အမာရွတ်တွေပျောက်ပြီး အသားရည်ကြည်လင်စေမယ့် ဂျီးချွတ်ပေါင်းတင်နည်း..
အမာရွတ် တွေဟာ မိန်းကလေး တစ်ယောက်ကို အကျည်းတန် စေပါတယ် ။ ဒီလို အမာရွတ်တွေကို သက်သာ ပျောက်ကင်း စေတဲ့ နည်းလမ်းတွေ ထဲမှာ ဂျီးချွတ်ခြင်း ဟာလည်း ထိရောက် တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ် ။
ဂျီးချွတ် ခြင်းဖြင့် ဆဲလ်သေတွေ ကွာကျပြီး ဆဲလ်အသစ် ဖြစ်ပေါ်စေ တာကြောင့် အသားအရေကို စိုပြည်ပြီး ကြည်လင် ဝင်းပ နေစေပါတယ် ။
ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ ကတော့ အရမ်းကို လွယ်ကူ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် ပုံမှန်လေး ပြုလုပ် ပေးသွားရင် သိသာတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ ။
( ၁ ) ကော်ဖီမှုန့်နဲ့ ပျားရည်
ဒီနည်းလမ်းလေးကို ခန္ဓာကိုယ်မှာ သာမက မျက်နှာမှာပါ အသုံးပြုလို့ ရပါတယ် ။ ပျားရည်နဲ့ကော်ဖီမှုန့်ကို ဆတူ ရောစပ်ပြီး အမာရွတ် ရှိတဲ့ အရေပြားကို စက်ဝိုင်း ပုံသဏ္ဍာန် ပွတ်လိမ်းပေးပြီး
၁၀ မိနစ်ခန့် အကြာမှာ ရေဆေး ပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ရက် ခြားတစ်ခါ လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို တွေ့မြင် ရမှာပါ။
( ၂ ) ပဲမှုန့် နဲ့ ဆန်
ဆန်ကို ကြေညက်နေအောင် မဟုတ်ပဲ အစေ့သေးသေးလေးတွေ ဖြစ်တဲ့ အထိ ထောင်းလိုက်ပါ ။ ရလာတဲ့ ဆန်မှုန့် နဲ့ ပဲမှုန့်ကို ဆတူ ရောစပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ် ဖျော် လိုက် ပါ ။ ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ်ကို စက်ဝိုင်း ပုံသဏ္ဍာန် လိမ်းပေးပါ။
၅မိနစ်လောက်ထားပြီး စက်ဝိုင်း ပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ကာ ရေဆေးပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၃ ကြိမ်လောက် ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် သိသာ ထင်ရှားတဲ့ ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ် ။
( ၃ ) လိမ္မော်ခွံ ၊ ပျားရည် နဲ့ နွားနို့
လိမ္မော်ခွံကို နေပူလှန်းပြီး ခြောက်သွားတဲ့ အခါမှာ အမှုန့် ကြိတ်လိုက်ပါ။ ရလာတဲ့ လိမ္မော်ခွံမှုန့် ၂ဇွန်း၊ ပျားရည် ၂ဇွန်း ၊ နွားနို့ ၁ဇွန်းကို ရော မွှေလိုက်ပါ ။
ရလာတဲ့ အနှစ်ကို အမာရွတ် ရှိတဲ့ အရေပြားပေါ် ပွတ်လိမ်းပေးကာ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ် ပေးလိုက်ပါ ။
၅ မိနစ် ခန့် အကြာမှာ ဆေးကြော ပေးလိုက်ပါ ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံး တွေ့မြင်ရမှာပါ ။
( ၄ ) အုတ်ဂျုံမှုန့်၊ ပျားရည်၊ သံပုယို
အုတ်ဂျုံမှုန့် ၁ဇွန်း၊ ပျားရည် ၁ဇွန်း၊ သံပုယိုရည် ၃စက်ခန့်ကို သမသွားအောင်ရောမွှေလိုက်ပါ။ ပျစ်လွန်းနေရင် ရေအနည်းငယ်ရောပေးလို့ရပါတယ်။
ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားတွေပေါ်လိမ်းပြီး ၅မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင်တော့ စက်ဝိုင်းပုံသဏ္ဍာန်ပြန်ပွတ်ပေးကာ ဆေးကြောပေးလိုက်ပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးနိုင်ရင် သိသာထင်ရှားတဲ့ရလဒ်ကို အမြန်ဆုံးတွေ့မြင်ရမှာပါ။
( ၅ ) အာလူး
အာလူးကို ပါးပါးလေးတွေ လှီးလိုက်ပါ ။ ရလာတဲ့အာလူးပြားလေးတွေကို အမာရွတ်တွေပေါ် ကပ်ထားပေးလိုက်ပါ။ အာလူးတွေခြောက်သွားတဲ့အခါ ခွာလိုက်ပြီး အခြားအာလူးပြားလေးတွေနဲ့ အမာရွတ်တွေကို ပွတ်ပေးပါ။
မိနစ် ၂၀ ခန့်အကြာမှာတော့ အာလူးတွေကိုဖယ်ပြီး ၁၀ မိနစ်ခန့် လေသလပ်ခံပေးလိုက်ကာ ရေအေးနဲပဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ် တွေ သိသိသာသာလျော့ပါးသွားမှာဖြစ်ပါတယ်။
#Em Em
အမာရြတ္ေတြေပ်ာက္ၿပီး အသားရည္ၾကည္လင္ေစမယ့္ ဂ်ီးခၽြတ္ေပါင္းတင္နည္း..
