Knowledge

ဓမ္မတာမမှန်သူ ဝမ်းချုပ်သူများအတွက်..

ဓမ္မတာမမှန်သူ ဝမ်းချုပ်သူများအတွက်

ရှားစောင်းလ က်ပက် ချက်ဆေးကျမကိုယ်တိုင် ရှားစောင်းလက်ပက် ချက်ဆေးဖော်စားပီး ရလာဒ်ကောင်းတွေရှိတာမို့ချက်ဆေးဖော်နည်း တင်ပေးလိုက်ပါတယ်။တစ်နေ့ လဖက်စားဇွန်း ၁ ဇွန်း ပုံမှန်စားပေးမယ်ဆိုရင် ဆီး ဝမ်းသွေးလေအတွက်အထူးသင့်လျှော်ပါတယ်။

ဓမ္မတာ မမှန်သော အမျိုးသမီးများအတွက် ချက်ဆေးစားပီး တစ်လအတွင်း သိသာပါလိမ့်မယ်။ဆီးအောင့်တဲ့အခါရှားစောင်းလက်ပက်ချက်ဆေး စစ်စစ်(သို့)ချက်ဆေးမရှိကအတွင်းသားဂျယ်လီကိုခြစ်ပီးပျားရည်နဲ့စားသုံးပေးပါ။အူလမ်းကြောင်းကိုရှင်းပေးတာမို့ဝမ်းချုပ်သူများအတွက်လည်း အထူးသင့်လျှော်ပါတယ်။

ဝမ်းချုပ်သူများအတွက်တော့ဝမ်းချုပ်တဲ့ရက်တွေမှာလဖက်စားဇွန်း၂ဇွန်း(သို့)၃ဇွန်းစားပေးပါ။လေပုပ်များနဲ့ဝမ်းပုပ်များသွားပါလိမ့်မယ့်။ခုကတော့ရှားစောင်းလက်ပက်၁၀ပိဿာလုပ်တာမို့ကျမမကြိတ်နိုင်တော့မထူမပါးလှီးပီးလုပ်ပါတယ်။ကြိတ်ပီးလုပ်ရင်လည်းအဆင်ပြေပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ရပါပီ။ပါဝင်ပစ္စည်းများ၁- ရှားစောင်းလက်ပက် ၁၀ ပိဿာ၂- မကျီးနှစ် ၅၀ သား၃- ပျားရည် စစ်စစ် ၂ လီတာ၄- ထညက်ရည် ၁ ပိဿာ၅- စမုံမျိုး ၅ ပါး ၂ ကျပ်သားပထမဦးစွာ ရှားစောင်းလက်ပင်များကို သဲစင်နေအောင် တခုချင်း စိတ်ရှ ည်ရှည်နဲ့ သေချာဆေးကြောရပါမယ်။

အစေ့ထုတ်ပီးသားမကျီးသီးဖပ်များကိုသဲမပြောင်မချင်းရေသယ့်ဆေးပီးလုံးဝသဲစင်သွားမှရေစိမ်ပေးထားပါ။အသင့်ထည့်ရန်ပျားရည်စစ်စစ်ပြင်ထားပါ။ထညက်ကိုပျစ်ပျစ်လေးကျိုပီးပီးချင်းရေစစ်နဲ့စစ်၍ခဏအနည်ထိုင်ထားပါ။ပီးမှအောက်ခြေမှအမှုန်လေးများမပါအောင်ဖြည်းညင်းစွာ သွန်ထည့်ထားပေးပါ။

စမုံမျိုးငါးပါးကိုနေပူလှန်းပီးထောင်းထားပေးပါ။ပါဝင်ပစ္စည်း၅မျိုးအသင့်ဖြစ်ပီမို့စချက်ကြရအောင်။၁- ရှားစောင်းလက်ပက် ဘေးဖက် စူးများကိုဓါးပါးလေးနဲ့ လှီးထုတ်ပေးပီးမထူမပါးအတုံးငယ်လေးများတုံး၍ချက်ဆေးချက်မယ့် အိုးကြီးထဲ တခါတည်းထည့်ထားပါ။

