unicode
ပုတီးစိပ်ရုံနဲ့ ငွေမဝင်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ရသေ့ကြီးဦးခန္တီအကြောင်းကိုပြောပြမယ် ”
ရသေ့ကြီးဦးခန္တီ ဆိုတာ ဦးဇင်းလေးဘဝကနေစပြီး ရှမ်းတောင်တန်းကြီးတွေပေါ်တတ်ပြီးတရားတွေကျင့် တရားအားထုတ်ရာကနေစပြီး
သာသနာပြုမယ်ဆိုတဲ့စိတ်နဲ့ သာသနာပြုရင်ဘုန်းကြီးဝတ်နဲ့ ပိုက်ဆံတွေဘာတွေကိုင်ရတာ အဆင်မပြေဘူး ရသေ့ဝတ်မယ်ဆိုပြီး
ရသေ့ဝတ်ပြီး မန္တလေးကိုကြွပြီး တောင်ခွင်သာသနာပိုင်ကျောင်းတိုက်က ဆရာတော်ကြီးဆီကိုသွားပြီး အရှင်းဘုရား တပည့်တော် ဘုရားတည်ကျောင်းဆောက် သာသနာပြုချင်လို့ပါဘုရား
တပည့်တော်ကို နေရာတစ်နေရာပေးပါဘုရားလို့ လျှောက်ထားလိုက်တော့ တောင်ခွင်ဆရာတော်ကြီးက ဦးခန္တီ ခင်ဗျားအကြောင်းလည်း ကျုပ်မသိသေးဘူး
“ခင်ဗျားအစွမ်းသတ္တိ ဘယ်လောက်ရှိလို့ သာသနာပြုချင်ရတာလဲ ခင်ဗျားအစွမ်းသတ္တိလေး
နည်းနည်းလောက်ပြစမ်းပါလို့ ဆရာတော်ကြီးကပြောလိုက်တော့
အရှင်ဘုရား တပည့်တော်အစွမ်းကို ဘာကြည့်ချင်တာလဲဘုရားလို့ ဦးခန္တီကပြန်လျှောက်တယ် ခင်ဗျားအစွမ်း
ဘယ်လောက်ရှိလဲသိရအောင် မနက်ဖြန်သံဃာ ၅၀၀ဆွမ်းကပ်ချင်တယ် ကျွေးနိုင်မလားပေါ့
ရသေ့ကြီးဦးခန္တီက ၅၀၀ မက ၁၀၀၀လည်းကျွေးနိုင်ပါတယ်ဘုရားတဲ့ အဲဒါနဲ့ ဆရာတော်ကြီးကသံဃာ ၅၀၀ ပင့်ထားလိုက်တယ် ဦးခန္တီက အခန်းတစ်ခန်းတောင်းပြီး ပုတီးစိပ်နေပါတယ်တဲ့
ညနေပိုင်းရောက်တဲ့အထိ မနက်သံဃာတွေဆွမ်းကပ်ဘို့ဆွမ်းချက်မယ့်သူတွေလည်းမလာဘူး ညလည်းပေါ်မလာ
မနက်အစောလည်းပေါ်မလာတော့ပင့်ထားတဲ့သံဃာ ၅၀၀ကို ဘယ်လိုလုပ်ရတော့မလဲဆိုပြီး..
