Knowledge

နောက်ထပ် အသက်(၄၀) လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် (၄)မိနစ် လောက် အချိန်ပေးပြီး ဒီ Post လေးကို ဖတ်ပေးပါ

လူတွေတော်တော်များများရဲ့ ကံကြမ္မာက တူညီကြပါတယ် ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး..

နောက်ဆုံးတော့ ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။

ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကိုပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့) လုံလောက်ပါပြီ ။

(၁) သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ ။

(၂) ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကုသပေးပါမယ်

(၃) ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ်

ဘဏ်နဲ့ ဆွေးနွေးတော့လည်း ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ်။

(၁) အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်

(၂) ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ

(၃) ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ

ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို

နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်

၁။ သင့်အတွက် အကောင်းဆုံး ဆရာဝန်က သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ် ။

၂။ အကောင်းဆုံး ဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်

၃။ အကောင်းဆုံးဆေးဝါးတွေကတော့ (ကျန်းမာသန့်ရှင်းတဲ့) အစာ အာဟာရပဲ ဖြစ်ပါတယ် …။

ကမ္ဘာပေါ်မှာ သင့်ကိုယ်စားကားမောင်းပေးမယ့်လူရှိမယ် ။

ပိုက်ဆံရှာပေးတဲ့ လူရှိနိုင်တယ် ။ ပိုက်ဆံဖြုန်းပေးမယ့် လူလည်းရှိနိုင်တယ် ။

ဒါပေမယ်.. သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ ဘယ်သူမှမရှိဘူး …။

သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ် ဆုံးရှုံးသွားပြီး

ဘယ်တော့မှ ပြန်မရနိုင်တာက” အသက် ” ဖြစ်ပါတယ် ။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ”ဂျက်မား” ပြောဖူးပါတယ်။ မျောက် တကောင်ရှေ့မှာ ငှက်ပျောသီး တဖီး နဲ့

ဒေါ်လာ တထပ် ထားပြီး ရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။

ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာ မျောက်က မသိဘူးလေ။ လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့

ချမ်းသာခြင်း (ငွေကြေး)

အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြ ပါတယ်

အံ့သြစရာကောင်းတယ် ။

ဒါပေမယ်…သင်သိပါသလား …? ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကိုဝယ်လို့ မရဘူးဆိုတာ…။

လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကိုဖျက်စီးနေကြတယ်

တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက် အလင်းရလိုက်တယ်

ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား

ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ….ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက

အမွေ အဖြစ် ထားခဲ့ရမှာပါ …။လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့

ကျန်းမာရေးကို ပိုက်ဆံနဲ့ ဝယ်လို့ရတာလဲ မဟုတ်

ပိုပြီး ဝမ်နည်းဖို့ကောင်းတာက သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ

အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေ ပါတယ်

ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား …? သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို ရရှိဖို့ စဉ်းစားပါ …။

သေမင်းမှာ အချိန်းအချက် မရှိဘူး …။တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာသွေးကင်ဆာနဲ့

အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ် …။

ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာ အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် …။

ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်

ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက် လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲ အသိဆုံးပါ …။

ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာနောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့ ယူဆလို့ မရနိုင်ပါဘူး …။

သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာအသေးဆုံးပျက်စီးမှုက စတင်တာပါ …။

အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ် …။

ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကိုအပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်ကျွန်ုပ်တို့

ဘာလို့ မလုပ်နိုင်ရမှာလဲ …?

ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ

ပေးဆောင်ရမှာဖြစ်ပါတယ် …။

၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျ မခံချင်ကြ ဘဲနောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ

နေသွားကြပါတယ် နာကျင်ခြင်း ၊

ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီးကနေ ထွက်ခွာသွားကြပါတယ် …။

၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး ၅% ကသာ အသက်ကြီးလို့ သေဆုံးကြတာ ဖြစ်ပါတယ် …။

ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့ မထင်ပါနဲ့ …။

မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့ …။

ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ ကောင်းပါတယ် …။

ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ

မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက် ရပါမယ် …။

နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်း မလုံးရအောင် ၊ကျနော်တို့ ချစ်တဲ့သူတွေ ၊ မိသားစုတွေ က

လူမမာတယောက် အပေါ် ငွေကြေး ၊

အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်ကျန်းမာရေး သတိထား နေရပါမယ် …။

သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကိုလူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား …?

ဒါမှ မဟုတ်မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်

အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား …?

သင့် ဘဝ ကသင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ်နော် …။ ။

Credit to orginal