Knowledge

သားသမီးမရသူများနှင့် လိပ်ဆူးရွှေ (လိပ်စဝေ) ပင်

သားသမီးမရသူများနှင့် လိပ်ဆူးရွှေ (လိပ်စဝေ) ပင်

လိပ်ဆူးရွှေ ( လိပ်စဝေ ) ပင်နေရာဒေသအလိုက် အခေါ်ပြောင်းလဲနိုင်ပါသည်။ကျွန်တော်နေတဲ့ ရွာက အမျိုးသမီးတစ်ယောက် အိမ်ထောင်သက်တမ်း ( ၅ )နှစ် ကျော်ပြီ ကလေးမရတာကြောင့် နားလည်သူကိုမေးကြည့်တော့ …

ဆေးနည်း

လိပ်ဆူးရှည်ပဥ္စငါးပါးကိုရေသန့်နဲ့ဆေးခုတ်စင်းပြီး ရေနဲ့ကျို တကြိမ်သောက်ရင် ရေနွေးကြမ်းပန်းကန်တလုံးနဲ့ တခွက်ကို ၂ ကြိမ် ၃ ကြိမ် သောက်ခိုင်းတာ ကလေးရခဲ့ပါတယ် ။ရွာမှာ လက်တွေ့ နှစ်ဦး သုံးဦးရှိပါပြီးလက်တွေ့နည်းပါ

နက္ခတ္တရောင်ခြည်

Sai Min Thant

အပင်

အပွင့်ကိုအစွဲပြု၍ ခရမ်း၊အဖြူကြား၊အဖြူ၊အဝါဟု(၄)မျိုးကွဲပြား၏။အဝါမျိုးမှာအပေါဆုံးဖြစ်၏။၎င်းအပင်(၄)မျိုးစလုံး၏ အပင်အရွက်အနိမ့်အမြင့်မှာများစွာကွာခြားမှုမရှိပါ။အပင်မှာချုံပင်ငယ်မျိုးဖြစ်၏။(၂)ပေမှ(၅)ပေအထိမြင့်၏။အကိုင်းအခက်အလွန်များ၏။ပင်စည်၊အကိုင်း၊အခက်တို့၌ချွန်ထက်သောဆူးကလေးများ များစွာရှိသည်။

အရွက်

အရွက်မှာဆိုင်ထွက်၏။ရှည်မျောမျောပုံရွက်ထိပ်ချွန်ပြီးရွက်ရင်းသွယ်သည်။ရွက်နားညီ၊ရွက်ကြောထင်ရှားပြီးရွက်ညှာရှည်သည်။အရွက်အဖျားတွင်ဆူးကလေးရှိသည်။

အပွင့်

အဝါရောင်ရှိသည်။ရွက်ညှာရင်းရှိအဆစ်မှထွက်၏။ပွင့်ချပ်(၅)ခုဆိုင်၍ကတော့ပုံသဏ္ဌာန်ပွင့်၏။အတွင်းမှဝတ်ဆံမျှင်(၂)ခုထွက်၏။အပွင့်အရှည်မှာ(၁)လက်မခန့်ရှိ၏။

အသီး

ဆူးရှိ၏။အလျား(၁)လက်မခန့်သာရှိ၏။အစေ့မှာ(၂)စေ့ခန့်သာပါ၏။အသီးမှာနုလျှင်စိမ်း၍ရင့်လျှင်အပြာရင့်ရောင့်ဖြစ်သွားသည်။

ပေါက်ရောက်ပုံ

မြန်မာနိုင်ငံအနှံ့အပြား၌ပေါက်ရောက်သည်။အထူးသဖြင့်မြေလွတ်မြေလပ်၊စားကျက်များ၊ကုန်းတန်းများတွင်တွေ့ရသည်၎င်းအပင်တို့သည်နွေရာသီတွင်ခြောက်သွေ့ကုန်ပြီးလျှင်မိုးရာသီ

တွင်အများအပြားပေါက်ရောက်ကြသည်စွတ်စိုသောအချို့အရပ်များတွင်ဆယ့်နှစ်ရာသီလုံးလုံးပေါက်သည်ကိုတွေ့ရသည်။အထူးသဖြင့်အထက်မြန်မာပြည်တွင်များစွာပေါက်ရောက်သည်။သဘာဝအလျောက်ပေါက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဥ္စငါးပါး၊အရွက်၊အမြစ်

