အရမ်းပျော်နေကြတဲ့ အသစ်စက်စက်လင်မယားနှစ်ယောက် ရဲ့ မင်္ဂလာလက်ဖွဲ့တွေကြားထဲက ရင်နာစရာ လက်ဖွဲ့တစ်ခု
“လက်မှတ်ပေးတာ ဘယ်သူလဲ”
လက်ထပ်ပြီး နောက်နေ့မနက်မှာ အသစ်စက်စက်လင်မယားနှစ်ယောက်ဟာ မိဘတွေ လက်ဖွဲ့တဲ့ တစ်ထပ်တိုက်လေးထဲမှာ လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေကြတယ်။
နှစ်ဖက်မိဘတွေဟာ အရမ်းချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ်။ နောက်ဆုံးလက်ဖွဲ့အထုတ်ကို ဖေါက်လိုက်တယ်။ အထုတ်ထဲမှာ စာအိတ်ဖြူတစ်ခုကို တွေ့ရတယ်။
စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ Live Show ပွဲတစ်ခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ်နှစ်စောင် ဖြစ်နေတယ်။
အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်းဈေးကြီးသလို လက်မှတ်ဝယ်လို့လည်း မရတော့ဘူး။ ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့နှစ်ယောက်စလုံး အင်မတန်ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ။
သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်းဝမ်းသာသွားကြတယ်။ လက်မှတ်တွေနဲ့အတူ ပန်းရောင်စာရွက်ခေါက်လေး တစ်ခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ ရေးထားတာက “လက်မှတ်ပေးသူကို မှန်းဆကြည့်ပါ” တဲ့။ စာအောက်မှာ နာမည်မပါဘူး။
လင်မယားနှစ်ယောက်ဟာ နောက်နေ့ကျတော့ သူတို့မိတ်ဆွေကို မေးကြည့်တယ်။ လက်မှတ်တွေ ပေးသူလားလို့။ အားလုံးက သူတို့မဟုတ်ဘူးလို့ ပြောကြတယ်။
လင်မယားလည်း လူကုန်သလောက် မေးပြီးလို့ လက်မှတ်ပို့သူကို ရှာမတွေ့တာကြောင့် လက်လျှော့လိုက်ကြတယ်။ဘာပဲဖြစ်ဖြစ် လက်မှတ်ပေးသူကို ကျေးဇူး တင်နေကြတယ်။
Show ပွဲ စမယ့် ညနေမှာ သူတို့လင်မယားဟာ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ ထမင်းစားကြတယ်။ ပြီးမှ Show ပွဲကို သွားကြည့်တယ်။ Show ပွဲဟာ လူအပြည့်ပါပဲ။
တီးတာ ဆိုတာတွေကလည်း အရမ်းကောင်း၊ ပရိသတ်ကလည်းသီချင်းတွေ လိုက်ဆိုကြဆိုတော့ ပျော်စရာ အလွန်ကောင်းတယ်။ အဆိုတော်ကလည်း သူတို့ကြိုက်တဲ့ သီချင်းတွေကို အများဆုံး ဆိုသွားလို့ လင်မယားနှစ်ယောက်ဟာ အရမ်းပျော်နေကြတယ်။ Show ပွဲက ည ၁၁ နာရီမှ ပြီးတယ်။
အိမ်ကို သူတို့ကားလေးနဲ့ ပြန်လာကြတယ်။ လမ်းမှာ သူတို့ဟာ Show ပွဲ ဘယ်လောက်ကောင်းကြောင်း၊ အဆိုတော်ကို အနီးကပ်မြင်တွေ့ရလို့ ကျေနပ်ကြောင်းနဲ့ လက်မှတ်ပေးတဲ့ သူကိုလည်း အရမ်းကျေးဇူးတင်ကြောင်းတွေ တဖွဖွပြောလာကြတယ်။
