အခ်စ္နွင့္ဘဝ

ငါတို႔နွစ္ေယာက္ ျပန္ေတြ႕ၾကတဲ့အခါ…

ငါတို႔နွစ္ေယာက္ ျပန္ေတြ႕ၾကတဲ့အခါ

နင့္ရဲ႕ေဘးမွာ နင့္အခ်စ္ဆုံး ရွိေနျပီးျဖစ္သလိုငါ့ရဲ႕ေဘးမွာလဲ ငါနဲ႔အသင့္ေတာ္ဆုံးသူ ရွိေနျပီ…။

နင့္အခ်စ္ေတြ သူ႕အတြက္ ပုံေအာျပီးသေလာက္ငါ့အခ်စ္ေတြကို (တစ္ခ်ိန္ကခ်စ္သူကို ပုံေအာျပီးခ်စ္ခဲ့သလိုမ်ိဳး) သူ့အေပၚ ပုံေအာနိုင္ဖို႔ ၾကိဳးစားေနတုန္း…။

နင္ကေတာ့ သူ႕ဆီက နားလည္မွဳေတြယူေနခ်ိန္မွာငါကေတာ့ သူ႕ဆီက နားလည္မွဳေကာ ေႏြးေထြးမႈေတြပါ ရယူျပီးေနျပီဒါေပမယ့္ ငါမေပ်ာ္သလိုပဲ…။

နင္က နင့္အတြက္ ခ်စ္သူကိုရွာေဖြေတြ႕ရွိခ်ိန္မွာငါ့မွာလဲ ငါ့ရဲ႕ ဖူးစာဘက္ရွိေနျပီ…။

နင့္အခ်ိန္ေတြကို သူ႕အတြက္ေပးျပီး ေပ်ာ္ရႊင္ေနသေလာက္သူ႕အခ်ိန္ေတြကုိ ငါ့အတြက္ေပးလာတာေတြ႕တိုင္းနင္သာဆိုတဲ့အေတြးနဲ႔ ဒဏ္ရာေဟာင္းက ရိုက္ခတ္ေနတုန္း…။

နင္ကအျဖစ္ခ်င္ဆုံးေတြနဲ႔ ဘဝကိုျဖတ္သန္းေနခ်ိန္ငါကေတာ့ အျဖစ္သင့္ဆုံးဆိုတဲ့အေတြးေတြနဲ႔ ဘဝကို ျဖတ္သန္းေနခဲ့ျပီ…။

ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုဦးစားေပးတဲ့သူကေအာင္ျမင္နိုင္သလို ျဖစ္သင့္တာထက္ ျဖစ္ခ်င္ရာကိုဦးစားေပးရင္ေပ်ာ္ရႊင္ေစသတဲ့ ……။

ငါကေတာ့ ျဖစ္သင့္တာကိုဦးစားေပးျပီး ေအာင္ျမင္ေအာင္ ေနတယ္ဆိုတာထက္ ျဖစ္ခ်င္တာေတြအတြက္(ငါ့ေဘးမွာ နင္ရွိေစခ်င္တဲ့ဆႏၵေတြအတြက္) ျဖစ္ခြင့္မရွိပဲ နွလုံးသားတစ္ခုကုိ စေတးရျပီး ေအာင္ျမင္ေနတယ္ပဲဆိုပါေတာ့……။

နင္ကေတာ့ ျဖစ္သင့္တဲ့အခ်စ္ဆုံးကိုစြန္႔လႊတ္ျပီးျဖစ္ခ်င္တဲ့ခ်စ္သူနဲ႔အတူ ေပ်ာ္ရႊင္ေနတယ္……။

ငါ့အတြက္က ငါ့ကိုမခ်စ္တဲ့သူကို ဆုံးရႈံးထားရသလို နင့္မွာေတာ့ နင့္ကိုအခ်စ္ဆုံးသူကို ဆုံးရႈံးထားရတယ္။ဆုံးရံႈးပုံျခင္းမတူညီေပမယ့္ ဆုံးရႈံးမွဳတန္ဖိုးကို သိတဲ့သူအတြက္ကေတာ့ေမ့ေဖ်ာက္ဖို႔ခက္တဲ့ အၾကီးမားဆုံး ဆုံးရံႈးမွဳေတြပါပဲ…။

ဘယ္လိုပဲျဖစ္ျဖစ္ေပါ့ နင္လဲနင့္အတြက္ျဖစ္ခ်င္ဆံုးလူနဲ႔အတူ ငါ့မွာလဲ ငါ့အတြက္ အသင့္ေတာ္ဆံုး သူနဲ႔အတူ

နင့္မွာ ခ်စ္သူ ငါ့မွာ ဖူးစာ

နင့္အတြက ္ေပ်ာ္ရႊင္မႈငါ့အတြက္ ေအာင္ျမင္မႈ

နင္က နင့္အခ်စ္ငါက သူ့အခ်စ္

နင့္မွာက ျဖစ္ခ်င္သူနဲ႔ငါ့မွာေတာ့ ျဖစ္သင့္သူနဲ႔

နင့္လူဟာ ငါမဟုတ္သလိုငါ့လူလဲ နင္မဟုတ္ေတာ့ဘူး

ဥပမာဆိုပါေတာ့နင့္လူဆိုတာ တခ်ိန္တုန္းက နင့္လူပဲငါ့လူကလဲ တခ်ိန္က ငါ့အတိုင္းပဲ

ငါ့မွာ ေမ့ေဖ်ာက္ႏိုင္စြမ္းရိွရင္ဆံုး႐ံႈးျဖစ္မွာ တခုမွမရိွဘူး

နင့္မွာ ေမ့ေဖ်ာက္ႏိုင္စြမ္းဘယ္ေလာက္ရိွရိွဆံုး႐ံႈးမႈကို နားလည္လာတဲ့တစ္ေန႔ယူႀကံဳးမရျဖစ္လိမ့္မည္