ကြိတ်နိုင်ရင်လည်း ကြိတ်ပေးပါ။ကျမကတော့ အများကြီး လုပ်တာမို့ မကြိတ်နိုင်လို့ပါ။နောက်ဆုံးကျရင်တော့အရသာရောအာနိသင်ရော အတူတူပါပဲ။ပီးရင်တော့တနေကုန်ကျိုရမှာဖြစ်လို့မီးသွေးမီးဖိုနဲ့ကျိုရပါမယ်။

ကျိုရင်းကျိုရင်းနဲ့အရောင်တွေတဖြည်းဖြည်းနွမ်းလာပီးအရည်တွေ ထွက်လာပါလိမ့်မယ်။၂- ထိုအခါကျမှ ပထမဆုံး သန့်စင်ပီးသား မကျီးသီးဖပ်များကို ထည့်လိုက်ပါ။မကျီးသီးကို အနှစ်တို က်ပီး ထည့်ရင်လည်းရပါတယ်။၃-၎င်းနောက်ပျားရည်ထည့်ပေးပါ။၄-ပီးရင်ထညက်ရည်ထပ်ထည့်ပေးပါ။

ထညက်ရည်ထည့်ပီးရင်တော့သမအောင်မွှေပေးပီးကျမတို့တနေကုန်ထိုင်ပီးစိတ်ရှည်လက်ရှည်နဲ့အရည်များခမ်းတဲ့အထိချက်ဆေးချက်ရပါတော့မယ်။၅-အနံ့တွေမွှေးလာပီး မွှေရတာ အတော်ခြောက်လာရင်စမုံမျိုး ၅ ပါး ထည့်မွှေလို့ ရပါပီ။

ဒါပေမယ် လုံးဝ အိုးချလို့တော့ မရသေးပါဘူး။ခုချိန်မှာ အိုးချလိုက်ရင်.. မှိုလိုက်တတ်ပါတယ်။လုံးလုံးခဲခဲကြီးနဲ့ ခြောက်ကပ်သွားတဲ့အထိ ထပ်မွှေပေးပါ။တနေ့တည်းကျိုရတာပင်ပန်းရင်ဒီအနေအထားမှာအိုးချပီးနောက်တစ်နေ့မှထပ်ပီးကျိုလို့လည်းရပါတယ်။

လုံးဝကိုခြောက်ခြောက် ကပ်ကပ် လုံးလုံးခဲခဲလေးဖြစ်သွားပီ ဆိုရင်တော့ ချက်ဆေးဖော်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပီ။ အအေးခံပီးမှလေလုံ ဖန်ပုလင်းနဲ့ထည့်ပီးတနေ့ကိုလဖက်စားဇွန်းတစ်ဇွန်းမှီဝဲပေးပါ။ရလာဒ်ကတော့မိမိကိုယ်တိုင်ချက်ဆေးဖော်ပီးစားဖူးတဲ့အခါသိလာပါလိမ့်မယ်။ အားလုံးပဲ မိ မိအိမ်မှာ ချက်ဆေးဖော်စားနိုင်ကြရင်အတုအပ ကင်းစင်ပီးရလာဒ်ကောင်းတွေရရှိပါလိမ့်မယ်။

စေတနာများစွာဖြင့်ပဲခူး ဒေါ်ထွေးရီ

===================

ဓမၼတာမမွန္သူ ဝမ္းခ်ဳပ္သူမ်ားအတြက္

ရွားေစာင္းလ က္ပက္ ခ်က္ေဆးက်မကိုယ္တိုင္ ရွားေစာင္းလက္ပက္ ခ်က္ေဆးေဖာ္စားပီး ရလာဒ္ေကာင္းေတြရွိတာမို႔ခ်က္ေဆးေဖာ္နည္း တင္ေပးလိုက္ပါတယ္။တစ္ေန႔ လဖက္စားဇြန္း ၁ ဇြန္း ပုံမွန္စားေပးမယ္ဆိုရင္ ဆီး ဝမ္းေသြးေလအတြက္အထူးသင့္ေလွ်ာ္ပါတယ္။

