Knowledge

ခုနှစ်ရက်သားသမီးများအတွက် 1.6.2023 မှ 31.6.2023 ထိ တစ်လစာဟောစာတမ်း

တနင်္ဂနွေ

ဒီလထဲတွင် ငွေကြေးကိစ္စလုပ်ငန်းများ သတိထားဆောင်ရွက်ရမည်။
ဆုံးဖြတ်ရခက်နေလိမ့်မယ်။

အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။

အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။

စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။

ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။

စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။

အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။

တနင်္လာ

ကံဇာတာ ညှိုးမှိန်သော လ, တစ်လဖြစ်ဖွယ် ရှိသည်။ အိမ်တွင်းရေး ပြဿနာများ ကြီးမားမည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။

ဥပဒေနှင့် မကင်းသော အလုပ်များ လုပ်ကိုင်နေသူများ အမှုအခင်းဖြစ်ကိန်း ရှိသည်။ (ဥပေဒနှင့် ကင်းသူများ မဆိုလိုပါ)။ လုပ်သမျှကိုင်သမျှ အဆင်မပြေဖြစ်နေတတ်သည်။

စုတ်ရော လာဘ်ပါ ပိတ်နေတတ်သည်။ ကျန်းမာရေးလည်း မကောင်းဖြစ်မည်။ ရင်ဝမ်း ဥပဒ်ပေးတတ်သည်။ အသည်း၊ အူအတက် နှင့် အူမကြီးဆိုင်ရာ ပြဿနာများ ကြုံနိုင်သည်။ အချို့သော တနင်္လာသားသမီးများတွင် ယခုလတွင် ခွဲစိတ်ကုသခံရကိန်း ရှိနေတတ်သည်။

အသက်အန္တရာယ် မရှိပါ။ ခွဲစိတ်ပြီးမှ ရောဂါသက်သာ ကျန်းမာလာမည်။ မကောင်းသော ကိစ္စများတွေ့ကြုံနေရသည့်ကြားမှ ကြံကြံဖန်ဖန် ထီပေါက်တတ်သည်။ သို့မဟုတ် ငွေစုငွေပုံဝင်တတ်သည်။

အမွေရတတ်သည်။ ဘာသာတရားကို အထူးအားစိုက်လုပ်ဆောင်ရမည့် လ, ဖြစ်သည်။ ဘာသာတရားဆိုင်ရာကိစ္စများ လုပ်ကိုင်ခြင်းဖြင့် ကံကောင်းတိုးတက်လာနိုင်သည်။

ယေဘူယျအားဖြင့် ယခုလသည်တနင်္လာသားသမီးများအတွက် ကံဇာတာ ညံ့ဖျင်းမှုများမည့် လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

ယတြာ-ညောင်ပင်မှာ(ရွှေရေ-ငွေရေ)လောင်းပေးပြီး အသက်ကြီးအဖိုးအဖွားများကို ငွေကျပ်(၅၀၀၀)ထောင်ကျပ်နှင့်အတူ
အသုံးအဆောင်ပစ္စည်း တစ်ခုကိုလှူဒန်းလိုက်ပါ။

အင်္ဂါ
စက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။

သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေဝယ်မည့်ကိစ္စပျက် တတ်ပါသည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး / လူမျိုးခြားတစ်ဦး ကြောင့် စိတ် အနှောက်အယှက်များ ကြုံရတတ်ပါသည်။

လက်အောက်ငယ်သား ၊ အလုပ်သမား များရှိလျှင် ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။ လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။

သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ဖြစ်နိုင်လျှင် ဒီတစ်လ လုံး စနေ၊ ဗုဒ္ဒဟူးနေ့များတွင် နာရေး လုံး၀ လိုက်မပို့ပါနှင့် ။

စနေ ၊ ဗုဒ္ဒဟူးနေ့တွင် တောင်အရပ် ခရီး ရှောင်ပါ ။ အရေးကြီး ကိစ္စ သွားလျှင် အစိမ်းရောင် ၊ အနက်ရောင် အဝတ်အစား ရှောင်ပါ။

ယတြာ-အင်္ဂါဂြိုလ်ဒေါင့်ဘုရားတွင် နှင်းဆီပန်း(၈)ပွင် သစ်သီး(၈)လုံးကပ်လှူပူဇော်ပေးပါ

ဗုဒ္ဓဟူး

ထင်တိုင်း ပေါက်မြောက်အောင်မြင်မည့် လ,ဖြစ်သော်လည်း လူပန်း စိတ်နွမ်းရမှု များမည်။ တာဝန်ကြီးကြီးမားမား ယူရတတ် (သို့) ပိနေတတ်သည်။ ရန်အတိုက်အခံရှိမည်။