အမာရြတ္ ေတြဟာ မိန္းကေလး တစ္ေယာက္ကို အက်ည္းတန္ ေစပါတယ္ ။ ဒီလို အမာရြတ္ေတြကို သက္သာ ေပ်ာက္ကင္း ေစတဲ့ နည္းလမ္းေတြ ထဲမွာ ဂ်ီးခၽြတ္ျခင္း ဟာလည္း ထိေရာက္ တဲ့ နည္းလမ္းေကာင္း တစ္ခု ျဖစ္ပါတယ္ ။
ဂ်ီးခၽြတ္ ျခင္းျဖင့္ ဆဲလ္ေသေတြ ကြာက်ၿပီး ဆဲလ္အသစ္ ျဖစ္ေပၚေစ တာေၾကာင့္ အသားအေရကို စိုျပည္ၿပီး ၾကည္လင္ ဝင္းပ ေနေစပါတယ္ ။
ခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြ ကေတာ့ အရမ္းကို လြယ္ကူ ရိုးရွင္းၿပီး ထိေရာက္တဲ့ နည္းလမ္းေလးေတြ ျဖစ္တာေၾကာင့္ ပုံမွန္ေလး ျပဳလုပ္ ေပးသြားရင္ သိသာတဲ့ ရလဒ္ကို ေတြ႕ျမင္ ရမွာပါ ။
( ၁ ) ေကာ္ဖီမႈန႔္နဲ႔ ပ်ားရည္
ဒီနည္းလမ္းေလးကို ခႏၶာကိုယ္မွာ သာမက မ်က္ႏွာမွာပါ အသုံးျပဳလို႔ ရပါတယ္ ။ ပ်ားရည္နဲ႔ေကာ္ဖီမႈန႔္ကို ဆတူ ေရာစပ္ၿပီး အမာရြတ္ ရွိတဲ့ အေရျပားကို စက္ဝိုင္း ပုံသ႑ာန္ ပြတ္လိမ္းေပးၿပီး
၁၀ မိနစ္ခန႔္ အၾကာမွာ ေရေဆး ေပးလိုက္ပါ ။ ဒီနည္းလမ္းေလးကို တစ္ရက္ ျခားတစ္ခါ ေလာက္ ပုံမွန္ေလး ျပဳလုပ္ေပးျခင္းျဖင့္ သိသာ ထင္ရွားတဲ့ ရလဒ္ကို ေတြ႕ျမင္ ရမွာပါ။
( ၂ ) ပဲမႈန႔္ နဲ႔ ဆန္
ဆန္ကို ေၾကညက္ေနေအာင္ မဟုတ္ပဲ အေစ့ေသးေသးေလးေတြ ျဖစ္တဲ့ အထိ ေထာင္းလိုက္ပါ ။ ရလာတဲ့ ဆန္မႈန႔္ နဲ႔ ပဲမႈန႔္ကို ဆတူ ေရာစပ္ၿပီး ေရနဲ႔ ခပ္ပ်စ္ပ်စ္ ေဖ်ာ္ လိုက္ ပါ ။ ရလာတဲ့ အႏွစ္ကို အမာရြတ္ ရွိတဲ့ အေရျပားေပၚကို စက္ဝိုင္း ပုံသ႑ာန္ လိမ္းေပးပါ။
၅မိနစ္ေလာက္ထားၿပီး စက္ဝိုင္း ပုံသ႑ာန္ ႏွိပ္နယ္ ေပးလိုက္ကာ ေရေဆးေပးလိုက္ပါ ။ ဒီနည္းလမ္းေလးကို တစ္ပတ္မွာ ၃ ႀကိမ္ေလာက္ ပုံမွန္ေလး ျပဳလုပ္ေပးျခင္းျဖင့္ သိသာ ထင္ရွားတဲ့ ရလဒ္ကို ရရွိမွာ ျဖစ္ပါတယ္ ။