ဓမၼတာ မမွန္ေသာ အမ်ိဳးသမီးမ်ားအတြက္ ခ်က္ေဆးစားပီး တစ္လအတြင္း သိသာပါလိမ့္မယ္။ဆီးေအာင့္တဲ့အခါရွားေစာင္းလက္ပက္ခ်က္ေဆး စစ္စစ္(သို႔)ခ်က္ေဆးမရွိကအတြင္းသားဂ်ယ္လီကိုျခစ္ပီးပ်ားရည္နဲ႔စားသုံးေပးပါ။အူလမ္းေၾကာင္းကိုရွင္းေပးတာမို႔ဝမ္းခ်ဳပ္သူမ်ားအတြက္လည္း အထူးသင့္ေလွ်ာ္ပါတယ္။

ဝမ္းခ်ဳပ္သူမ်ားအတြက္ေတာ့ဝမ္းခ်ဳပ္တဲ့ရက္ေတြမွာလဖက္စားဇြန္း၂ဇြန္း(သို႔)၃ဇြန္းစားေပးပါ။ေလပုပ္မ်ားနဲ႔ဝမ္းပုပ္မ်ားသြားပါလိမ့္မယ့္။ခုကေတာ့ရွားေစာင္းလက္ပက္၁၀ပိႆာလုပ္တာမို႔က်မမႀကိတ္ႏိုင္ေတာ့မထူမပါးလွီးပီးလုပ္ပါတယ္။ႀကိတ္ပီးလုပ္ရင္လည္းအဆင္ေျပပါတယ္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ရပါပီ။ပါဝင္ပစၥည္းမ်ား၁- ရွားေစာင္းလက္ပက္ ၁၀ ပိႆာ၂- မက်ီးႏွစ္ ၅၀ သား၃- ပ်ားရည္ စစ္စစ္ ၂ လီတာ၄- ထညက္ရည္ ၁ ပိႆာ၅- စမုံမ်ိဳး ၅ ပါး ၂ က်ပ္သားပထမဦးစြာ ရွားေစာင္းလက္ပင္မ်ားကို သဲစင္ေနေအာင္ တခုခ်င္း စိတ္ရွ ည္ရွည္နဲ႔ ေသခ်ာေဆးေၾကာရပါမယ္။

အေစ့ထုတ္ပီးသားမက်ီးသီးဖပ္မ်ားကိုသဲမေျပာင္မခ်င္းေရသယ့္ေဆးပီးလုံးဝသဲစင္သြားမွေရစိမ္ေပးထားပါ။အသင့္ထည့္ရန္ပ်ားရည္စစ္စစ္ျပင္ထားပါ။ထညက္ကိုပ်စ္ပ်စ္ေလးက်ိဳပီးပီးခ်င္းေရစစ္နဲ႔စစ္၍ခဏအနည္ထိုင္ထားပါ။ပီးမွေအာက္ေျခမွအမႈန္ေလးမ်ားမပါေအာင္ျဖည္းညင္းစြာ သြန္ထည့္ထားေပးပါ။

စမုံမ်ိဳးငါးပါးကိုေနပူလွန္းပီးေထာင္းထားေပးပါ။ပါဝင္ပစၥည္း၅မ်ိဳးအသင့္ျဖစ္ပီမို႔စခ်က္ၾကရေအာင္။၁- ရွားေစာင္းလက္ပက္ ေဘးဖက္ စူးမ်ားကိုဓါးပါးေလးနဲ႔ လွီးထုတ္ေပးပီးမထူမပါးအတုံးငယ္ေလးမ်ားတုံး၍ခ်က္ေဆးခ်က္မယ့္ အိုးႀကီးထဲ တခါတည္းထည့္ထားပါ။