မုဆိုးဖိုမုဆိုးမ,တစ်ခုလပ်များ၏ ဒုက္ခပေးမှုကို ခံရတတ်သည်။ အတိုက်အခံရှိသော်လည်း ကျော်လွှားအောင်မြင်နိုင်မည်။ ခရီးယာယီရှိသည်။ ခရီးများ သွားလာခြင်းဖြင့် ကောင်းကျိုး တိုးတက်ဖြစ်ထွန်းနိုင်မည်။

အလုပ်ရာထူးတက်ရန် ရှိသူများ ရာထူးတက်မည် (သို့) နေရာကောင်း ဌာနကောင်းသို့ ပြောင်းရွှေ့ခံရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ ပွင့်လန်းတိုးတက်နေမည်။

ထိခိုက်ရှနာကိန်း ရှိသောကြောင့် ဒါးနှင့်ချွန်ထက်သော ကရိယာများ ကိုင်တွယ်ရာတွင် သတိထားပါ။ မီး နှင့် လျှပ်စစ်ကို ကိုင်တွယ်ရာတွင်လည်း သတိထားကိုင်တွယ်ပါ။

အိုးအိမ်နှင့် ပတ်သက်သော ကိစ္စများ ကံကောင်းတိုးတက်နိုင်သည်။ ယေဘူယျပြောရလျှင် ထိခိုက်ရှနာမှု နှင့် ရန်အနည်းငယ် ရှိသော်လည်း ကံကောင်းတိုးတက်မှု များနိုင်သသော လ,တစ်လဖြစ်လိမ့်မည်။

ယတြာ-မိမိနေအိမ်ဘုရားတွင် ပန်အဖြူရောင်(၁၇)ပွင့် သစ်သီး(၁၇)လုံးကို
ဆက်ကပ်လှူဒန်းပေးပါ။
ကြာသာပတေး
ရုတ်တရက် ထိခိုက်ဒဏ်ရာ ရတတ်သည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ မီး၊ လျှပ်စစ် နှင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိထားပါ။

လူစုလူဝေး နှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများတွင် ဝေးဝေးမှ ရှောင်ကွင်းသွားပါလေ။ မိတ်တုဆွေတု အတုအယောင်များနှင့် ကြုံတတ်ပြီး ဒုက္ခပေးမှု ခံရတတ်သည်။ ဘာသာရေးနှင့် ပတ်သက်ပြီး အတင်းအကြပ် စေခိုင်းခံရမှု (သို့) မိမိစိတ်မပါဘဲ လုပ်ဆောင်ရမှုများ ကြုံတွေ့နိုင်သည်။

အထက်လူကြီး နှင့် အဆင်မပြေဖြစ်တတ်သည်။ အထင်အမြင်လွဲမှားမှုများ ခံရတတ်သည်။ စီးပွားရေး သမားများ လုပ်ငန်းတိုးတက်ချဲ့ထွင်မှုများ ယခုလတွင် မလုပ်သင့်။ အမှားကြီးကြီးမားမား ကြုံရတတ်သည်။

သို့သော်လည်း ယခုလတွင် အလုပ်သစ် အကိုင်သစ် ပေါ်ပေါက်နိုင်သော အခွင့်အရေးကလည်း ရှိနေပြန်သည်။ ထို့ကြောင့် မလုပ်ခင် စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် ပြုလုပ်ရန်ဖြစ်သည်။

စိတ်ရောလူပါ ပင်ပန်း နွမ်းလျမည့် လ, တစ်လဖြစ်နိုင်သည်။ အိုးအိမ်ခြံမြေကိစ္စနှင့် ပတ်သက်ပြီး ကံမကောင်းရမှု ကြုံနိုင်သည်။ ခြုံ၍ ပြောရလျှင် ယခုလသည် ကြာသပတေးသားသမီးအတော်များများအတွက် ကံဇာတာ ညံ့ဖျင်းမည့် လ,တစ်လ ဖြစ်ဖွယ် ရှိလေသည်။

ယတြာ- မိမိ၏မွေးနေ့၌ ရာဟုဂြိလ်ဒေါင့်ဘုရားတွင် အောင်သပြေ(၁၉)ညွန့်ချိုချင်(၁၉)လုံးကိုကပ်လှူပေးပါ။

မီးခိုးရောင်အင်္ကျီအဟောင်းတစ်ထည်ကိုတောင်းရမ်းစားသူတစ်ဦးအား စွန့်ကြဲလိုက်ပါ။

သောကြာ

မိတ်ကောင်းဆွေကောင်းများ၏ အကူအညီကို ရရှိတတ်သည်။ လူမှုဆက်ဆံရေးပိုင်းတွင်မူ အောင်မြင်နေမည်။