ဘာပဲျဖစ္ျဖစ္ အရင္လိုမဟုတ္ေတာ့တဲ့ငါ့တို႔ႏွစ္ေယာက္ ျပန္ဆံုျကတဲ့အခါျခားနားခ်က္ေတြ ကြဲျပားျခင္းေတြမတူညီတဲ့ပံုစံမ်ဳိးနဲ႔ ဆံုပါေတာ့။

#မွတ္ခ်က္:ဤပိုစ္သည္ လက္ရိွ တင္သူ အေတြ့အျကံု မဟုတ္ပါ။

CREDIT ORIGINAL WRITER

#အခ်စ္_ပံုျပင္

—————————-

ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ

နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလိုငါ့ရဲ့ဘေးမှာလဲ ငါနဲ့အသင့်တော်ဆုံးသူ ရှိနေပြီ…။

နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက်ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း…။

နင်ကတော့ သူ့ဆီက နားလည်မှုတွေယူနေချိန်မှာငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီဒါပေမယ့် ငါမပျော်သလိုပဲ…။

နင်က နင့်အတွက် ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာငါ့မှာလဲ ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ…။

နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက်သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်းနင်သာဆိုတဲ့အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း…။

နင်ကအဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်ငါကတော့ အဖြစ်သင့်ဆုံးဆိုတဲ့အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ…။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတဲ့သူကအောင်မြင်နိုင်သလို ဖြစ်သင့်တာထက် ဖြစ်ချင်ရာကိုဦးစားပေးရင်ပျော်ရွှင်စေသတဲ့ ……။

ငါကတော့ ဖြစ်သင့်တာကိုဦးစားပေးပြီး အောင်မြင်အောင် နေတယ်ဆိုတာထက် ဖြစ်ချင်တာတွေအတွက်(ငါ့ဘေးမှာ နင်ရှိစေချင်တဲ့ဆန္ဒတွေအတွက်) ဖြစ်ခွင့်မရှိပဲ နှလုံးသားတစ်ခုကို စတေးရပြီး အောင်မြင်နေတယ်ပဲဆိုပါတော့……။

နင်ကတော့ ဖြစ်သင့်တဲ့အချစ်ဆုံးကိုစွန့်လွှတ်ပြီးဖြစ်ချင်တဲ့ချစ်သူနဲ့အတူ ပျော်ရွှင်နေတယ်……။

ငါ့အတွက်က ငါ့ကိုမချစ်တဲ့သူကို ဆုံးရှုံးထားရသလို နင့်မှာတော့ နင့်ကိုအချစ်ဆုံးသူကို ဆုံးရှုံးထားရတယ်။ဆုံးရှုံးပုံခြင်းမတူညီပေမယ့် ဆုံးရှုံးမှုတန်ဖိုးကို သိတဲ့သူအတွက်ကတော့မေ့ဖျောက်ဖို့ခက်တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေပါပဲ…။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ နင်လဲနင့်အတွက်ဖြစ်ချင်ဆုံးလူနဲ့အတူ ငါ့မှာလဲ ငါ့အတွက် အသင့်တော်ဆုံး သူနဲ့အတူ

နင့်မှာ ချစ်သူ ငါ့မှာ ဖူးစာ

နင့်အတွက ်ပျော်ရွှင်မှုငါ့အတွက် အောင်မြင်မှု

နင်က နင့်အချစ်ငါက သူ့အချစ်

နင့်မှာက ဖြစ်ချင်သူနဲ့ငါ့မှာတော့ ဖြစ်သင့်သူနဲ့

နင့်လူဟာ ငါမဟုတ်သလိုငါ့လူလဲ နင်မဟုတ်တော့ဘူး

ဥပမာဆိုပါတော့နင့်လူဆိုတာ တချိန်တုန်းက နင့်လူပဲငါ့လူကလဲ တချိန်က ငါ့အတိုင်းပဲ

ငါ့မှာ မေ့ဖျောက်နိုင်စွမ်းရှိရင်ဆုံးရှုံးဖြစ်မှာ တခုမှမရှိဘူး

နင့်မှာ မေ့ဖျောက်နိုင်စွမ်းဘယ်လောက်ရှိရှိဆုံးရှုံးမှုကို နားလည်လာတဲ့တစ်နေ့ယူကြုံးမရဖြစ်လိမ့်မည်

ဘာပဲဖြစ်ဖြစ် အရင်လိုမဟုတ်တော့တဲ့ငါ့တို့နှစ်ယောက် ပြန်ဆုံကြတဲ့အခါခြားနားချက်တွေ ကွဲပြားခြင်းတွေမတူညီတဲ့ပုံစံမျိုးနဲ့ ဆုံပါတော့။

#မှတ်ချက်:ဤပိုစ်သည် လက်ရှိ တင်သူ အတွေ့အကြုံ မဟုတ်ပါ။

CREDIT ORIGINAL WRITER

#အချစ်_ပုံပြင်