Knowledge

အလွယ်ကူဆုံး အသုံးဝင်မယ့် အစွမ်းထက် လိမ်းဆေးလေးများ (သိမ်းထားပါ)

အလွယ်ကူဆုံး အသုံးဝင်မယ့် အစွမ်းထက် လိမ်းဆေးလေးများ (သိမ်းထားပါ) ။

၁။ကွမ်းရွက်

ကွမ်းရွက်အရိုးကိုထုခြေ၍မျက်ခမ်းတစ်လျောက်အပေါ်အောက်သုတ်လိမ်းပေးခြင်းကိုတစ်နေ့သုံးကြိမ်ပြုလုပ်ပေးပါက..မျက်သားယားယံခြင်း၊မျက်စိနာခြင်းတို့သက်သာပျောက်ကင်းစေပါသည်။

၂။ကွမ်းသီး

အနာပေါက်ရောဂါများ၌ကွမ်းသီးကိုသွေး၍လိမ်းပေးနိုင်ပါသည်။အပူလောင်ပြည်ဖုနာများ၌ကွမ်းသီးနဲ့ကြက်ချေးကိုသွေးလိမ်းပေးလျှင်ပျောက်ကင်းစေနိုင်ပါသည်။အမာရွတ်ပျောက်စေရန် ကွမ်းသီးအား ရေဖြင့်သွေးလိမ်းပါ။

၃။ကွမ်းစားဂမုန်း

ကွမ်းစားဂမုန်းဥကိုသနပ်ခါးနှင့်ရောပြီးလိမ်းပေးပါက မျက်နှာတွင်အဆီထွက်ခြင်းမှသက်သာစေပါသည်။အဖုအကြိတ်အမျိုးမျိုးတွင်ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအဖုအကျိတ်များကြေစေပါသည်။

ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအမွှေးနံသာအဖြစ်လည်ကောင်းခေါင်းလျှော်ရာတွင်လည်ကောင်းထည့်သွင်းအသုံးပြု နိုင်ပါသည်။

၄။ကြောင်လျှာ

လေဖြတ်၍တစ်ခြမ်းသေ၊တစ်ပိုင်းသေ၊ထုံကျဉ်နာ၊ ချည့်နဲ့သောသူများသည်ကြောင်လျှာမြစ်၊ကြောင်လျှာခေါက်တို့ကိုသွေးလိမ်းပေးခြင်းဖြင့်ရောဂါဝေဒနာသက်သာစေနိုင်သည်။

ဖောရောင်ခြင်းကိုလည်းပျောက်ကင်းစေနိုင်သည်။အနာဝင်၍ငန်းမန်းလိုက်ပါကကြောင်လျှာမြစ်ကိုသွေးလိမ်းပေးနိုင်ပါသည်။

၅။ကြက်ဟင်းခါး

ကြက်ဟင်းခါးသီး အခြောက်ကိုသွေးလိမ်းပေးခြင်းဖြင့်လည်ပင်းရောင်ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်။

အရေပြား၌ယားနာအမျိုးမျိုးပေါက်ခဲ့သော်…

ကြက်ဟင်းခါးပင်ပဉ္စငါးပါး၊သစ်ကြပိုးခေါက်၊ပိတ်ချင်းနှင့်ဗာဒံစေ့တို့ကိုရောကြိတ်၍လိမ်းပေးနိုင်ပါသည်။အဆစ်မြစ်ရောင်ရမ်းသော်ကြက်ဟင်းခါးသီးနုများ၏သတ္တုရည်ကိုမီးဖြင့်နွေးရုံအပူပေး၍လည်းလိမ်းပေးသင့်၏။

ခြေဆစ်လက်ဆစ်ဖောရောင်သော်…

ကြက်ဟင်းခါးရွက်ကိုထောင်း၍..ဂုံညင်းဆံနှင့်ကန့်ဘလူဥကိုဆန်ဆေးရေဖြင့်သွေး၍ရောကာလိမ်းပေးခြင်းဖြင့်အဖောရောင်များသက်သာစေပါ၏။

၆။ကြက်သဟင်း

ကြက်သဟင်းမြစ်ကိုဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါ အဖုအကျိတ်၊အနာပေါက်ရောဂါများကိုပျောက်ကင်းစေပါသည်။အဆိပ်ရှိသောပိုးမွှားများအကိုက်ခံရလျှင်လည်း၎င်းဆေးရည်ကို လိမ်းပေးနိုင်ပါသည်။

၇ ကြက်သွန်နီ

နေပူရှိန်ရှိန်ထဲသွားလာမိခြင်းကြောင့်နေပူလောင်ခဲ့သော်ကြက်သွန်နီသတ္တုရည်ကိုလိမ်းပေးသင့်၏။အလွန်ယားယံသောအရေပြားရောဂါများတွက်လည်း၎င်းဆေးရည်ကို လိမ်းပေးလျှင်သက်သာပျောက်ကင်းစေ၏။