သူတို့ အိမ်ပြန်ရောက်ပြီ။ သော့ခတ်ထားတဲ့ ခြံဝင်းတ့ခါးပွင့်နေတယ်။ ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့ နှစ်ယောက်စလုံး ကားပေါ်က ကမန်းကတန်းဆင်းပြီး အိမ်ဆီကို ပြေးသွားကြတယ်။ သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးလည်း ပွင့်နေတယ်။ သူတို့ အိမ်ထဲကို စိုးရိမ်တကြီးနဲ့ ဝင်လိုက်တယ်။
အိမ်ထဲက ဘီရိုအံဆွဲတွေ၊ စားပွဲအံဆွဲတွေ ပွင့်နေတယ်။ အိပ်ခန်းထဲမှာလည်း မှေွနှောက်ရှာထားလို့ ပစ္စည်းတွေ ပျံ့ကျဲနေတယ်။ သူတို့ပိုင်တဲ့ ရွှေ ငွေ ရတနာနဲ့ ပိုက်ဆံတွေ၊ လက်ဖွဲ့ရတဲ့ ပစ္စည်းတွေ ဘာမှ မရှိတော့ဘူး။ အကုန်ခိုးသွားပြီ။
လင်မယားနှစ်ယောက်လည်း အရမ်းစိတ်ဓါတ်ကျသွားကြတယ်။ မိန်းမလည်း ရှိုက်ကြီးတငင် ငိုနေတယ်။ ခဏကြာတော့ သူတို့နှစ်ယောက်ဟာ ရေသောက်ဖို့ ထမင်းစားခန်းထဲကို ဝင်လိုက်ကြတယ်။
ထမင်းစားပွဲပေါ်မှာ ပန်းရောင်စာရွက်ခေါက်လေးတစ်ခုကို တွေ့လိုက်ကြတယ်။ ယောက်ျားက စာရွက်ခေါက်ကို ကမန်းကတန်း ဖြန့်လိုက်ပြီး နှစ်ယောက်အတူ ဖတ်ကြည့်လိုက်ကြတယ်။
စာရွက်ပေါ်မှာ ရေးထားတာက “လက်မှတ်ပေးသူကို အခုသိပြီ မဟုတ်လား” တဲ့။ အရင်စာထဲက လက်ရေးနဲ့ အတူတူပဲ။ နာမည် မရေးထားဘူး။
သင်နဲ့ မရင်းနှီးသူတစ်ယောက်က တစ်စုံတစ်ခုကို အလကားပေးလာရင် သတိထားပါ။ အထူးသဖြင့် ဈေးကြီးတာကို အလကား ပေးလာတယ်ဆိုရင် ပိုပြီး သတိကြီးကြီး ထားလိုက်ပါ။
“လောကကြီးမှာ ဘယ်ဟာမှ အလကားမရပါ”
Credit
Zawgyi
အရမ္းေပ်ာ္ေနၾကတဲ့ အသစ္စက္စက္လင္မယားႏွစ္ေယာက္ ရဲ့ မဂၤလာလက္ဖြဲ႕ေတြၾကားထဲက ရင္နာစရာ လက္ဖြဲ႕တစ္ခု
“လက္မွတ္ေပးတာ ဘယ္သူလဲ”
လက္ထပ္ၿပီး ေနာက္ေန႔မနက္မွာ အသစ္စက္စက္လင္မယားႏွစ္ေယာက္ဟာ မိဘေတြ လက္ဖြဲ႕တဲ့ တစ္ထပ္တိုက္ေလးထဲမွာ လက္ဖြဲ႕ေတြကို စစ္ေဆးၾကည့္ေနၾကတယ္။
ႏွစ္ဖက္မိဘေတြဟာ အရမ္းခ်မ္းသာတဲ့ သူေဌးေတြ ျဖစ္ၾကလို႔ လက္ဖြဲ႕ေတြကလည္း အဖိုးတန္ပစၥည္းေတြနဲ႔ ပိုက္ဆံေတြ မ်ားပါတယ္။ ေနာက္ဆုံးလက္ဖြဲ႕အထုတ္ကို ေဖါက္လိုက္တယ္။ အထုတ္ထဲမွာ စာအိတ္ျဖဴတစ္ခုကို ေတြ႕ရတယ္။
စာအိတ္ကို ေဖါက္ၾကည့္လိုက္ေတာ့ ေနာက္အပတ္မွာ လုပ္မယ့္ နာမည္ႀကီးအဆိုေတာ္တစ္ေယာက္ရဲ့ Live Show ပြဲတစ္ခုရဲ့ ေရွ႕ဆုံးတန္းက လက္မွတ္ႏွစ္ေစာင္ ျဖစ္ေနတယ္။
အဲဒီ Show ပြဲရဲ့ လက္မွတ္ခဟာ အရမ္းေဈးႀကီးသလို လက္မွတ္ဝယ္လို႔လည္း မရေတာ့ဘူး။ ေဖ်ာ္ေျဖမယ့္ အဆိုေတာ္ဟာ သူတို႔ႏွစ္ေယာက္စလုံး အင္မတန္ႀကိဳက္ႏွစ္သက္တဲ့ အဆိုေတာ္ပါ။
သူတို႔ ႏွစ္ေယာက္ဟာ လက္မွတ္ေတြကို ၾကည့္ၿပီး အရမ္းဝမ္းသာသြားၾကတယ္။ လက္မွတ္ေတြနဲ႔အတူ ပန္းေရာင္စာရြက္ေခါက္ေလး တစ္ခုကို ေတြ႕လို႔ ျဖန႔္ၿပီး ဖတ္ၾကည့္လိုက္ၾကတယ္။ စာရြက္ေပၚမွာ ေရးထားတာက “လက္မွတ္ေပးသူကို မွန္းဆၾကည့္ပါ” တဲ့။ စာေအာက္မွာ နာမည္မပါဘူး။