အာနိသင်

လိပ်ဆူးရွှေသည်ပူခါးစပ်အရသာရှိပြီးအဖန်အရသာအနည်းငယ်ပါရှိသည်။လေကိုထူးကဲစွာရစေ၏။သွေးကြောများကိုပွင့်စေခြင်းကြောင့်အကြောဆိုင်း၍သွေးလေမလျှောက်သောရောဂါများတွင်အကျိုးပြု၏။ဆာလောင်မွတ်သိပ်ခြင်းကိုဖြစ်စေခြင်း၊အားအင်ကိုတိုးပွားစေခြင်း၊အရေပြားရောဂါများနှင့်သွေးရောဂါတို့၌များစွာအကျိုးရှိ၏။

သွေးအားတိုးဆေးများတွင်လည်းဆူးပန်းပွင့်ကဲ့သို့လိပ်ဆူးရွှေပွင့်ကိုထည့်၍အသုုံးပြုပါသည်။ဆူးပန်းပွင့်နှင့်အကျိုးသွားတူသဖြင့်ဆူးပန်းပွင့်အစားလိပ်ဆူးရွှေပွင့်ကိုအသုံးပြုနိုင်ပါသည်။လူကိုလွန်စွာဝဖြိုးစေတတ်သည်။မျက်စိနာ၊မီးယပ်ရောဂါများနှင့်သင့်၏။

အသုံးပြုပုံ

(၁)ပဥ္စငါးပါးပြုတ်ရည်တွင်ချင်းခြောက်မှုန့်ဖြူး၍ကလေးကိုတိုက်ကျွေးလျှင်ကလေးများဝမ်းပျက်ရောဂါပျောက်ကင်းစေ၏။

(၂)ပဥ္စငါးပါးသတ္တုရည်(သို့)၎င်းသတ္တုရည်ကိုနှမ်းဆီနှင့်ရောချက်ပြီးဝဲယားနာ၊ပွေးနာနှင့်အနာပေါက်များကိုလိမ်းရ၏။

(၃)လိပ်ဆူးရွှေရွက်ကိုပြာချပြီးထောပတ်၊နှမ်းဆီစသည်တို့နှင့်ရောလိမ်းသော်အနာများကိုအမြန်အသားနုတက်စေပြီးအပျောက်မြန်စေ၏။

(၄)အရွက်ပြုတ်ရည်ကိုကလေးလူကြီးများသောက်လျှင်ချွေးကောင်းစွာထွက်စေ၍အဖျားနှင့်တကွချောင်းဆိုးအအေးမိခြင်းကိုပါပျောက်ကင်းစေပါသည်။

(၅)အရွက်သတ္တုရည်ကိုကင်းကိုက်သောဒဏ်ရာပေါ်သို့ဆွတ်ပေးခြင်းဖြင့်ကင်းဆိပ်ကိုပြေစေသည်။ရောင်ရမ်းသောနေရာများပေါ်၌လိမ်းပေးလျှင်လည်းအရောင်လျော့စေသည်။

(၆)အရွက်ကျပြုတ်ရည်ကိုခပ်နွေးနွေးငုံပေးသော်နဲ့နေသောသွားများကိုပြန်ခိုင်လာစေပါသည်။

(၇)လိပ်ဆူးရွှေရွက်နှင့်ကွက္ကရာဆတူရောကြိတ်၍သွားခြေတွင်ကပ်ထားသော်သွားနာ၊သွားကိုက်ခြင်းနှင့်သွားခြေမှသွေးယိုစိမ့်ခြင်းတို့ကိုပျောက်စေပါသည်။

လိပ်ဆူးရွှေ

ပုံသဏ္ဌာန်

လိပ်ဆူးပင်သည်ပင်ငယ်ခြုံမျိုးဖြစ်၏။၎င်း(၄)မျိုးစလုံးမှာအပင်အရွက်အနိမ့်အမြင့်မှာများစွာကွာခြားမှုမရှိချေ။အပွင့်ကိုအစွဲပြု၍အညို၊အနီ၊အဖြူ၊အဝါအားဖြင့်(၄)မျိုးကွဲလေ၏။အပွင့်သည်အရွက်၏အရင်းအဆစ်မှနေ၍ထွက်၏။

