လကၡဏာ

၇ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း (17.9.2020 မွ 23.9.2020 )အထိ

တနင်္ဂနွေ

ဤကာလအတွင်းငွေကြေးကိစ္စအ၀၀အတွက်ပူပန်ရတတ်ပါတယ်။အသုံးအစွဲအပေးအယူတတ်ဖို့လိုတဲ့အချိန် ပါပဲ။ ဝန်ထမ်းလခစားဖြစ်ပါက မိမိအပြောကြောင့် တစ်ဖက်သူ၏ အငြိုးအတေးပြုခြင်း၊ အမုန်းပွားခြင်းကို ခံရ တတ်ပါသည်။

ကျန်းမာရေးမှာ မတော်တဆ ထိခိုက်အနာတရဖြစ်တတ်ခြင်း၊ ဦးခေါင်းပိုင်းတွင် ထိခိုက်ခံရခြင်း အတွက် အထူးသတိထားရန် လိုအပ်ပါသည်။ အိုးအိမ်နှင့် ပတ်သက်၍ ဖြစ်စေ၊ မည်သည့်လုပ်ငန်းပင်ဖြစ်စေ အခြေ ချလုပ်ကိုင်မည် ဆိုပါက ရေရှည်တွင် အကျိုးပေးနိုင်ပါသည်။

ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်တားသော စီးပွားရေး လုပ်ငန်း တို့မှ လည်း အခြေအနေကောင်းနေမည်။ သို့သော် မည်သည့်လုပ်ငန်းကိုမဆို ငွေကြေးအလုံးအရင်းနှင့် (သို့) ရှိစုမဲ့စုကို ပုံအောလုပ်ကိုင်ခြင်းမျိုး လုံးဝမလုပ်ကိုင်ပါနှင့်။

အိမ်ထောင်ရှင်များဖြစ်ပါက အိမ်တွင်းရေး အေးချမ်းမှု ရှိ မည်။ မိမိအိမ်ထောင်ဖက်နှင့်ပတ်သက်၍လည်း အမွေအနှစ်များ ရရှိတတ်ပါသည်။ ကြီးကြီးမားမား အလှူအတန်း ကုသိုလ်များ ပြုရတတ်သည်။

အချစ်ရေးတွင် အချစ်ရှိပြီးသူများ တစ်ဦးနှင့်တစ်ဦး မခွဲနိုင်မခွာရက် ဖြစ်နေရသော် လည်း ဤကာလတွင် ခေတ္တခွဲခွာစရာ အကြောင်းအရာများ ပေါ်ပေါက်လာမည်။

ပညာရေးကဏ္ဍများတွင်တော့ မိမိ ကိုယ်တိုင်က မိသားစုအရေးကိစ္စတွေကြောင့် ပညာရေးဘက်မလှည့်နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၃/၉

အထူးဟော စကားအပြောအဆိုလိမ္မာပါးနပ်ဖို့လိုပါတယ်။

ယတြာ သင်္ဘောသီးကိုခွဲစိပ်ပြီး သကြားဖြူ၍ ဘုရားရှင်အားကပ်လှူပေးပါ။

တနင်္လာ

ဤကာလအတွင်း စီးပွားရေးလုပ်ငန်းများကို အခြေချလုပ်ကိုင်နိုင်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမည် ဆိုပါက အမိအဘအကြီးအကဲတွေနဲ့တိုင်ပင်လုပ်ကိုင်သင့်ပါသည်

ကျန်းမာရေးမှာ အံဆုံးပေါက်ခြင်း၊ သွားကိုက်၊ သွားနာခြင်း၊ ခွဲစိတ်ကုသခံယူရခြင်းများရှိတတ်သလိုကူးစက်ရောဂါရလွယ်တဲ့အချိန်မို့သတိရှိဖို့တိုက်တွန်းအပ်ပါ တယ်။ ချေးထားတဲ့ငွေ ဆုံးခြင်းများရှိမည်။

မျိုးရိုးစဉ်ဆက်လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းမှ ကျော်လွန်သော အခြားစီးပွားရေး လုပ်ငန်း လုပ်ကိုင်ပါက အဆင်ပြေအောင်မြင်မှုကို ပိုမိုရရှိနိုင်ပါသည်။ ယခုကာလအတွင်း မိမိပြော ဆိုသမျှ ဆောင်ရွက်သမျှ အဆင်ပြေအောင်မြင်မည်။

မိတ်ကောင်း၊ ဆွေကောင်း အကြီးအကဲများထံမှ အကြံဉာဏ် ကောင်းများ၊ ထူးခြားသော အတတ်ပညာကောင်းများ လက်ခံရရှိမည်။ ဝန်ထမ်းလခစား ဖြစ်ပါက လက်ရှိလုပ်ငန်း နေရာဌာနတွင် မည်မျှပင် အဆင်ပြေနေသော်လည်း လုပ်ငန်းတွင်မပျော် ပြောင်းလဲ လိုသော ဆန္ဒများ ပြင်းပြနေမည်။

ပညာရေးနှင့်ပတ်သက်၍ ကံကောင်းမည်။ အလုပ်အကိုင်ရှာဖွေသူဖြစ်ပါက လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်တွဲ၍ လုပ်ကိုင်ရတတ်သည်။ လုပ်ငန်းနှစ်မျိုးအား တစ်ပြိုင်တည်း လုပ်ကိုင်ရခြင်းမျိုးနှင့် ကြုံရတတ်ပါသည်။

