ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်ပါတယ် …
#Ivory_Bunny
Credit. Ivory Bunny
Unicode
ထားရစ်ခဲ့သူကို ကျေးဇူးတင်ပါတယ် …
ဒဏ်ရာတွေကြား ရှင်သန်တတ်အောင် လေ့ကျင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
ဘဝမှာ… ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်ခွင့် မရှိဘူး ဆိုတာကို ပိုနားလည်စေခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
ကျနေတဲ့ မျက်ရည်တွေ ပြန်သုတ်ပြီး ပြုံးတတ်အောင် သင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
အမှတ်တရတွေကြား မွန်းကြပ်စွာ ရှင်သန်ရင်း ဘဝခရီးကို အကောင်းဆုံး ရှေ့ဆက်တတ်အောင် သင်ကြားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
နောက်ထပ် မချစ်နိုင်တော့အောင် ကိုယ့်နှလုံးသားကို ယူပြီး အဝေးထွက်သွားခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် …
ဘယ်လောက်ပဲ ကတိတွေပေးပေး သစ္စာတွေဆိုဆို လူဆိုတာ ပြောင်းလဲတတ်တယ် ဘယ်အရာမှ တစ်သက်စာ မမှတ်သင့်ဘူး ဆိုတာကို သိနားလည်စေခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်ပါတယ် …
အနားရောက်လာပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
ချစ်ခဲ့ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် …
ပျော်စေ ရီစေခဲ့တဲ့ အခိုက်အတန့်တွေ အတွက် ကျေးဇူးတင်ပါတယ် …
ဘဝမှာတစ်သက်စာ အတွက် အရှည်ဆုံး အိပ်မက် မက်ခွင့်ရခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်ပါတယ် …
အရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်….။
#Ivory_Bunny
Credit. Ivory Bunny