ငယ်ရွယ်သူအချို့တွင် လက်ရှိချစ်သူနှင့် ပြတ်စဲလမ်းခွဲရတတ်ပြီး အချစ်သစ် ဝင်ရောက်တတ်သည်။ မမျှော်လင့်ဘဲ စန်း, ထ နေတတ်သည်။ အချစ်ရေး နှင့် လိင်ကိစ္စ အရှုတ်အထွေးများ ကြုံရတတ်သည်။

စိတ်မချမ်းမြေ့ဖွယ် ကိစ္စများ ၊ ပြဿနာများ ကြုံတွေ့ရမည့် လ, ဖြစ်သည်။ ဆေးရုံဆေးခန်းများ နှင့် ပတ်သက်နေရတတ်ပြီး ကိုယ်တိုင်လည်း ဖျားနာ နာမကျန်း ဖြစ်တတ်သည်။ တုပ်ကွေးမိတတ်သည်။ ငွေကြေးကံ မကောင်းလှသေးပါ။ ဝင်သလောက် ပြန်ထွက်နေမည်။

လူမျိုးခြား ဒုက္ခပေးတတ်သည်။ မိမိနေအိမ်သို့ အသက်အရွယ်အိုမင်းနေသောသူများ ဆေးကုရောက်လာ တတ်သည်။ ယခုလတွင် ဆုံးဖြတ်လုပ်ကိုင်ရမည့် ကိစ္စများတွင် စိတ်နှစ်ခွ ဖြစ်နေတတ်သည်။ သောင်မတင် ရေမကျ ဖြစ်နေတတ်သည်။

ရေလမ်းခရီး သွားရတတ်သည်။ ဝယ်ရောင်းသမားများနှင့် အကျိုးဆောင်လုပ်ငန်းလုပ်သူများ အကျိုးရှိမည့် လ, ဖြစ်သည်။ ကံကောင်း/ကံညံ့ ရောထွေးနေတတ်သော လ, တစ်လ ဖြစ်လိမ့်မည်။

ယတြာ-မိမိမွေးနေ့မှာ စနေနံဘုရားတွင် ပန်းအနီရောင်(၁၀)ပွင့် ဖယေင်းတိုင်အနီရောင်(၁၀)တိုင် အမွှေးတိုင်(၁၀)တိုင် ထွန်းညှိပူဇော်ပေးပါ။
စနေ

ခရီးသွားခြင်းဖြင့် မိမိလုပ်ငန်း တိုးတက်အောင်မြင်မှု အခွင့်အလမ်းများ တွေ့လာနိုင်သည်။ နိုင်ငံရပ်ခြား ခရီးများ သွားလာရခြင်းများကြောင့်၎င်း (သို့) နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများကြောင့်၎င်း ကံကောင်းတိုးတက်မည်။

မိမိနာမည် သြဇာ ဂုဏ်သတင်း တိုးတက်မြင့်မားမည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စများ အဆင်ပြေမည်။ စန်းပွင့်နေမည်။ ရပ်ဝေးဒေသမှ သူတစ်ဦးနှင့် အဆက်အသွယ်ဖြစ်ပြီး ချစ်သူများဘဝသို့ ရောက်ရှိတတ်သည်။

လူမှုဆက်ဆံရေးနယ်ပယ်တွင် အောင်မြင်မည်။ အချို့သော ဝန်ထမ်းများတွင် အလုပ်နေရာ အပြောင်းအလဲ ရှိနိုင်သည်။ ကောင်းသော ပြောင်းလဲခြင်း ဖြစ်မည်။

ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကို ယခုလတွင် ရရှိနိုင်သည်။ မိသားစုနှင့်အတူ ပျော်ရွှင်ရမည်။ ငွေကြေးကံကောင်းနေပြီး လာဘ်လာဘ ရွှင်လန်းနေမည်။ လူမျိုးခြားများနှင့် အလုပ်ဖက်စပ်လုပ်ကိုင်ခြင်း ရှောင်ကျဉ်ပါ။ ယာဉ်ကားကိစ္စ အကျိုးပေးနိုင်သည်။

ကားဝယ်ရန် စီစဉ်ထားသူများ ယခုလတွင် ယာဉ်ကား ဝင်ရောက်ကိန်း ရှိသည်။ ကောင်းသော ဝင်ရောက်ခြင်း ဖြစ်မည်။

ယေဘူယျအားဖြင့် ပြောရလျှင် ယခုလသည် စနေသားသမီးများအတွက် ကံကောင်းမှုများ တိုးတက်များပြားမည့် လ , ဖြစ်သည်ဟု ဆိုရပေမည်။

ယတြာ-မွေးနေ့ စနေနေ့ မိမိနေအိမ်ဘုရားတွင် ထောပတ်ဆီမီးခွက်(5)ခွက်
ပန်းအဝါရောင်(5)ပွင့်ကို ကပ်လှူပူဇော်ပေးပါ။