( ၃ ) လိေမၼာ္ခြံ ၊ ပ်ားရည္ နဲ႔ ႏြားနို႔
လိေမၼာ္ခြံကို ေနပူလွန္းၿပီး ေျခာက္သြားတဲ့ အခါမွာ အမႈန႔္ ႀကိတ္လိုက္ပါ။ ရလာတဲ့ လိေမၼာ္ခြံမႈန႔္ ၂ဇြန္း၊ ပ်ားရည္ ၂ဇြန္း ၊ ႏြားနို႔ ၁ဇြန္းကို ေရာ ေမႊလိုက္ပါ ။
ရလာတဲ့ အႏွစ္ကို အမာရြတ္ ရွိတဲ့ အေရျပားေပၚ ပြတ္လိမ္းေပးကာ စက္ဝိုင္းပုံသ႑ာန္ ႏွိပ္နယ္ ေပးလိုက္ပါ ။
၅ မိနစ္ ခန႔္ အၾကာမွာ ေဆးေၾကာ ေပးလိုက္ပါ ။ ဒီနည္းလမ္းကို ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးနိုင္ရင္ သိသာထင္ရွားတဲ့ ရလဒ္ကို အျမန္ဆုံး ေတြ႕ျမင္ရမွာပါ ။
( ၄ ) အုတ္ဂ်ဳံမႈန႔္၊ ပ်ားရည္၊ သံပုယို
အုတ္ဂ်ဳံမႈန႔္ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္း၊ သံပုယိုရည္ ၃စက္ခန႔္ကို သမသြားေအာင္ေရာေမႊလိုက္ပါ။ ပ်စ္လြန္းေနရင္ ေရအနည္းငယ္ေရာေပးလို႔ရပါတယ္။
ရလာတဲ့အႏွစ္ကို အမာရြတ္ရွိတဲ့အေရျပားေတြေပၚလိမ္းၿပီး ၅မိနစ္ခန႔္ထားလိုက္ပါ။ ၿပီးရင္ေတာ့ စက္ဝိုင္းပုံသ႑ာန္ျပန္ပြတ္ေပးကာ ေဆးေၾကာေပးလိုက္ပါ။ ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးနိုင္ရင္ သိသာထင္ရွားတဲ့ရလဒ္ကို အျမန္ဆုံးေတြ႕ျမင္ရမွာပါ။
( ၅ ) အာလူး
အာလူးကို ပါးပါးေလးေတြ လွီးလိုက္ပါ ။ ရလာတဲ့အာလူးျပားေလးေတြကို အမာရြတ္ေတြေပၚ ကပ္ထားေပးလိုက္ပါ။ အာလူးေတြေျခာက္သြားတဲ့အခါ ခြာလိုက္ၿပီး အျခားအာလူးျပားေလးေတြနဲ႔ အမာရြတ္ေတြကို ပြတ္ေပးပါ။
မိနစ္ ၂၀ ခန႔္အၾကာမွာေတာ့ အာလူးေတြကိုဖယ္ၿပီး ၁၀ မိနစ္ခန႔္ ေလသလပ္ခံေပးလိုက္ကာ ေရေအးနဲပေဆးေၾကာေပးလိုက္ပါ။ ဒီနည္းလမ္းကို ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးျခင္းျဖင့္ အမာရြတ္ ေတြ သိသိသာသာေလ်ာ့ပါးသြားမွာျဖစ္ပါတယ္။
#Em Em