ဒေါက်တာဦးကျော်ကျော်အရေပြားအထူးကု ဆရာဝန်ကြီး ရေးထားတဲ့
ရေချိုးခန်းထဲက လူသတ်သမားဆပ်ပြာ… ခေါင်းလျှော်ရည်… သွားတိုက်ဆေး …စတာတွေမှာ
#SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်
SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ..
SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ကတယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူးသိပ် အန္တရာယ်ကြီးလှပါတယ်
ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်
ဒီ SLS က ခန္ဓာကိုယ်ထဲ ဝင်သွားပြီးရင် ပြန်မထွက်တော့ပါဘူး..
ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား( Killer in Bathroom) လို့ ခေါ်ကြပါတယ်..
ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း စတာတွေမှာ #SLS_Free ဆိုတဲ့
အာမခံစာတမ်းကို သုံးစွဲသူတွေအန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ အသုံးပြု ဝယ်ယူနိုင်စေဖို့ရေးထည့်ထားပေးကြပါတယ်..
မိမိသုံးမယ့် အသုံးအဆောင်ထဲက SLS ဟာမိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက် ဝယ်သုံးရတော့မယ်ဆိုရင်
SLS_Free ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြားသတိထားကြပါ၊ ။
ဒေါက်တာဦးကျော်ကျော်အရေပြားအထူးကု ဆရာဝန်ကြီး
Credit : Original Uploader