ငယ်ရွယ်သူ များအဖို့ အချစ်ရေး ကံကောင်းနေမည်။ အိမ်ထောင်ရေးသဘောထားမတိုက်ဆိုင်တာတွေများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၆/၇

အထူးဟော ကျန်းမာရေးအလေးထားဂရုစိုက်နေထိုင်ပါ။

ယတြာ ဆေးနဲ့ပက်သက်တဲ့အလှူလေးတွေ လုပ်ပေးပါ။

အင်္ဂါ

ဤကာလအတွင်း မိမိရဲ့ကြိုတင်ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ထားမှုများက လက်ရှိအချိန်မှာအလွန်အဆင် ပြေပါလိမ့်မယ်။အောင်မြင်မှု အခွင့်အလမ်းများ၊ သူ့အလိုလို ပေါ်ပေါက်လာမည်။

အလုပ်အကိုင် ရှာဖွေသူ ဖြစ်ပါက ယခင်ကာလ အဆင်မပြေမှုများ ရှိသော်လည်း ယခုကာလအတွင်း အဆင်ပြေသွားနိုင်ပါသည်။ အရပ်ဝေးမှ စာသော် လည်းကောင်း၊ လူသော်လည်းကောင်း၊ သတင်းများသော်လည်းကောင်း လက်ခံရရှိနိုင်သည်။

စီးပွားရေးလုပ်ငန်းတွင် အတိုက်အခံများ ရှိသော်လည်း မိမိရည်ရွယ်ထားသည့်အတိုင်း တစ်စိုက်မတ်မတ် လုပ်ကိုင်ခြင်းကြောင့် အတိုက်အခံ များကြားတွင် အောင်မြင်မှုများ ရရှိမည်။ ကျန်းမာရေးနှင့်ပတ်သက်၍

ကိုယ်အလေးချိန်တိုးခြင်း၊ အသည်းအဆီဖုံး ခြင်း၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲခြင်း ဝေဒနာများ ဖြစ်ပေါ်ခံစားရ တတ်သည်။ ငယ်ရွယ်သူတို့၏ အချစ်ရေးမှာ သည်းခံ၊ ခွင့်လွှတ်၊ နားလည်မှုပေးနိုင်မှ ခိုင်မြဲနေမည်။

အိမ်ထောင်ရှင် ဖြစ်ပါက မိမိ၏အိမ်ထောင်ဘက်နှင့် သဘော ထားကွဲလွဲမှုများ ရှိမည်။ ယခုကာလအတွင်း ခရီးသွားရန် ကြံစည်ထားပါက အဆင်မပြေရက်ရွှေ့ရတတ်ပါသည်။

ပညာသင်ကျောင်းသားများ အနေဖြင့် ပညာရေးကံ ကောင်းပြီး အတတ်ပညာနှင့် ဘဝအတွက် တိုးတတ်မှုများကို ရှာဖွေနိုင်သော အနေအထားတွင်ရှိသည်။

အကျိုးပေးဂဏန်း ၁/၇/၃

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ ငါးခြောက်ကြော်နှင့်ဘုရားရှင်အားဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းလူချစ်လူခင်များခြင်း၊စန်းအားကောင်းခြင်းများကြုံရတတ်ပါတယ်။အိမ်တွင်းရေးသာယာစိုပြေနေတာမျိုး၊မိသားစုစုံညီရှိနေတာမျိုးကြုံရတတ်ပါတယ်။အိုင်တီနှင့်ပတ်သက်၍ ဆက်နွယ်လုပ်ကိုင်နေသော လုပ်ငန်းများ အကျိုးဖြစ်ထွန်းမှု ရှိမည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အဆုတ်ပွခြင်း၊ အဆုတ်ရောင်ခြင်း စသည့် အဆုတ် ဆိုင်ရာ ဝေဒနာတစ်ခုခု ဖြစ်ပေါ်ခံစားရတတ်သည်။ စီးပွားရေးလုပ်ငန်းတွင် စပ်တူရှယ်ယာ အစုစပ် လုပ်ကိုင်ရန် ကမ်းလှမ်းလာမှုများလည်း ရှိမည်။

သို့သော် မိမိ၏ အရေးကြီးကိစ္စများကို အင်္ဂါ၊ တနင်္လာသားသမီး များနှင့် ပြောဆိုတိုင်ပင်၊ အကြံဉာဏ်တောင်းကာ အကောင် အထည်ဖေါ်သင့်သည်။ ဤကာလအတွင်း သင်သည် ဘာသာရေးအလုပ်များကို အချိန်ပေးပြီး ထိထိရောက်ရောက် လုပ်ကိုင်သင့်ပါသည်။

ဝန်ထမ်းဖြစ်ပါက အားနာတတ် မှုကြောင့် ပြဿနာများ ပေါ်ပေါက် တတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက မိသားစုတကွဲတပြားစီ နေရခြင်းမှ အတူတကွ ပြန်လည်နေထိုင်ရတတ်သည်။

ပျိုရွယ်သူများ လူချစ်၊ လူခင်ပေါများသကဲ့သို့ မိမိအပေါ် ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီးမုန်းနေသူများ လည်း ရှိနေမည်။ အသွားအလာ၊ အနေအထိုင် သတိရှိသင့်သည်။