ႀကိတ္ႏိုင္ရင္လည္း ႀကိတ္ေပးပါ။က်မကေတာ့ အမ်ားႀကီး လုပ္တာမို႔ မႀကိတ္ႏိုင္လို႔ပါ။ေနာက္ဆုံးက်ရင္ေတာ့အရသာေရာအာနိသင္ေရာ အတူတူပါပဲ။ပီးရင္ေတာ့တေနကုန္က်ိဳရမွာျဖစ္လို႔မီးေသြးမီးဖိုနဲ႔က်ိဳရပါမယ္။

က်ိဳရင္းက်ိဳရင္းနဲ႔အေရာင္ေတြတျဖည္းျဖည္းႏြမ္းလာပီးအရည္ေတြ ထြက္လာပါလိမ့္မယ္။၂- ထိုအခါက်မွ ပထမဆုံး သန႔္စင္ပီးသား မက်ီးသီးဖပ္မ်ားကို ထည့္လိုက္ပါ။မက်ီးသီးကို အႏွစ္တို က္ပီ..း ထည့္ရင္လည္းရပါတယ္။၃-၎ေနာက္ပ်ားရည္ထည့္ေပးပါ။၄-ပီးရင္ထညက္ရည္ထပ္ထည့္ေပးပါ။

ထညက္ရည္ထည့္ပီးရင္ေတာ့သမေအာင္ေမႊေပးပီးက်မတို႔တေနကုန္ထိုင္ပီးစိတ္ရွည္လက္ရွည္နဲ႔အရည္မ်ားခမ္းတဲ့အထိခ်က္ေဆးခ်က္ရပါေတာ့မယ္။၅-အနံ႔ေတြေမႊးလာပီး ေမႊရတာ အေတာ္ေျခာက္လာရင္စမုံမ်ိဳး ၅ ပါး ထည့္ေမႊလို႔ ရပါပီ။

ဒါေပမယ္ လုံးဝ အိုးခ်လို႔ေတာ့ မရေသးပါဘူး။ခုခ်ိန္မွာ အိုးခ်လိုက္ရင္ မႈိလိုက္တတ္ပါတယ္။လုံးလုံးခဲခဲႀကီးနဲ႔ ေျခာက္ကပ္သြားတဲ့အထိ ထပ္ေမႊေပးပါ။တေန႔တည္းက်ိဳရတာပင္ပန္းရင္ဒီအေနအထားမွာအိုးခ်ပီးေနာက္တစ္ေန႔မွထပ္ပီးက်ိဳလို႔လည္းရပါတယ္။

လုံးဝကိုေျခာက္ေျခာက္ ကပ္ကပ္ လုံးလုံးခဲခဲေလးျဖစ္သြားပီ ဆိုရင္ေတာ့ ခ်က္ေဆးေဖာ္ျခင္း ေအာင္ျမင္စြာ ၿပီးဆုံးသြားပါပီ။ အေအးခံပီးမွေလလုံ ဖန္ပုလင္းနဲ႔ထည့္ပီးတေန႔ကိုလဖက္စားဇြန္းတစ္ဇြန္းမွီဝဲေပးပါ။ရလာဒ္ကေတာ့မိမိကိုယ္တိုင္ခ်က္ေဆးေဖာ္ပီးစားဖူးတဲ့အခါသိလာပါလိမ့္မယ္။ အားလုံးပဲ မိ မိအိမ္မွာ ခ်က္ေဆးေဖာ္စားႏိုင္ၾကရင္အတုအပ ကင္းစင္ပီးရလာဒ္ေကာင္းေတြရရွိပါလိမ့္မယ္။

ေစတနာမ်ားစြာျဖင့္ပဲခူး ေဒၚေထြးရီ