Knowledge

တန်ဖိုးမသိခဲ့လို့ စားပြီးလွှင့်ပစ်ကြတဲ့ ငှက်ပျောသီးခွံရဲ့ အသုံးပြုနည်းများ

တန်ဖိုးမသိခဲ့လို့ စားပြီးလွှင့်ပစ်ကြတဲ့ ငှက်ပျောသီးခွံရဲ့ အသုံးပြုနည်းများ

ငှက်ပျောသီး စားပြီးရင် အခွံတွေကို မပစ်လိုက်ပါနဲ့ အရမ်းအသုံး ဝင်ပါတယ်စိုက်ပျိုးရေး အတွက် ငှက်ပျောသီး အသုံးဝင်ပုံ

သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါမကျန် သူ့အရသာ လေးနဲ့ သူကော င်းလို့မွန်လို့ စားကြတယ်။ အိမ်နီးနားချင်း တွေကိုဝေကြတယ်။

အမယ် ဦးရှင်ကြီးတင်လို့ စားရတဲ့မုန့်ဆမ်းနဲ့ ငှက်ပျော သီးလေးဆို ကောင်းလွန်းလို့ အသီးကပဲ စားကောင်းတာ မဟုတ်ပါဘူး..။ သူ့အခွံကလည်း အသုံးဝင်တယ် ဆိုတာ သိစေချင်ပါတယ်။

စားနေကြတဲ့ ငှက်ပျော သီးခွံကို စိုက်ပျိုး ရေး လုပ်ငန်းတွေမှာ ဘယ်လိုသုံး လို့ရနေတယ် ဆိုတဲ့ ကြောင်းကို တင်ဆက် ပေးမှာမို့ ငှက်ပျောသီး ကျွေးပြီးရင် အခွံကိုပြန်တောင်း ပြန်စုကြပါ…

(၁) ငှက်ပျောခွံ အရည် ။မြေဆွေး အရည်လိုမျိုးပဲ ငှက်ပျောသီး အခွံနဲ့ပြု လုပ်ထားတဲ့ ငှက်ပျောခွံ ရည်ဆိုတာကို ရွက်ဖျန်းအားဆေးဖြစ် ပက်ဖျန်းပေး လို့ရပါတယ်။ အပင် တွေကို လောင်းပေးလို့ ရပါတယ်။

ဘယ်လို လုပ်ရမလဲ ဆိုတာကျတော့ ရေနဲ့ ၂ ရက် – ၄၈ နာရီ ထားပြီးရင် အဲ့ငှက်ပျောခွံ ရည်နဲ့ အပင်တွေကို လောင်းပေး လို့ရပါတယ်။ အာဟာရ တွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်…

(၂) အပိုင်းစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။စုထားတဲ့ ငှက်ပျောခွံတွေ ရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျ ာဉ်ထဲကို တိုက်ရိုက် ထည့်ပေးလို့ ရပါတယ်။

မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတ ယ်နော်။ တစ်ဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ ပေးနိုင်ပါတယ်…

(၃) မြေဆွေးပုံရင် သုံးလို့ရတယ်။အခင်းထဲ တိုက်ရိုက် မထည့်ချင်ဘူး ဆိုရင် မြေ ဆွေးပုံ ပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံကို ပါထည့်ပြီးတော့ မြေဆွေး ပြု လုပ် လို့ ရပါတယ်နော်။

ငှက်ပျောခွံနဲ့ပြု လုပ်ထားတဲ့ မြေဆွေးတွေကောင်းကောင်း ဆွေးပြီဆိုရင် ပျိုးဘောင်လုပ် တဲ့အချိန် မျိုးမှာ၊ အပင်တွေ ပန်းပွင့်တဲ့ အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာ ဟာရတွေ အများကြီးရ လာမှာဖြစ်ပါတယ်နော်…

(၄) ငှက်ပျောခွံ မှုန့်မြေသြဇာ။ငှက်ပျောခွံတွေ အများကြီး ရှိနေတယ်ဆို နေရော င်အောက်မှာ အခြောက်ခံ လိုက်ပါ။ ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ် ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။

သတိထားရမှာ တချက်က အမြစ်ကို မထိအောင် ထည့်ပေးပါ။ အိုးတွေမှာဆို ဖြူးထည့် လိုက်ရုံပါပဲ..။

(၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ။မျိုးစေ့ စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေး တွေချ၊ မြေပြန်ဖုံးခဲ့။

အမြစ်လေးတွေ စထွက်တဲ့ အချိန်အပင်လေးတွေ ကြီးလာတဲ့ အချိန်မျိုး တွေဆိုသူ ကအာဟာရတွေ ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့…။

(၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ။ငှက်ပျောခွံမှုန့် ၄ ဇွန်း၊ ကြက်ဥခွံ ၃ ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအ ရွယ် အစားထဲ ထည့်ပြီး ရေအပြည့် ဖြည့်ပြီး အ ပင်တွေကို ဖျန်းပေးလို့ ရပါပြီ။

ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ..။

(၇) အင်းဆက်တွေ ဖမ်းမယ်။ ပန်းသီး ရှာလကာရည်ထဲကို ငှက်ပျောသီးခွံ လေးထည့်ပြီး အင်းဆ က်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီး လျော့ချနိုင်ပါတယ်။

ဘယ်လိုလုပ် ရမလဲဆိုတော့ အဖုံးပါတဲ့ကော်ခွက် လေးတွေ ထဲကို ငှက်ပျောခွံနဲ့ ပန်းသီး ရှာလကာ ရည်ထည့်၊ ဘေးပတ်ပတ် လည်မှာ အ ပေါက်လေးတွေ ဖောက်ထား။ အဖုံးလေး ပြန်ပိ တ်ထား။

အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင် ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့ ။

(၈) ပျဆေး အပင်ခြေရင်းမှာ ငှက်ပျောခွံရဲ့ အစတွေကို တင်ထားပေးရင် ပျတွေ မတက်တော့ပဲ အပင်ကို ကာကွယ်ပြီး သားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်…။

(၉) ပန်းပွင့်ဆေး။ငှက်ပျောခွံကို ရေနဲ့ အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ များကြီး ကြီးကြီးလှလှ ပွင့်လာမှာပါ။

ဘယ်လိုလုပ် ရမလဲ ဆိုရင် ဖုံးလို့ရတဲ့ ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင် ထည့်ပြီး အဝတ်ကလေး နဲ့ ပိတ်ထား၊ တစ်ပတ်လောက် စောင့်ရပါမယ်။

အမြုပ်ဖြူ လေးတွေ ထလာရင် အဆင်ပြေတယ် အမြုပ်တွေက မဲနေမယ်။ မှိုတွေ တက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကို လောင်းလို့ရပါတယ်။

အဖတ်တွေကို ကြိတ်ပြီးတော့ မြေ ကြီးထဲ ထည့်ပေးလို့ ရတယ်။ ကဲဘာလိုသေးလဲ..?

(၁၀) အက်ဆစ်ကြိုက်အပင်တွေ။စတော်ဘယ်ရီတို့လို အက်ဆစ် ကြိုက်တဲ့ အပင်တွေ အချဉ်ဓာတ်လေး ကြိုက်တဲ့ အပင်တွေ ကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်း လာမှာပဲ ဖြစ်ပါတယ်။

ငှက်ပျောခွံကို ရေနဲ့စိမ် ပြီးတော့ ငှ က်ပျော ခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေ ဆ ယ်ပြီး ရေကိုပဲ (၄) ပတ်ကနေ (၆) ပတ်လောက် ထားရမှာပါ။

ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ..။