ပညာသင်ကျောင်းသား ဖြစ်ပါက လက်တွေ့ အခြေအနေနှင့် မိမိဆန္ဒများ လွဲချော်မှုများ ရှိနေနိုင်ပါသည်။ သည်ခံစိတ်မွေးပြီး အချိန်အခါ ကောင်းကို စောင့်ဆိုင်း သင့် သည်။

အကျိုးပေးဂဏန်း ၁/၂/၉

အထူးဟော လူချစ်လူခင်ပေါများနေတတ်သည်။

ယတြာ ကြက်ဥလေးတွေဝယ်ပြီး နွမ်းပါးသူတွေကိုနိုင်သလောက်ပေးလိုက်ပါ။

ကြာသပတေး

ဤကာလအတွင်း အညံ့အဆိုးတွေအနည်းငယ်ရှိနေတတ်ပါတယ်။ အတိုက်အခံများ ရှိနေတတ်သည်။ စိတ် ပင်ပန်း၊ လူပင်ပန်းရခြင်းများလည်း ရှိမည်။ သို့သော် စိုးရိမ်စရာမရှိပါ။ ယခုကာလအတွင်း အတတ်နိုင်ဆုံး အနောက်၊ အနောက်တောင်အရပ်သို့ ခရီးဝေးသွားလာခြင်း ရှောင်ကြဉ်ပါ။

ကျန်းမာရေးမှာ ဆီးကျောက်ကပ်ဆိုင်ရာ ဝေဒနာ များ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အလောင်းကစားကဲ့သို့ သော အလုပ်များမှ ငွေကြေးများစွာ ရရှိတတ်မည် ဖြစ်သော် လည်း ထိုငွေကြေးများသည် သင့်လက်ထဲတွင် မြဲမည် မဟုတ်သောကြောင့်

အဆိုပါ အလုပ်များကို ရှောင်ကြဉ် သင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက အကြီးအကဲများ၏ ယုံကြည် မှု၊ ချစ်ခင်မှုကို ရရှိနိုင်ပါသည်။ လူကြီးများ၏ ချီးမြှင့် မြှောက်စားမှုကြောင့်လည်း အစစအရာရာ အဆင်ပြေတတ် သည်။အမှုဟောင်း၊ပြဿနာဟောင်းတွေပေါ်လာတတ် ပါတယ်။

မိမိဝယ်ထားတဲ့တစ်ပတ်ရစ်ပစ္စည်းတွေက အပျက်အစီးများနေတတ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက မကြာခဏ စကားပြော အဆင်မပြေမှုများ ရှိတတ်သော်လည်း ဆိုးဆိုးရွားရွား အခြေအနေ မရှိပါ။

အချစ်ရေးနှင့် ပတ်သက်၍ ငယ်ရွယ် သူများ သွားလေရာ မျက်နှာပွင့်လန်းမည်။ ချစ်သူတွေ့ရတတ် သည်။ ပညာသင်ကျောင်းသာ ဖြစ်ပါက ပြည်ပသို့ သွားရခြင်းများ ရှိမည်။

အကျိုးပေးဂဏန်း ၃/၅/၉

အထူးဟော ကံအင်အားနေတဲ့အတွက်သတိနဲ့ယှဉ်ပြီးနေထိုင်လုပ်ကိုင်ပါ။

ယတြာ ကန်စွန်းရွက်ကြော်နှင့်ဘုရားရှင်အားဆွမ်းကပ်ပါ။

သောကြာ

ဒီအပတ်အတွင်းကတော့အောင်မြင်မှုရဲ့ခြေလှမ်းအစလို့ပြောလို့ရပါတယ်။အခွင့်အရေးတွေအခွင့်အလမ်းတွေကပုံစံ ပြောင်းပြီးမိမိဆီရောက်လာတတ်ပါတယ်။ ဖမ်းဆုပ်ယူနိုင်သူအဆင်ပြေပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းနှင့် ပတ်သက် ၍

ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်း တွင် ထူးထူးခြားခြား ကိစ္စကလေးများ ရှိနေမည်။ ကြီး မားသော အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်တတ်သည်။ ကောင်းသော အပြောင်းအလဲများ ဖြစ်နိုင်မည်။

ယခု အချိန်တွင်အောင်မြင်ရေးလမ်းကြောင်းပေါ်သို့အခြေ ချစပြုနေသော အခြေအနေဖြစ်၍ ယခင်က အကောင် အထည် ဖေါ်၍ မရနိုင်ခဲ့သော လုပ်ငန်းကိစ္စများသည် ယခု ကာလတွင်အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်မည်။

မိမိရပိုင် ခွင့်များ ပြန်လည်ရရှိခြင်း၊ မြုတ်နေသော ငွေကြေး များ ရရှိခြင်းရှိမည်။ အိမ်ထောင်ရှင်များ ဖြစ်ပါကလည်း နှစ်ဖက် မိဘများထံမှ အမွေအနှစ်များ ရတတ်ကိန်း ရှိပါ သည်။ ချစ်သူနဲ့ခရီးထွက်ရန် အခွင့်အရေးများ ပေါ်ပေါက်နိုင်ပါသည်။

အချစ်ရေးအဆင်ပြေတာများမယ့်ကာလတစ်ခုပါပဲ။ ပညာရေး လိုက်စားသူများ မိမိ လေ့လာသင်ကြားလိုသော ဘာသာရပ်များကို သင်ကြားခွင့်ရရှိမည်။ ကျန်းမာရေး တွင် ခန္ဓာကိုယ် လေဖျန်း တတ်ခြင်းနှင့် ရင်ဘက် အောင့်ခြင်း၊ ခါးနာ၊ ခါးအောင့်ခြင်းများ ဖြစ်တတ်သည်။

