Knowledge

ခြေ လက်တွေ ထုံကျဉ်နေသူတို့အတွက် ဆေးစွမ်း တစ်လက်ကို ပေးပါရစေ

ခြေ လက်တွေ ထုံကျဉ်နေသူတို့အတွက် ဆေးစွမ်း တစ်လက်ကို ပေးပါရစေ ။

မိတ်ဆွေတို့ရဲ့ အိမ်မှာ ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီးရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒီဆေးနည်းလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများစက်ချုပ်သမားများ၊ စားဝတ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲမှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။

အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။

တစ်ခြားနည်းတွေလည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင်တစ်ခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက်၊ စပါးလင်၊ သံပုရာသီးတို့ပဲဖြစ်ပါတယ်။

ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကိုသံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။ ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက်ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ်။

သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ်။စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ။

Credit

Zawgyi

ေျခ လက္ေတြ ထုံက်ဥ္ေနသူတို႔အတြက္ ေဆးစြမ္း တစ္လက္ကို ေပးပါရေစ ။

မိတ္ေဆြတို႔ရဲ႕ အိမ္မွာ ျဖစ္ျဖစ္ ၊ ပတ္ဝန္းက်င္မွာ ျဖစ္ျဖစ္ မနက္အိပ္ရာထခ်ိန္မ်ားမွာ လက္ေခ်ာင္းေလးေတြတင္းေနၿပီး၊ ေလ့က်င့္ခန္းလုပ္တာေတာင္ မေျပခ်င္တဲ့ အေနအထားမ်ိဳးျဖစ္ေနၾကသူမ်ားကို ထုံက်င္နာမ်ားေပ်ာက္ကင္းေစၿပီးေရာဂါကင္းေဝးေစခ်င္လို႔ ဒီေဆးနည္းေလးကို မွ်ေဝတင္ျပေပးလိုက္ပါတယ္..။

ဒီေဆးနည္းေလးကေတာ့ တစ္ေနကုန္ ထိုင္ၿပီး အလုပ္လုပ္ေနရသူမ်ားျဖစ္ၾကတဲ့ ႐ုံးသမားမ်ားစက္ခ်ဳပ္သမားမ်ား၊ စားဝတ္ေနေရးအတြက္ မိုးလင္းမွမိုးခ်ဳပ္တစ္ေနကုန္ အလုပ္ခြင္ထဲမွာအလုပ္ မ်ားေနသူမ်ားအတြက္ ေရာဂါကင္းေဝးေစေရးနည္းေလးျဖစ္ပါတယ္။

အခ်ိန္ေတြၾကာလာတဲ့အခါ ေျခေထာက္၊ဒူးႏွင့္ ေပါင္မ်ားဟာ ထုံက်ဥ္လာတတ္ပါတယ္။ ဒီလိုမ်ိဳးေတြျဖစ္လာတဲ့အခါ ေဆးလိမ္း၍ မသက္သာဘဲျဖစ္တတ္ပါတယ္။ေႏြရာသီမွာ ခံႏိုင္ေပမယ့္ မိုးနဲ႔ေဆာင္းမွာေတာ့ ထုံက်ဥ္တဲ့ေဝဒနာမ်ားဟာ ပို၍ ဆိုး႐ြားလာကာ ေလျဖတ္ခ်င္တဲ့အထိျဖစ္မႈမ်ားကို ေပ်ာက္ကင္းေစႏိုင္ပါတယ္လို႔သိရပါတယ္။

တစ္ျခားနည္းေတြလည္းရွိေပမယ့္ ဒီေဆးနည္းေလးကေတာ့ ရွာေဖြအသုံးျပဳရန္ ပစၥည္းမ်ားဟာ လြယ္ကူလြန္းၿပီး ျပဳလုပ္ပုံကလည္း မခက္ခဲတာမို႔ ကိုယ္တိုင္ေရာဂါ.. မျဖစ္လို႔ အသုံးမျပဳခဲ့ရင္ေတာင္တစ္ျခားသူမ်ားကို နည္းလမ္းေလးၫႊန္ၾကားေပးေစလိုတဲ့ဆႏၵႏွင့္ထပ္ဆင့္ တင္ျပေပးတာျဖစ္ပါတယ္။ လိုအပ္တဲ့ပစၥည္းေလးေတြကေတာ့ ခ်င္းတက္၊ စပါးလင္၊ သံပုရာသီးတို႔ပဲျဖစ္ပါတယ္။

ဒီပစၥည္းေလးေတြကို ပထမဦးဆုံးေတာ့ ေထာင္းမယ့္ဆုံကိုသန႔္ေအာင္ျပဳလုပ္ေပးရပါမယ္။ ၿပီးတဲ့အခါ ခ်င္းတက္ႏွင့္စပါးလင္ကိုေထာင္းထားၿပီ..း၊ အဲဒီေထာင္းထားၿပီးသား ႏွစ္မ်ိဳးထဲကိုသံပုရာသီး ႏွစ္လုံးေလာက္ကို အရည္ညႇစ္ထည့္ၿပီး လက္ျဖင့္နယ္ေပးရပါမယ္။ ေပါင္းစပ္နယ္ထားတဲ့ အတြက္ ထြက္လာတဲ့အရည္မ်ားကို ညအိပ္ရာဝင္ခ်ိန္တြင္ ေပါင္တံရင္းမွေန၍ေျခဖ်ားအထိ အထက္မွေအာက္ကို ပူလာတိုင္း လိမ္းေပးၿပီးမွ အိပ္ရာဝင္ရပါမယ္..။

သုံးေလးရက္ ဆက္တိုက္ ေန႔တိုင္း လိမ္းေပးပါက ထုံက်ဥ္မႈမ်ားေပ်ာက္သြားပါလိမ့္မယ္။စပါးလင္၊ ခ်င္း၊ သံပုရာသီးတို႔ကေတာ့ ရွာေဖြရတာလြယ္ကူတဲ့အတြက္ ပို၍ အသုံးျပဳႏိုင္မယ့္ ေဆးနည္းေလးလို႔ေျပာခ်င္ပါတယ္။ထုံနာက်ဥ္နာေဘးမွကင္းေဝးၾကပါေစ။

Credit