ကင်း၊ခွေးနှင့်အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရ၍အဆိပ်တက်လျှင်လည်းကြက်သွန်နီဥသတ္တုရည်ကိုဒဏ်ရာနေရာတွင်လိမ်းပေးရုံဖြင့်အဆိပ်များ ပြေလျော့သက်သာစေပါမည်။

၈။ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ဥ၊လေးညှင်းနှင့်နှမ်းဆီတို့ကိုရောစပ်၍ကျိုချက်လိမ်းပေးပါလျှင်ကိုယ်လက်ကိုက်ခဲခြင်း၊နားပြည်ယိုခြင်းစသည့်ရောဂါဝေဒနာများသက်သာစေနိုင်ပါသည်။

၉။ကြံ

ကျတ်ပတီးနာရှိသူများအားကြံရည်နှင့်ဖန်းခါးသီးသတ္တုရည်တို့ကိုရော၍အနာများကိုလိမ်းပေးလျှင်သက်သာပျောက်ကင်းနိုင်ပါသည်။

၁၀။ကန်စွန်း

ငန်းမန်း ရှိသောအနာကိုကန်စွန်းရွက်နှင့်ဘူးရွက်ရောစပ်၍သတ္တုရည်ညှစ်ပြီးအနာကိုဆွတ်လိမ်းပေးခြင်းဖြင့်အညှော်၊ငန်းမန်းကိုကျစေနိူင်၏။

မီးလောင်နာ၊ အပူလောင်နာတို့တွက်လည်းကန်စွန်းရွက်သတ္တု ရည်နှင့်သကြားရောစပ်၍လိမ်းပေးခြင်းဖြင့်သက်သာပျောက်ကင်းစေပါသည်။

Thura Htay Aung

အလြယ္ကူဆုံး အသုံးဝင္မယ့္ အစြမ္းထက္ လိမ္းေဆးေလးမ်ား (သိမ္းထားပါ)။

၁။ကြမ္း႐ြက္

ကြမ္း႐ြက္အရိုးကိုထုေျခ၍မ်က္ခမ္းတစ္ေလ်ာက္အေပၚေအာက္သုတ္လိမ္းေပးျခင္းကိုတစ္ေန႕သုံးႀကိမ္ျပဳလုပ္ေပးပါက..မ်က္သားယားယံျခင္း၊မ်က္စိနာျခင္းတို႔သက္သာေပ်ာက္ကင္းေစပါသည္။

၂။ကြမ္းသီး

အနာေပါက္ေရာဂါမ်ား၌ကြမ္းသီးကိုေသြး၍လိမ္းေပးနိုင္ပါသည္။အပူေလာင္ျပည္ဖုနာမ်ား၌ကြမ္းသီးနဲ႕ၾကက္ေခ်းကိုေသြးလိမ္းေပးလွ်င္ေပ်ာက္ကင္းေစနိုင္ပါသည္။အမာ႐ြတ္ေပ်ာက္ေစရန္ ကြမ္းသီးအား ေရျဖင့္ေသြးလိမ္းပါ။

၃။ကြမ္းစားဂမုန္း

ကြမ္းစားဂမုန္းဥကိုသနပ္ခါးႏွင့္ေရာၿပီးလိမ္းေပးပါက မ်က္ႏွာတြင္အဆီထြက္ျခင္းမွသက္သာေစပါသည္။အဖုအႀကိတ္အမ်ိဳးမ်ိဳးတြင္ကြမ္းစားဂမုန္းဥကိုေသြး၍လိမ္းေပးပါကအဖုအက်ိတ္မ်ားေၾကေစပါသည္။

ကြမ္းစားဂမုန္းဥကိုေသြး၍လိမ္းေပးပါကအေမႊးနံသာအျဖစ္လည္ေကာင္းေခါင္းေလွ်ာ္ရာတြင္လည္ေကာင္းထည့္သြင္းအသုံးျပဳ နိုင္ပါသည္။

၄။ေၾကာင္လွ်ာ

ေလျဖတ္၍တစ္ျခမ္းေသ၊တစ္ပိုင္းေသ၊ထုံက်ဥ္နာ၊ ခ်ည့္နဲ႕ေသာသူမ်ားသည္ေၾကာင္လွ်ာျမစ္၊ေၾကာင္လွ်ာေခါက္တို႔ကိုေသြးလိမ္းေပးျခင္းျဖင့္ေရာဂါေဝဒနာသက္သာေစနိုင္သည္။

ေဖာေရာင္ျခင္းကိုလည္းေပ်ာက္ကင္းေစနိုင္သည္။အနာဝင္၍ငန္းမန္းလိုက္ပါကေၾကာင္လွ်ာျမစ္ကိုေသြးလိမ္းေပးနိုင္ပါသည္။

၅။ၾကက္ဟင္းခါး

ၾကက္ဟင္းခါးသီး အေျခာက္ကိုေသြးလိမ္းေပးျခင္းျဖင့္လည္ပင္းေရာင္ေရာဂါသက္သာေပ်ာက္ကင္းေစနိုင္ပါသည္။

အေရျပား၌ယားနာအမ်ိဳးမ်ိဳးေပါက္ခဲ့ေသာ္..