(၁)လက်မခန့်အလျားရှိ၏။ပွင့်ချပ်(၅)ခုဆိုင်၍ကတော့သဏ္ဌာန်ပွင့်၏။အတွင်းမှဝတ်ဆံမျှင်(၂)ခုထွက်၏။အဝါမျိုးသည်အများဆုံးဖြစ်၏။လိပ်ဆူးရွှေဟူ၍၎င်း၊လိပ်စရွေဟူ၍၎င်းလိပ်

သရွေဟူ၍၎င်းဒေသအလိုက်ခေါ်ဝေါ်ကြသည်ကိုတွေ့ရ၏အထက်ဗမာပြည်တွင်များစွာပေါက်ရောက်တတ်၏၎င်းအပင်များသည်များသောအားဖြင့်အမြင့်(၂)ပေမှ(၅)ပေအထိမြင့်ကြ၏။အကိုင်းအခက်လွန်စွာများ၏။

ချွန်ထက်သောဆူးငယ်ကလေးများပင်စည်၊အကိုင်းအခက်တို့၌များစွာရှိကုန်၏။အသီး၌လည်းဆူးရှိ၏။အသီးသည်အလျား(၁၂)ပဲမှ(၁)လက်မသာသာရှည်၏အရွက်မှာအရင်းအဖျားချွန်သွယ်၏။

(၂)လက်မမှ(၅)လက်မအထိအလျားရှိ၍(၁)လက်မခွဲမှ(၂)လက်မအထိအနံရှိ၏။၎င်းအပင်တို့သည်နွေရာသီတွင်ခြောက်သွေ့ကုန်ပြီးလျှင်မိုးရာသီတွင်အများအပြားပေါက်ကြ၏။စွတ်စိုသောအချို့အရပ်များတွင်ဆယ့်နှစ်ရာသီလုံးလုံးစိမ်းလန်းစိုပြေ၍ပေါက်နေသည်ကိုတွေ့ရ၏။အသီးမှာနုလျှင်စိမ်း၍ရင့်လျှင်အပြာရင့်ရောင်ဖြစ်သွား၏။အသီးတွင်(၂)စေ့မျှသာရှိ၏။

လိပ်ဆူး(၄)မျိုးတို့၏ဂုဏ်နှင့်စွမ်းရည်

လိပ်ဆူးဖြူ

လိပ်ဆူးဖြူသည်ခါးသောအရသာရှိ၏။နူးညံ့၏။ပူ၏။သွားများကိုအကျိုးပြု၏။ပိုးကိုနိုင်၏..။အရေပြားရောဂါကြောင့်ယားခြင်း၊ပိုးခြင်တို့ကိုက်၍ယားခြင်း၊ဝဲစို၊ဝဲခြောက်စသောရောဂါများနူနာ၊သွားနာ၊သွားကိုက်စသည်တို့ကိုများစွာအကျိုးပြု၏။

လိပ်ဆူးဝါ

လိပ်ဆူးဝါသည်အရသာခါး၏။ဖန်၏။ဆာလောင်မွတ်သိပ်ခြင်းကိုဖြစ်စေ၏။အရေပြားရောဂါနှင့်သွေးရောဂါတို့ကိုများစွာအကျိုးပြု၏။

လိပ်ဆူးနီ

လိပ်ဆူးနီသည်အရသာခါး၏။ပူ၏။ကိုယ်သားကိုယ်ရေအရောင်အဆင်းကိုကြည်လင်တောက်ပစေ၏။သွေးဖောက်ပြန်ခြင်း၊ဝမ်းဖောရောင်ခြင်း၊နာကျင်ကိုက်ခဲခြင်း၊ပန်းနာရင်ကျပ်၊ချောင်းဆိုးရောဂါအမျိုးမျိုးတို့ကိုဖျက်ဆီးနိုင်၏။

လိပ်ဆူးညို

လိပ်ဆူးညိုသည်ရောင်ရမ်းခြင်း၊အနာပေါက်ခြင်းအရေပြားရောဂါအမျိုးမျို..း၊လေနှင့်သလိပ်ရောဂါတို့ကိုပယ်ဖျောက်နိုင်၏။