အကျိုးပေးဂဏန်း ၃/၄/၈

အထူးဟော အခွင့်အရေးကောင်းတွေလက်လွတ်မခံပါနှင့်။

ယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဗူး လူကြီးသူမတစ်ဦးကိုလက်ဆောင်ပေးပါ။

စနေ

ဤကာလများတွင် သင်၏ကံကြမ္မာသည် ကောင်းသည်ဟုလည်း မဆိုနိုင်သလို ဆိုးညံ့လှသည်ဟုလည်း မဆိုနိုင်သေး၍ သတိတော့ထားပါ။ စီးပွားရေးနှင့် ပတ်သက်၍ မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများ ရရှိနိုင်ပါသည်။

ရွှေ့ပြောင်း၍မလွယ်ကူသော အိမ်၊မြေ၊ တိုက်ခန်း၊ ခြံအရောင်းအဝယ်ကိစ္စများ အဆင်ပြေအောင်မြင် မှုရရှိမည်။ ဤကာလအတွင်းမိမိဆန္ဒရှိသည့်အတိုင်း လုပ်ကိုင်နိုင်မည်။ လိင်မတူသူတွေ၊မိမိကိုပိုးပန်းနေသူတွေဆီက အကူအညီတွေ၊အကြံဉာဏ်တွေရလာတတ်ပါတယ်။

အိမ်ထောင်ရှင်များ လူမှုရေး ပြဿနာရှုပ် ထွေးမှုများ ရှိတတ် မည်။ သူစိမ်းဧည့်သည်များ သင့်အိမ်သို့ လာရောက်တည်းခို နေထိုင်ခြင်းမျိုးကို လုံးဝမပြုသင့်ပါ။ ဝန်ထမ်းများ ဌာန ဆိုင်ရာစာမေးပွဲ ဖြေဆိုရခြင်း၊ သင်တန်းတတ်ရခြင်းများ ရှိမည်။

ငယ်ရွယ်သူများ အချစ်ရေးတွင် ငွေကြေးပြည့်စုံသူ နှင့်တွေ့ရတတ်သည်။ချစ်သူနှစ်ဦးနားလည်မှုအပြည့်နဲ့ရှေ့ဆက်နိုင်မယ့်ကာလပါပဲ။ပညာရေးနှင့် ပတ်သက်၍ ဘာသာ စကားသင်တန်းတစ်ခုခု တတ်ရောက်ရတတ်သည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အူလမ်း ကြောင်း ဆိုင်ရာ ဝေဒနာ များဖြစ်ပေါ်ခံစားရတတ် သည်။ အပူ၊ အစပ်များကိုရှောင်၍ အရည်ရွှမ်းသော အသီးအနှံ များကို များများစားခြင်း၊ သန့်ရှင်းသောရေကို များများသောက်ပေးခြင်းတို့ ပြုလုပ်ပေးပါ။

အကျိုးပေးဂဏန်း ၅/၈/၀

အထူးဟော လုပ်ငန်းစီးပွားအောင်မြင်ဖို့အတွက်ကူညီမယ့်သူပေါများချိန်ပါ။

ယတြာ ထန်းလျက်ခဲ၉လုံး ဘုရားကပ်လှူပါ

SaYar Nyein Aye Lu

————————

17.9.2020 မွ 23.9.2020 အထိ ၇ရက္သားသမီး တစ္ပတ္စာေဟာစာတမ္း

တနဂၤေႏြ

ဤကာလအတြင္းေငြေၾကးကိစၥအ၀၀အတြက္ပူပန္ရတတ္ပါတယ္။အသုံးအစြဲအေပးအယူတတ္ဖို႔လိုတဲ့အခ်ိန္ ပါပဲ။ ဝန္ထမ္းလခစားျဖစ္ပါက မိမိအေျပာေၾကာင့္ တစ္ဖက္သူ၏ အၿငိဳးအေတးျပဳျခင္း၊ အမုန္းပြားျခင္းကို ခံရ တတ္ပါသည္။

က်န္းမာေရးမွာ မေတာ္တဆ ထိခိုက္အနာတရျဖစ္တတ္ျခင္း၊ ဦးေခါင္းပိုင္းတြင္ ထိခိုက္ခံရျခင္း အတြက္ အထူးသတိထားရန္ လိုအပ္ပါသည္။ အိုးအိမ္ႏွင့္ ပတ္သက္၍ ျဖစ္ေစ၊ မည္သည့္လုပ္ငန္းပင္ျဖစ္ေစ အေျခ ခ်လုပ္ကိုင္မည္ ဆိုပါက ေရရွည္တြင္ အက်ိဳးေပးႏိုင္ပါသည္။

ျပည္ပႏွင့္ ဆက္သြယ္လုပ္ကိုင္တားေသာ စီးပြားေရး လုပ္ငန္း တို႔မွ လည္း အေျခအေနေကာင္းေနမည္။ သို႔ေသာ္ မည္သည့္လုပ္ငန္းကိုမဆို ေငြေၾကးအလုံးအရင္းႏွင့္ (သို႔) ရွိစုမဲ့စုကို ပုံေအာလုပ္ကိုင္ျခင္းမ်ိဳး လုံးဝမလုပ္ကိုင္ပါႏွင့္။

