ဝက်ခြံ တင်းတိတ် မှဲ့ခြောက် အတွက် လူသိနည်းတဲ့နည်းလေး
မှဲ့ခြောက်နဲ့ တင်းတိပ်ကို တစ်ပတ်အတွင်း သိသာစွာ ဖယ်ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းလေး
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။
ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မှဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးပါ။
ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက် ကင်း အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါပေ
ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါ တိုင်းအောက်ခံ အဖြူသားထိ စားနိုင်ပါတယ်။
ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။
အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက် ကြရအောင်နော်
မျက်နှာပေါ်က အမဲစက် ပျောက်နည်းမျက်နှာပေါ်မှာ အမည်း စက်ရှိလိုစိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။
တချို့ ဝက်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ဝက်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။
ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မှီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။
သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးမို့ပါ။ လုပ် ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့နည်းလမ်းလေးပါပေ
ပြုလုပ်နည်းကတော့ –
အိမ်ရှင် မများ ဟင်းချိုချက်တဲ့အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေးပါ။
နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်းအတိုင်း နေ့စဉ်လုပ်ပေးပါက တစ်ပတ်အတွင်းသိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝနည်း ကောင်းလေးပါ။
ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါနော်။
ခရက်ဒစ်
ပြုလုပ်နည်းကတော့ –
ခရက်ဒစ်