ဆရာတော်ကြီးက စိတ်တွေအရမ်းပူနေပြီ မနက်လေးနာရီလောက်ကြမှရသေ့ကြီးဦးခန္တီက
ကြေးစည်တီး အမျှဝေလိုက်တော့ အမျှလည်းဝေပြီးရော
ဆွမ်းအုပ်တွေနဲ့ ဒကာ ဒကာမတွေ ရွက်ပြီးရောက်လာကြပါတယ် ဆွမ်းအုပ်ပေါင်း ၁၀၀၀ ကျော် ရောက်လာပါတယ်တဲ့
အဲ့ဒီကနေစပြီး ရသေ့ကြီး ဦးခန္တီက သာသနာပြုခွင့်ရပြီး ဘုရားတွေတည် ကျောင်းတွေဆောက် မန္တလေးတောင်က စောင်းတန်းကြီးတွေ
ရန်ကင်းတောင် မန်းစက်တော်တောင် တစ်နိုင်ငံလုံးလှည့်ပြီး ပိုက်ဆံတစ်ကျပ်မှမပါပဲနဲ့ သာသနာပြုခဲ့ပါတယ်
ဒီသတင်းကိုကြားတဲ့ အင်္ဂလိပ်အရေးပိုင်မင်းက ရသေ့ကြီးဆီကိုရောက်လာပြီး ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် ပုလိပ်အဖွဲ့နဲ့အတူ ကျောင်းကိုရောက်လာပါတယ်တဲ့
ပြီးတော့ ရသေ့ကြီးကိုလျှောက်တယ် တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား
အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား ”ဆိုပြီး လျှောက်ပြီး
ပြီးတော့ ” အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်တဲ့
အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရား ” တဲ့။ ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး ဘုရားခန်းထဲဝင်ပြီး ( ၄၅ ) မိနစ်လောက် ပုတီးစိပ်ပြီး
ပြန်ထွက်လာပြီး အချိန်ခဏလေးနဲ့ အရေးပိုင်မင်းရှေ့မှာတင် လူတွေက တဖွဲဖွဲရောက်လာကြပြီး
ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝတ္ထုငွေတွေလှူကြတာ ရွှေတွေ ငွေတွေ အပုံလိုက်ကြီးဖြစ်သွားပြီး..
အဲဒီတော့မှ အရေးပိုင်မင်းက ” တပည့်တော်သဘောပေါက်ပါပြီဘုရား ” ဆိုပြီး ပြန်သွားပါတယ်တဲ့ တစ်ကယ်တော့ ကျွန်တော်တို့က ကိုယ်လုပ်တဲ့အလုပ်တစ်ခုပေါ်မှာအာရုံ ၃ပါးနဲ့ ထိန်းချုပ်နိုင်သွားပြီဆိုရင် လိုတိုင်းတပြီး တစ်ကယ်ကို တတိုင်းရပါတယ်
ကျွန်တော်တိုင်းစိပ်တိုင်းလည်း ဤဂုဏ်တော်ကို စောင့်ရှောက်တော်မူသောနတ်ကောင်းနတ်မြတ်များအားလုံးနဲ့ ဤပုတီးကိုစောင့်ရှောက်တော်မူသော
နတ်ကောင်းနတ်မြတ်များအားလုံး ကျွန်ုပ်၏လိုရာဆန္ဒများအား ရက်ပိုင်းအတွင်း အမြန်ဆုံး စောင့်ရှောက် ယူဆောင် ဖြည့်စည်းပေးတော်မူကြပါလို့ ဆုတောင်းပါတယ်
တစ်ကယ်လည်း နေ့တိုင်းပြည့်ပါတယ် ကုသိုလ်လုပ်တာစွဲသွားရင်အကုသိုလ်တွေတော်တော်များများကိုလုပ်လည်းမလုပ်ချင်တော့ဘူးဝင်လည်းမဝင်လာနိုင်တော့ပါဘူး
ကံ ဥာဏ် ဝီရိယဆိုတာ ကိုယ်လုပ်နေတဲ့ကုသိုလ်က=ကံ လုပ်ချင်စိတ်ဖြစ်အောင်
တိုက်တွန်းပေးနေတဲ့စိတ်က=ဥာဏ် စိတ်အားထက်သန်သန်နဲ့လုပ်နေတဲ့အလုပ်က=ဝီရိယ
ဘာပဲလုပ်လုပ် အဲ့ဒီ ၃ခုကိုသာ ပေါင်းပြီးတော့လုပ်ပါ။ လိုတတိုင်းတပြီး ရကိုရလာပါလိမ့်မယ် ။
မူရင်းရေးသားသူအားဂါရဝပြုပါသည် ။#Crd