အိမ္ေထာင္ရွင္မ်ားျဖစ္ပါက အိမ္တြင္းေရး ေအးခ်မ္းမႈ ရွိ မည္။ မိမိအိမ္ေထာင္ဖက္ႏွင့္ပတ္သက္၍လည္း အေမြအႏွစ္မ်ား ရရွိတတ္ပါသည္။ ႀကီးႀကီးမားမား အလႉအတန္း ကုသိုလ္မ်ား ျပဳရတတ္သည္။

အခ်စ္ေရးတြင္ အခ်စ္ရွိၿပီးသူမ်ား တစ္ဦးႏွင့္တစ္ဦး မခြဲႏိုင္မခြာရက္ ျဖစ္ေနရေသာ္ လည္း ဤကာလတြင္ ေခတၱခြဲခြာစရာ အေၾကာင္းအရာမ်ား ေပၚေပါက္လာမည္။

ပညာေရးက႑မ်ားတြင္ေတာ့ မိမိ ကိုယ္တိုင္က မိသားစုအေရးကိစၥေတြေၾကာင့္ ပညာေရးဘက္မလွည့္ႏိုင္ျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅/၃/၉

အထူးေဟာ စကားအေျပာအဆိုလိမၼာပါးနပ္ဖို႔လိုပါတယ္။

ယၾတာ သေဘၤာသီးကိုခြဲစိပ္ၿပီး သၾကားျဖဴ၍ ဘုရားရွင္အားကပ္လႉေပးပါ။

တနလၤာ

ဤကာလအတြင္း စီးပြားေရးလုပ္ငန္းမ်ားကို အေျခခ်လုပ္ကိုင္ႏိုင္ရန္ ခိုင္မာေသာ ဆုံးျဖတ္ခ်က္ကို ခ်မည္ ဆိုပါက အမိအဘအႀကီးအကဲေတြနဲ႔တိုင္ပင္လုပ္ကိုင္သင့္ပါသည္။

က်န္းမာေရးမွာ အံဆုံးေပါက္ျခင္း၊ သြားကိုက္၊ သြားနာျခင္း၊ ခြဲစိတ္ကုသခံယူရျခင္းမ်ားရွိတတ္သလိုကူးစက္ေရာဂါရလြယ္တဲ့အခ်ိန္မို႔သတိရွိဖို႔တိုက္တြန္းအပ္ပါ တယ္။ ေခ်းထားတဲ့ေငြ ဆုံးျခင္းမ်ားရွိမည္။

မ်ိဳး႐ိုးစဥ္ဆက္လုပ္ကိုင္ေသာ စီးပြားေရး လုပ္ငန္းမွ ေက်ာ္လြန္ေသာ အျခားစီးပြားေရး လုပ္ငန္း လုပ္ကိုင္ပါက အဆင္ေျပေအာင္ျမင္မႈကို ပိုမိုရရွိႏိုင္ပါသည္။ ယခုကာလအတြင္း မိမိေျပာ ဆိုသမွ် ေဆာင္႐ြက္သမွ် အဆင္ေျပေအာင္ျမင္မည္။

မိတ္ေကာင္း၊ ေဆြေကာင္း အႀကီးအကဲမ်ားထံမွ အႀကံဉာဏ္ ေကာင္းမ်ား၊ ထူးျခားေသာ အတတ္ပညာေကာင္းမ်ား လက္ခံရရွိမည္။ ဝန္ထမ္းလခစား ျဖစ္ပါက လက္ရွိလုပ္ငန္း ေနရာဌာနတြင္ မည္မွ်ပင္ အဆင္ေျပေနေသာ္လည္း လုပ္ငန္းတြင္မေပ်ာ္ ေျပာင္းလဲ လိုေသာ ဆႏၵမ်ား ျပင္းျပေနမည္။

ပညာေရးႏွင့္ပတ္သက္၍ ကံေကာင္းမည္။ အလုပ္အကိုင္ရွာေဖြသူျဖစ္ပါက လုပ္ငန္းတစ္ဖက္၊ ပညာတစ္ဖက္တြဲ၍ လုပ္ကိုင္ရတတ္သည္။ လုပ္ငန္းႏွစ္မ်ိဳးအား တစ္ၿပိဳင္တည္း လုပ္ကိုင္ရျခင္းမ်ိဳးႏွင့္ ႀကဳံရတတ္ပါသည္။

ငယ္႐ြယ္သူ မ်ားအဖို႔ အခ်စ္ေရး ကံေကာင္းေနမည္။ အိမ္ေထာင္ေရးသေဘာထားမတိုက္ဆိုင္တာေတြမ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၆/၇

အထူးေဟာ က်န္းမာေရးအေလးထားဂ႐ုစိုက္ေနထိုင္ပါ။

ယၾတာ ေဆးနဲ႔ပက္သက္တဲ့အလႉေလးေတြ လုပ္ေပးပါ။

အဂၤါ

ဤကာလအတြင္း မိမိရဲ႕ႀကိဳတင္ျပင္ဆင္လုပ္ကိုင္ေဆာင္႐ြက္ထားမႈမ်ားက လက္ရွိအခ်ိန္မွာအလြန္အဆင္ ေျပပါလိမ့္မယ္။ေအာင္ျမင္မႈ အခြင့္အလမ္းမ်ား၊ သူ႔အလိုလို ေပၚေပါက္လာမည္။

