အေထြအေထြဗဟုသုတ

ကြည့်မိသူတိုင်းကိုရယ်မောစေမဲ့ အိန္နိယနိုင်ငံရထားဘူတာရှိ ‘ Social Distancing ‘ နေရာများ


1

2

3

4

5

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်ချုပ်နိုင်အောင် mask တပ်ခြင်း ၊ လက်ကိုသန့်စင်အောင် ဆေးကြောခြင်းအပြင် ၊ လူစုလူဝေများလွန်းတဲ့နေရာမှာ social distancing နေပြီး တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေထိုင်ခြင်းဟာလည်း ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ပါတယ် ။ Social distancing အတိုင်းနေထိုင်ကြအောင် ကမ္ဘာတစ်ဝန်းမှတာဝန်ရှိသူများဟာ နေရာအကန့်လေးတွေ ၊ မြေပြင်ပေါ်မှာ စက်ဝိုင်းလေးတွေရေးဆွဲပြီး လူစုလူဝေများတဲ့နေရာတွေကို ထိန်းချုပ်ထားလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း အိန္နိယနိုင်ငံ ၊ Bengal ပြည်နယ်ရဲ့ အနောက်ဖက်ပိုင်းက ရထားဘူတာတစ်ခုမှာပြုလုပ်ထားတဲ့ social distancing စက်ဝိုင်းကွက်လေးတွေကတော့ ကြည့်မိ ၊ မြင်မိ သူတိုင်းကိုရယ်မောကျစေမှာပါ ။ အဆိုပါ ဓာတ်ပုံတွေကို Anamika အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က social media ပေါ်မှာ ဝေမျှထားခဲ့တာဖြစ်ပါတယ် ။’ တီထွင်ဖန်တီးနိုင်တဲ့အဆင့်ကတော့ အဆုံးအဆမဲ့ပဲ ‘ ဆိုတဲ့စာသားလေးကိုပါ ဝေမျှထားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)