ၾကက္ဟင္းခါးပင္ပၪၥငါးပါး၊သစ္ၾကပိုးေခါက္၊ပိတ္ခ်င္းႏွင့္ဗာဒံေစ့တို႔ကိုေရာႀကိတ္၍လိမ္းေပးနိုင္ပါသည္။အဆစ္ျမစ္ေရာင္ရမ္းေသာ္ၾကက္ဟင္းခါးသီးႏုမ်ား၏သတၱဳရည္ကိုမီးျဖင့္ႏြေး႐ုံအပူေပး၍လည္းလိမ္းေပးသင့္၏။

ေျခဆစ္လက္ဆစ္ေဖာေရာင္ေသာ္..

ၾကက္ဟင္းခါး႐ြက္ကိုေထာင္း၍..ဂုံညင္းဆံႏွင့္ကန႔္ဘလူဥကိုဆန္ေဆးေရျဖင့္ေသြး၍ေရာကာလိမ္းေပးျခင္းျဖင့္အေဖာေရာင္မ်ားသက္သာေစပါ၏။

၆။ၾကက္သဟင္း

ၾကက္သဟင္းျမစ္ကိုဆန္ေဆးရည္ႏွင့္ေသြးလိမ္းေပးပါ အဖုအက်ိတ္၊အနာေပါက္ေရာဂါမ်ားကိုေပ်ာက္ကင္းေစပါသည္။အဆိပ္ရွိေသာပိုးမႊားမ်ားအကိုက္ခံရလွ်င္လည္း၎ေဆးရည္ကို လိမ္းေပးနိုင္ပါသည္။

၇ ၾကက္သြန္နီ

ေနပူရွိန္ရွိန္ထဲသြားလာမိျခင္းေၾကာင့္ေနပူေလာင္ခဲ့ေသာ္ၾကက္သြန္နီ။သတၱဳရည္ကိုလိမ္းေပးသင့္၏။အလြန္ယားယံေသာအေရျပားေရာဂါမ်ားတြက္လည္း၎ေဆးရည္ကို လိမ္းေပးလွ်င္သက္သာေပ်ာက္ကင္းေစ၏။

ကင္း၊ေခြးႏွင့္အဆိပ္ရွိေသာသတၱဝါမ်ားအကိုက္ခံရ၍အဆိပ္တက္လွ်င္လည္းၾကက္သြန္နီဥသတၱဳရည္ကိုဒဏ္ရာေနရာတြင္လိမ္းေပး႐ုံျဖင့္အဆိပ္မ်ား ေျပေလ်ာ့သက္သာေစပါမည္။

၈။ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ ဥ၊ေလးညွင္းႏွင့္ႏွမ္းဆီတို႔ကိုေရာစပ္၍က်ိဳခ်က္လိမ္းေပးပါလွ်င္ကိုယ္လက္ကိုက္ခဲျခင္း၊နားျပည္ယိုျခင္းစသည့္ေရာဂါေဝဒနာမ်ားသက္သာေစနိုင္ပါသည္။

၉။ႀကံ

က်တ္ပတီးနာရွိသူမ်ားအားႀကံရည္ႏွင့္ဖန္းခါးသီးသတၱဳရည္တို႔ကိုေရာ၍အနာမ်ားကိုလိမ္းေပးလွ်င္သက္သာေပ်ာက္ကင္းနိုင္ပါသည္။

၁၀။ကန္စြန္း

ငန္းမန္း ရွိေသာအနာကိုကန္စြန္း႐ြက္ႏွင့္ဘူး႐ြက္ေရာစပ္၍သတၱဳရည္ညွစ္ၿပီး။အနာကိုဆြတ္လိမ္းေပးျခင္းျဖင့္အေညွာ္၊ငန္းမန္းကိုက်ေစနိူင္၏။

မီးေလာင္နာ၊ အပူေလာင္နာတို႔တြက္လည္းကန္စြန္း႐ြက္သတၱဳ ရည္ႏွင့္သၾကားေရာစပ္၍လိမ္းေပးျခင္းျဖင့္သက္သာေပ်ာက္ကင္းေစပါသည္။

Thura Htay Aung