အလုပ္အကိုင္ ရွာေဖြသူ ျဖစ္ပါက ယခင္ကာလ အဆင္မေျပမႈမ်ား ရွိေသာ္လည္း ယခုကာလအတြင္း အဆင္ေျပသြားႏိုင္ပါသည္။ အရပ္ေဝးမွ စာေသာ္ လည္းေကာင္း၊ လူေသာ္လည္းေကာင္း၊ သတင္းမ်ားေသာ္လည္းေကာင္း လက္ခံရရွိႏိုင္သည္။

စီးပြားေရးလုပ္ငန္းတြင္ အတိုက္အခံမ်ား ရွိေသာ္လည္း မိမိရည္႐ြယ္ထားသည့္အတိုင္း တစ္စိုက္မတ္မတ္ လုပ္ကိုင္ျခင္းေၾကာင့္ အတိုက္အခံ မ်ားၾကားတြင္ ေအာင္ျမင္မႈမ်ား ရရွိမည္။ က်န္းမာေရးႏွင့္ပတ္သက္၍

ကိုယ္အေလးခ်ိန္တိုးျခင္း၊ အသည္းအဆီဖုံး ျခင္း၊ ကိုယ္ခႏၶာနာက်င္ကိုက္ခဲျခင္း ေဝဒနာမ်ား ျဖစ္ေပၚခံစားရ တတ္သည္။ ငယ္႐ြယ္သူတို႔၏ အခ်စ္ေရးမွာ သည္းခံ၊ ခြင့္လႊတ္၊ နားလည္မႈေပးႏိုင္မွ ခိုင္ၿမဲေနမည္။

အိမ္ေထာင္ရွင္ ျဖစ္ပါက မိမိ၏အိမ္ေထာင္ဘက္ႏွင့္ သေဘာ ထားကြဲလြဲမႈမ်ား ရွိမည္။ ယခုကာလအတြင္း ခရီးသြားရန္ ႀကံစည္ထားပါက အဆင္မေျပရက္ေ႐ႊ႕ရတတ္ပါသည္။

ပညာသင္ေက်ာင္းသားမ်ား အေနျဖင့္ ပညာေရးကံ ေကာင္းၿပီး အတတ္ပညာႏွင့္ ဘဝအတြက္ တိုးတတ္မႈမ်ားကို ရွာေဖြႏိုင္ေသာ အေနအထားတြင္ရွိသည္။

အက်ိဳးေပးဂဏန္း ၁/၇/၃

အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။

ယၾတာ ငါးေျခာက္ေၾကာ္ႏွင့္ဘုရားရွင္အားဆြမ္းကပ္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းလူခ်စ္လူခင္မ်ားျခင္း၊စန္းအားေကာင္းျခင္းမ်ားႀကဳံရတတ္ပါတယ္။အိမ္တြင္းေရးသာယာစိုေျပေနတာမ်ိဳး၊မိသားစုစုံညီရွိေနတာမ်ိဳးႀကဳံရတတ္ပါတယ္။အိုင္တီႏွင့္ပတ္သက္၍ ဆက္ႏြယ္လုပ္ကိုင္ေနေသာ လုပ္ငန္းမ်ား အက်ိဳးျဖစ္ထြန္းမႈ ရွိမည္။

က်န္းမာေရးႏွင့္ ပတ္သက္၍ အဆုတ္ပြျခင္း၊ အဆုတ္ေရာင္ျခင္း စသည့္ အဆုတ္ ဆိုင္ရာ ေဝဒနာတစ္ခုခု ျဖစ္ေပၚခံစားရတတ္သည္။ စီးပြားေရးလုပ္ငန္းတြင္ စပ္တူရွယ္ယာ အစုစပ္ လုပ္ကိုင္ရန္ ကမ္းလွမ္းလာမႈမ်ားလည္း ရွိမည္။

သို႔ေသာ္ မိမိ၏ အေရးႀကီးကိစၥမ်ားကို အဂၤါ၊ တနလၤာသားသမီး မ်ားႏွင့္ ေျပာဆိုတိုင္ပင္၊ အႀကံဉာဏ္ေတာင္းကာ အေကာင္ အထည္ေဖၚသင့္သည္။ ဤကာလအတြင္း သင္သည္ ဘာသာေရးအလုပ္မ်ားကို အခ်ိန္ေပးၿပီး ထိထိေရာက္ေရာက္ လုပ္ကိုင္သင့္ပါသည္။

ဝန္ထမ္းျဖစ္ပါက အားနာတတ္ မႈေၾကာင့္ ျပႆနာမ်ား ေပၚေပါက္ တတ္သည္။ အိမ္ေထာင္ရွင္ျဖစ္ပါက မိသားစုတကြဲတျပားစီ ေနရျခင္းမွ အတူတကြ ျပန္လည္ေနထိုင္ရတတ္သည္။

ပ်ိဳ႐ြယ္သူမ်ား လူခ်စ္၊ လူခင္ေပါမ်ားသကဲ့သို႔ မိမိအေပၚ ကိုယ့္ခ်စ္သူနဲ႔ ပတ္သက္ၿပီးမုန္းေနသူမ်ား လည္း ရွိေနမည္။ အသြားအလာ၊ အေနအထိုင္ သတိရွိသင့္သည္။

