါ သည္းခံရတာေတြ ျပဳစုရတာေတြ မ်ားလာမွာပါ။

စိတ္ဆိုးတဲ့အခါ စကားမေျပာတာေတြ မသိခ်င္ေယာင္ေဆာင္တာေတြ ေရွာင္တာေတြ အဆက္အသြယ္မလုပ္တာေတြဟာ ၾကာလာရင္ မိဘမရွိတဲ့တစ္ေန႕က်မွ သင္သားသမီးရတဲ့အခါမွ ေနာင္တရေနပါလိမ့္မယ္။

မိဘေတြ အသက္ႀကီးလာတဲ့အခါ အထီးက်န္ရင္ သားသမီးေတြကိုပဲ ေမွ်ာ္ေနတတ္ တမ္းတေနတတ္ၾကတာပါပဲ။ ဒါေၾကာင့္ ဒီစကားေတြကို လုံးဝမေျပာမိေအာင္ ေရွာင္ရွားသင့္ပါတယ္။

ျပဳစုေကြၽးေမြးရတာ ေထာက္ပံ့ရတာ ဝိုင္းကူေပးတာေတြကို လုံးဝ မၿငီးတြားသင့္ပါဘူး။ စာဖတ္ပရိသတ္ႀကီးအားလုံး ကိုယ့္မိဘအေပၚ သားသမီးတာဝန္ ေက်ပြန္နိုင္တတ္ၾကပါေစ။ (ခရစ္ဒစ္- မူရင္းေရးသားသူအား ေလးစားစြာျဖင့္)