ရသရတနာကရ-ကျမ်းဆရာ၏အမြင်

လိပ်ဆူးဝါကိုကျိုပြီးလျှင်တစ်ညစိမ်၍ထားပါ။နောက်တစ်နေ့သောက်မူ(သို့မဟုတ်)လိပ်ဆူးဝါအမြစ်အစိုကိုသတ္တုရည်ညှစ်၍သောက်မူမီးဖွား၍ဖြစ်ပေါ်တတ်သောရောဂါများကိုဖျက်ဆီးနိုင်၏။

အသားနုတက်လိမ်းဆေး

၎င်းလိပ်ဆူးဝါရွက်ကိုပြာချ၍၎င်းပြာကိုထောပတ်နှင့်ရော၍လိမ်းကျံမူမကျက်နိုင်သောအနာများအသားနုတက်၍အပျောက်မြန်၏..။

ရှေးကျသောကျမ်းဆရာတစ်ဦး၏အမြင်

၎င်းလိပ်ဆူးဝါပဥ္စငါးပါးကိုကြိတ်၍နှမ်းဆီနှင့်ရောချက်ပါ။၎င်းဆီကိုလိမ်းမူပွေးနာမျိုးစုံ၊ယားနာမျိုးစုံနှင့်အနာပေါက်များအတွက်များစွာအကျိုးရှိ၏။

၎င်းအရွက်သတ္တုရည်-၁ကျပ်၈ပဲ-လူအိုကြီးများသောက်လျှင်ချွေးကောင်းစွာထွက်၍အဖျားရောဂါလည်းပျောက်ကင်းပြီးလျှင်ချောင်းဆိုးခြင်း၊အအေးမိခြင်းကိုလည်းပယ်ဖျောက်နိုင်၏။

အချို့ကျမ်းဆရာကြီး၏အမြင်

၎င်းအရွက်သတ္တုရည်ကိုညှစ်ယူ၍ထားပါ။ကင်းညာဘက်ကိုကိုက်မူဘယ်ဘက်နှာခေါင်းမှရှု၍ဘယ်ဘက်မှကိုက်မူညာဘက်နှာခေါင်းမှာရှု(သို့မဟုတ်)ဂွမ်းစသည်တွင်ဆွတ်၍ညှစ်ချပေးပါ။ကင်းဆိပ်ပြေလိမ့်မည်။၎င်းသတ္တုရည်ကိုရောင်ရမ်းသူများကို လိမ်းမူရောင်ရမ်းခြင်းမှပျောက်ကင်း၏။

စက္ကဒတ္တကျမ်းဆရာ၏အမြင်

၎င်းလိပ်ဆူးရွှေအရွက်ကိုကျကျပြုတ်၍ခပ်နွေးနွေးကိုငုံပေးမူနဲ့သောသွားများပြန်၍ခိုင်စေ၏။

အချို့ဆရာတို့ကားလိပ်ဆူးရွှေ၏အရွက်နှင့်ကွက္ကရာတို့ဆတူရောကြိတ်၍သွားခြေတွင်ကပ်ထားမူသွားနာ၊သွားကိုက်ပျောက်ကင်း၏။သွားခြေအရင်းမှသွေးယိုစီးခြင်းလည်းပျောက်ကင်း၏။

ဆရာကြီး၏အမြင်

လိပ်ဆူးရွှေရွက်၏သတ္တုရည်ကိုညှစ်ယူ၍ထားပါ။သူငယ်များချောင်းဆိုးခြင်း၊ဖျားနာခြင်း၊သလိပ်ထခြင်းတို့ကိုပျားရည်နှင့်သကြား(သို့မဟုတ်ရေနွေးစသည်တို့နှင့်ရော၍ကြွေဇွန်းငယ်(၂)ဇွန်းမျှနေ့အခါ၌(၂)ကြိမ်တိုက်ပါ။

၎င်းအရွက်ကိုပြာချ၍၎င်းပြာနှင့်ဆန်ပုန်းရည်ရောသောက်မူဖောရောင်ခြင်းရေဖျဉ်းရောဂါဟူသမျှကျဆင်းလေ၏။ချောင်းဆိုးရောဂါများလည်းပျောက်ကင်း၏။