ပညာသင္ေက်ာင္းသား ျဖစ္ပါက လက္ေတြ႕ အေျခအေနႏွင့္ မိမိဆႏၵမ်ား လြဲေခ်ာ္မႈမ်ား ရွိေနႏိုင္ပါသည္။ သည္ခံစိတ္ေမြးၿပီး အခ်ိန္အခါ ေကာင္းကို ေစာင့္ဆိုင္း သင့္ သည္။

အက်ိဳးေပးဂဏန္း ၁/၂/၉

အထူးေဟာ လူခ်စ္လူခင္ေပါမ်ားေနတတ္သည္။

ယၾတာ ၾကက္ဥေလးေတြဝယ္ၿပီး ႏြမ္းပါးသူေတြကိုႏိုင္သေလာက္ေပးလိုက္ပါ။

ၾကာသပေတး

ဤကာလအတြင္း အညံ့အဆိုးေတြအနည္းငယ္ရွိေနတတ္ပါတယ္။ အတိုက္အခံမ်ား ရွိေနတတ္သည္။ စိတ္ ပင္ပန္း၊ လူပင္ပန္းရျခင္းမ်ားလည္း ရွိမည္။ သို႔ေသာ္ စိုးရိမ္စရာမရွိပါ။ ယခုကာလအတြင္း အတတ္ႏိုင္ဆုံး အေနာက္၊ အေနာက္ေတာင္အရပ္သို႔ ခရီးေဝးသြားလာျခင္း ေရွာင္ၾကဥ္ပါ။

က်န္းမာေရးမွာ ဆီးေက်ာက္ကပ္ဆိုင္ရာ ေဝဒနာ မ်ား ျဖစ္ေပၚခံစားရတတ္ပါသည္။ အေလာင္းကစားကဲ့သို႔ ေသာ အလုပ္မ်ားမွ ေငြေၾကးမ်ားစြာ ရရွိတတ္မည္ ျဖစ္ေသာ္ လည္း ထိုေငြေၾကးမ်ားသည္ သင့္လက္ထဲတြင္ ၿမဲမည္ မဟုတ္ေသာေၾကာင့္

အဆိုပါ အလုပ္မ်ားကို ေရွာင္ၾကဥ္ သင့္ပါသည္။ ဝန္ထမ္းျဖစ္ပါက အႀကီးအကဲမ်ား၏ ယုံၾကည္ မႈ၊ ခ်စ္ခင္မႈကို ရရွိႏိုင္ပါသည္။ လူႀကီးမ်ား၏ ခ်ီးျမႇင့္ ေျမႇာက္စားမႈေၾကာင့္လည္း အစစအရာရာ အဆင္ေျပတတ္ သည္။အမႈေဟာင္း၊ျပႆနာေဟာင္းေတြေပၚလာတတ္ ပါတယ္။

မိမိဝယ္ထားတဲ့တစ္ပတ္ရစ္ပစၥည္းေတြက အပ်က္အစီးမ်ားေနတတ္ပါတယ္။ အိမ္ေထာင္ရွင္ျဖစ္ပါက မၾကာခဏ စကားေျပာ အဆင္မေျပမႈမ်ား ရွိတတ္ေသာ္လည္း ဆိုးဆိုး႐ြား႐ြား အေျခအေန မရွိပါ။

အခ်စ္ေရးႏွင့္ ပတ္သက္၍ ငယ္႐ြယ္ သူမ်ား သြားေလရာ မ်က္ႏွာပြင့္လန္းမည္။ ခ်စ္သူေတြ႕ရတတ္ သည္။ ပညာသင္ေက်ာင္းသာ ျဖစ္ပါက ျပည္ပသို႔ သြားရျခင္းမ်ား ရွိမည္။

အက်ိဳးေပးဂဏန္း ၃/၅/၉

အထူးေဟာ ကံအင္အားေနတဲ့အတြက္သတိနဲ႔ယွဥ္ၿပီးေနထိုင္လုပ္ကိုင္ပါ။

ယၾတာ ကန္စြန္း႐ြက္ေၾကာ္ႏွင့္ဘုရားရွင္အားဆြမ္းကပ္ပါ။

ေသာၾကာ

ဒီအပတ္အတြင္းကေတာ့ေအာင္ျမင္မႈရဲ႕ေျခလွမ္းအစလို႔ေျပာလို႔ရပါတယ္။အခြင့္အေရးေတြအခြင့္အလမ္းေတြကပုံစံ ေျပာင္းၿပီးမိမိဆီေရာက္လာတတ္ပါတယ္။ ဖမ္းဆုပ္ယူႏိုင္သူအဆင္ေျပပါလိမ့္မယ္။စီးပြားေရးလုပ္ငန္းႏွင့္ ပတ္သက္ ၍

ျပည္ပႏွင့္ ဆက္သြယ္လုပ္ကိုင္ရေသာ စီးပြားေရးလုပ္ငန္း တြင္ ထူးထူးျခားျခား ကိစၥကေလးမ်ား ရွိေနမည္။ ႀကီး မားေသာ အေျပာင္းအလဲတစ္စုံတစ္ရာ ျဖစ္ေပၚတတ္သည္။ ေကာင္းေသာ အေျပာင္းအလဲမ်ား ျဖစ္ႏိုင္မည္။

ယခု အခ်ိန္တြင္ေအာင္ျမင္ေရးလမ္းေၾကာင္းေပၚသို႔အေျခ ခ်စျပဳေနေသာ အေျခအေနျဖစ္၍ ယခင္က အေကာင္ အထည္ ေဖၚ၍ မရႏိုင္ခဲ့ေသာ လုပ္ငန္းကိစၥမ်ားသည္ ယခု ကာလတြင္ေအာင္ျမင္စြာ အေကာင္အထည္ေဖၚႏိုင္မည္။