လင္မယားႏွစ္ေယာက္ဟာ ေနာက္ေန႔က်ေတာ့ သူတို႔မိတ္ေဆြကို ေမးၾကည့္တယ္။ လက္မွတ္ေတြ ေပးသူလားလို႔။ အားလုံးက သူတို႔မဟုတ္ဘူးလို႔ ေျပာၾကတယ္။
လင္မယားလည္း လူကုန္သေလာက္ ေမးၿပီးလို႔ လက္မွတ္ပို႔သူကို ရွာမေတြ႕တာေၾကာင့္ လက္ေလၽွာ့လိုက္ၾကတယ္။ဘာပဲျဖစ္ျဖစ္ လက္မွတ္ေပးသူကို ေက်းဇူး တင္ေနၾကတယ္။
Show ပြဲ စမယ့္ ညေနမွာ သူတို႔လင္မယားဟာ နာမည္ႀကီးစားေသာက္ဆိုင္တစ္ခုမွာ ထမင္းစားၾကတယ္။ ၿပီးမွ Show ပြဲကို သြားၾကည့္တယ္။ Show ပြဲဟာ လူအျပည့္ပါပဲ။
တီးတာ ဆိုတာေတြကလည္း အရမ္းေကာင္း၊ ပရိသတ္ကလည္းသီခ်င္းေတြ လိုက္ဆိုၾကဆိုေတာ့ ေပ်ာ္စရာ အလြန္ေကာင္းတယ္။ အဆိုေတာ္ကလည္း သူတို႔ႀကိဳက္တဲ့ သီခ်င္းေတြကို အမ်ားဆုံး ဆိုသြားလို႔ လင္မယားႏွစ္ေယာက္ဟာ အရမ္းေပ်ာ္ေနၾကတယ္။ Show ပြဲက ည ၁၁ နာရီမွ ၿပီးတယ္။
အိမ္ကို သူတို႔ကားေလးနဲ႔ ျပန္လာၾကတယ္။ လမ္းမွာ သူတို႔ဟာ Show ပြဲ ဘယ္ေလာက္ေကာင္းေၾကာင္း၊ အဆိုေတာ္ကို အနီးကပ္ျမင္ေတြ႕ရလို႔ ေက်နပ္ေၾကာင္းနဲ႔ လက္မွတ္ေပးတဲ့ သူကိုလည္း အရမ္းေက်းဇူးတင္ေၾကာင္းေတြ တဖြဖြေျပာလာၾကတယ္။
သူတို႔ အိမ္ျပန္ေရာက္ၿပီ။ ေသာ့ခတ္ထားတဲ့ ၿခံဝင္းတ့ခါးပြင့္ေနတယ္။ ၿခံဝင္းထဲမွာ ကားရပ္ၿပီးတာနဲ႔ ႏွစ္ေယာက္စလုံး ကားေပၚက ကမန္းကတန္းဆင္းၿပီး အိမ္ဆီကို ေျပးသြားၾကတယ္။ ေသာ့ခတ္ထားတဲ့ အိမ္တံခါးမႀကီးလည္း ပြင့္ေနတယ္။ သူတို႔ အိမ္ထဲကို စိုးရိမ္တႀကီးနဲ႔ ဝင္လိုက္တယ္။
အိမ္ထဲက ဘီရိုအံဆြဲေတြ၊ စားပြဲအံဆြဲေတြ ပြင့္ေနတယ္။ အိပ္ခန္းထဲမွာလည္း ေမွြေႏွာက္ရွာထားလို႔ ပစၥည္းေတြ ပ်ံ႕က်ဲေနတယ္။ သူတို႔ပိုင္တဲ့ ေရႊ ေငြ ရတနာနဲ႔ ပိုက္ဆံေတြ၊ လက္ဖြဲ႕ရတဲ့ ပစၥည္းေတြ ဘာမွ မရွိေတာ့ဘူး။ အကုန္ခိုးသြားၿပီ။
လင္မယားႏွစ္ေယာက္လည္း အရမ္းစိတ္ဓါတ္က်သြားၾကတယ္။ မိန္းမလည္း ရွိုက္ႀကီးတငင္ ငိုေနတယ္။ ခဏၾကာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေရေသာက္ဖို႔ ထမင္းစားခန္းထဲကို ဝင္လိုက္ၾကတယ္။
ထမင္းစားပြဲေပၚမွာ ပန္းေရာင္စာရြက္ေခါက္ေလးတစ္ခုကို ေတြ႕လိုက္ၾကတယ္။ ေယာက္်ားက စာရြက္ေခါက္ကို ကမန္းကတန္း ျဖန႔္လိုက္ၿပီး ႏွစ္ေယာက္အတူ ဖတ္ၾကည့္လိုက္ၾကတယ္။
စာရြက္ေပၚမွာ ေရးထားတာက “လက္မွတ္ေပးသူကို အခုသိၿပီ မဟုတ္လား” တဲ့။ အရင္စာထဲက လက္ေရးနဲ႔ အတူတူပဲ။ နာမည္ မေရးထားဘူး။
သင္နဲ႔ မရင္းႏွီးသူတစ္ေယာက္က တစ္စုံတစ္ခုကို အလကားေပးလာရင္ သတိထားပါ။ အထူးသျဖင့္ ေဈးႀကီးတာကို အလကား ေပးလာတယ္ဆိုရင္ ပိုၿပီး သတိႀကီးႀကီး ထားလိုက္ပါ။
“ေလာကႀကီးမွာ ဘယ္ဟာမွ အလကားမရပါ”