ဒေါက်တာနာဒကရန္နီ၏အမြင်

၎င်းလိပ်ဆူးရွှေ၏သတ္တုရည်ကိုမိုးဦးကျအချိန်တွင်ခြေဖဝါး၊ခြေချောင်းအကြားတို့၌ဖြစ်တတ်သောဝဲနာ၊ယားနာတို့အားသုတ်လိမ်းခြင်း၊သောက်ခြင်းပြုပါကဝဲကိုက်၊ယားနာပျောက်ကင်း၏။၎င်းပြင်လိပ်ဆူးရွှေမြစ်ကိုကြိတ်၍လိမ်းပေးမူအဖု၊အပိန့်အနာများနှင့်ငန်းမန်းလိုက်၍ရောင်ရမ်းခြင်းများကျဆင်းပါလိမ့်မည်။

လိပ်ဆူးရွှေရွက်(၅)ကျပ်၎င်းအကိုင်းအခက်(၅)ကျပ်ကိုကြိတ်၍နှမ်းဆီ(၂၀)ကျပ်၊ရေ(၄၀)ကျပ်နှင့်ရေခန်းအောင်ကျိုပြီးအဝတ်ဖြင့်စစ်၍ဆီကိုယူပါ။

၎င်းဆီကိုလိမ်းကျံပေးခြင်း၎င်းဆီဖြင့်မကျက်နိုင်သောအနာများပြည်အရိအရွဲအားကြီးသောအနာများကိုဆေးကျောခြင်းပြုပါကအနာများစင်ကြယ်၍အသားနုတက်ခါပျောက်လွယ်၏။

ကာနယ်ချိုပရာ၏အမြင်

၎င်းလိပ်ဆူးရွှေသည်သွေးစိမ်းထွက်အနာများ၊ချောင်းဆိုးရောဂါများ၊ခပ်သိမ်းသောအဖောရောဂါများ၌များစွာအကျိုးပြုသောဆေးပင်ဖြစ်၏။

ရောဂါအလိုက်အသုံးပြုပုံ

အမြုံပျောက်ဆေး

လိပ်ဆူးရွှေမြစ်ကိုကြိတ်၍ယောကျ်ားနှင့်မိန်းမတစ်ခွက်-၈ပဲသားမျှညနံနက်(၃)ရက်မျှနွားနို့နှင့်ရော၍မှန်မှန်သုံးဆောင်ပါကကိုယ်ဝန်မတည်သောမိန်းမများကိုယ်ဝန်တည်ရှိပါလိမ့်မည်။

လိင်နိမိတ်ရောဂါ(လူပျိုနာ)

လိပ်ဆူးရွှေရွက်နှင့်ငြုပ်ကောင်းကိုဆတူပြုတ်၍တစ်ခွက်စာ(၆)ပဲသားမျှနံနက်၊ညသုံးစွဲပါမူလိင်နိမိတ်ရောဂါပျောက်ကင်းပါလိမ့်မည်။

ချောင်းဆိုးပျောက်ဆေးနည်း

လိပ်ဆူးရွှေရွက်(၄)ကျပ်၊ရေ(၆၀)ကျပ်နှင့်(၈)ကျပ်သားကျန်အောင်ကျိုပါ။တစ်ခွက်စာ-(၁)ကျပ်(၈)ပဲသားမျှပျားရည်နှင့်ရော၍နံနက်ညသောက်ပါ။ချောင်းဆိုးရောဂါများပျောက်ကင်းပါလိမ့်မည်။

အတိသာရဝမ်းသွားရောဂါပျောက်ဆေး

ယင်း၏ကျိုရည်တွင်ချင်းခြောက်မှုန့်ဖြူး၍ကလေးကိုတိုက်သော်ကလေး၏အတိသာရဝမ်းသွားရောဂါပျောက်ကင်းလေသည်။

Medicinal Plants of Myanmar -(FREDA)

Dr.Kyaw Soe,Daw Tin Myo Ngwe

လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်

ကျန်းမာရေးဝန်ကြီးဌာန

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-တတိယတွဲ