မိမိရပိုင္ ခြင့္မ်ား ျပန္လည္ရရွိျခင္း၊ ျမဳတ္ေနေသာ ေငြေၾကး မ်ား ရရွိျခင္းရွိမည္။ အိမ္ေထာင္ရွင္မ်ား ျဖစ္ပါကလည္း ႏွစ္ဖက္ မိဘမ်ားထံမွ အေမြအႏွစ္မ်ား ရတတ္ကိန္း ရွိပါ သည္။ ခ်စ္သူနဲ႔ခရီးထြက္ရန္ အခြင့္အေရးမ်ား ေပၚေပါက္ႏိုင္ပါသည္။

အခ်စ္ေရးအဆင္ေျပတာမ်ားမယ့္ကာလတစ္ခုပါပဲ။ ပညာေရး လိုက္စားသူမ်ား မိမိ ေလ့လာသင္ၾကားလိုေသာ ဘာသာရပ္မ်ားကို သင္ၾကားခြင့္ရရွိမည္။ က်န္းမာေရး တြင္ ခႏၶာကိုယ္ ေလဖ်န္း တတ္ျခင္းႏွင့္ ရင္ဘက္ ေအာင့္ျခင္း၊ ခါးနာ၊ ခါးေအာင့္ျခင္းမ်ား ျဖစ္တတ္သည္။

အက်ိဳးေပးဂဏန္း ၃/၄/၈

အထူးေဟာ အခြင့္အေရးေကာင္းေတြလက္လြတ္မခံပါႏွင့္။

ယၾတာ ဒဏ္ေၾကလိမ္းေဆးတစ္ဗူး လူႀကီးသူမတစ္ဦးကိုလက္ေဆာင္ေပးပါ။

စေန

ဤကာလမ်ားတြင္ သင္၏ကံၾကမၼာသည္ ေကာင္းသည္ဟုလည္း မဆိုႏိုင္သလို ဆိုးညံ့လွသည္ဟုလည္း မဆိုႏိုင္ေသး၍ သတိေတာ့ထားပါ။ စီးပြားေရးႏွင့္ ပတ္သက္၍ မိတ္ေဆြအေပါင္းအသင္းမ်ားထံမွ အကူအညီမ်ား ရရွိႏိုင္ပါသည္။

ေ႐ႊ႕ေျပာင္း၍မလြယ္ကူေသာ အိမ္၊ေျမ၊ တိုက္ခန္း၊ ၿခံအေရာင္းအဝယ္ကိစၥမ်ား အဆင္ေျပေအာင္ျမင္ မႈရရွိမည္။ ဤကာလအတြင္းမိမိဆႏၵရွိသည့္အတိုင္း လုပ္ကိုင္ႏိုင္မည္။ လိင္မတူသူေတြ၊မိမိကိုပိုးပန္းေနသူေတြဆီက အကူအညီေတြ၊အႀကံဉာဏ္ေတြရလာတတ္ပါတယ္။

အိမ္ေထာင္ရွင္မ်ား လူမႈေရး ျပႆနာရႈပ္ ေထြးမႈမ်ား ရွိတတ္ မည္။ သူစိမ္းဧည့္သည္မ်ား သင့္အိမ္သို႔ လာေရာက္တည္းခို ေနထိုင္ျခင္းမ်ိဳးကို လုံးဝမျပဳသင့္ပါ။ ဝန္ထမ္းမ်ား ဌာန ဆိုင္ရာစာေမးပြဲ ေျဖဆိုရျခင္း၊ သင္တန္းတတ္ရျခင္းမ်ား ရွိမည္။

ငယ္႐ြယ္သူမ်ား အခ်စ္ေရးတြင္ ေငြေၾကးျပည့္စုံသူ ႏွင့္ေတြ႕ရတတ္သည္။ခ်စ္သူႏွစ္ဦးနားလည္မႈအျပည့္နဲ႔ေရွ႕ဆက္ႏိုင္မယ့္ကာလပါပဲ။ပညာေရးႏွင့္ ပတ္သက္၍ ဘာသာ စကားသင္တန္းတစ္ခုခု တတ္ေရာက္ရတတ္သည္။

က်န္းမာေရးႏွင့္ ပတ္သက္၍ အူလမ္း ေၾကာင္း ဆိုင္ရာ ေဝဒနာ မ်ားျဖစ္ေပၚခံစားရတတ္ သည္။ အပူ၊ အစပ္မ်ားကိုေရွာင္၍ အရည္႐ႊမ္းေသာ အသီးအႏွံ မ်ားကို မ်ားမ်ားစားျခင္း၊ သန႔္ရွင္းေသာေရကို မ်ားမ်ားေသာက္ေပးျခင္းတို႔ ျပဳလုပ္ေပးပါ။

အက်ိဳးေပးဂဏန္း ၅/၈/၀

အထူးေဟာ လုပ္ငန္းစီးပြားေအာင္ျမင္ဖို႔အတြက္ကူညီမယ့္သူေပါမ်ားခ်ိန္ပါ။

ယၾတာ ထန္းလ်က္ခဲ၉လုံး ဘုရားကပ္လႉပါ

SaYar Nyein Aye Lu