လင်မယားနှစ်ယောက်ကို လစာ ၅သိန်းပေးပြီး နေစရာလည်းပေးတယ်။
ဆန်တစ်အိတ်ဆီ၁ပုံးနဲ့ဘောက်ဆူးအဖြစ်ပိုက်ဆံ၁၅သိန်းပေးလိုက်သောအခါ
လင်မယားစုံတွဲတစ်တွဲဟာ အဖိုးအိုတစ်ယောက်ဆီမှာ အလုပ်လုပ်ကြပါတယ်။
အဖိုးအိုက အဲ့လင်မယားကို တစ်ယောက်၂သိန်းခွဲဆီ လစာပေးထားပြီး၂ယောက်ပေါင်း ၅သိန်းမှန်မှန်ပေးပါတယ်…။
နေစရာလည်းပေးတယ်ဆန်တစ်အိတ်ဆီ၁ပုံးနဲ့ ငါးခြောက်တွေဘာတွေပါထောက်ပံ့ပေးပြီး စရိတ်ငြိမ်းထားပေးတာပါ…။
သူတို့လင်မယားနှစ်ယောက်ရဲ့ တာဝန်က တစ်ရက်ကို၂ခါ မနက်တစ်ခေါက်ညနေတစ်ခေါက်
အဘိုးကြီးရဲ့ငါးကန်ထဲက ငါးတွေကို ငါးစာကျွေးပေးယုံပါပဲ။
အဲ့အလုပ်ပြီးတာနဲ့ သူတို့လင်မယား စုံတွဲလုပ်ချင်ရာလုပ်လို့ရပါတယ်။ သူတို့အနေနဲ့ဘာမှလုပ်စရာမလိုပါဘူး။
သူတို့နေတဲ့ခြံပေါင်းတွေမြက်တွေထူလာရင်နဲနဲပါးပါး ရှင်းယုံကလွဲလို့ပေါ့။
အဖိုးကြီးက သူ့အလုပ်သမားတွေကိုဘာလုပ်ရမယ်ဘယ်လိုနေရမယ်လို့ မသတ်မှတ်ထားပါဘူး။
သူကိုယ်တိုင်လည်းတစ်လနေမှ၂ခေါက်၃ ခေါက်လောက်ပဲခြံထဲကိုလာတတ်တာပါ။
အဲ့တာကလည်း ငါးစာလာပို့ တဲ့အခါရိက္ခာနဲ့လစာ လာထုတ်ပေးတဲ့အခါတွေမှသာရောက်လာတတ်တာပါ။
ဒီလိုနဲ့၂ နှစ်ကျော်ကြာလာတော့ အဖိုးကြီးဟာ ငါးကန်ထဲကငါးတွေထုတ်ရောင်းပါတယ်။
အဖိုးအိုဟာ ငါးတွေရောင်းလို့ရတာအမြတ်သိန်း ၃ဝဝလောက်ရလိုက်ပါတယ်။
သူဟာ သူ့အလုပ်သမားလင်မယား၂ယောက်ကို ဘောက်ဆူးအဖြစ်ပိုက်ဆံ ၁၅သိန်းပေးပါတယ်…။
ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေ နဲ့ဆွေမျိုးတွေဆီ အလည်သွားလို့ရအောင်နားရက်ခွင့်ရက်ရှည် ၁လ လောက်ပေးလိုက်ပါတယ်။
ဒီအပြင် လမ်းစရိတ်လည်းထပ်ထုတ်ပေးလိုက်ပါသေးတယ်…။
ဒီအကြောင်းတွေကို အဖိုးကြီးရဲ ဇနီးအဖွားကြီးကသိသွားတော့ အဖိုးကြီးကို ဆူပါရော…။ဘာလို့ သူ့ကိုမတိုင်ပင်ရတာလည်း
ဘာကြောင့်အလုပ်သမားတွေကို အဲ့လောက်အခွင့်အရေးတွေပေးရက်ရောရတာလည်းပေါ့…။
စရိတ်ငြိမ်းလည်း နေစရာပေးထားတင်ကျွေးထားတယ်။ လစာလည်းလောက်ငှအောင်ပေးထားတယ်။
ဒီကြားထဲ ဘောက်ဆူးက၁၅သိန်းတောင်ပေးစရာလား…။
လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ်ဆိုတော့ ရှင်ဦးနှောက်တွေချောင်ကုန်တာလား…။
ဘာလို့ကျွန်မကိုမတိုင်ပင်ရတာလည်းလို့ ပွမ်ပါလေရော…။
အဖိုးကြီးက အဖွားကြီးဆူနေတာကို ကြည့်ပြီးရီနေတယ်။ ပြီးတော့ သူ့ရဲ့ဇနီးကိုပြောတာနင်ပွမ်လို့ပြီးရင်ငါပြောပြမယ်…။
ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာကရွာသားတွေဟာ တယ်သီးတွေစိုက်ပျိုးရောင်းချကြတဲ့အလုပ်လုပ်ကြတယ်တစ်ရွာလုံးတယ်ပင်ပဲစိုက်စားကြတယ်…။
ဆောင်းတွင်း တစ်တွင်းမှာ တယ်သီးတွေတစ်အားစျေးကောင်းတာနဲ့ ရွာသားတွေသူ့ထက်ငါအပြိုင်
တယ်သီးတွေခူးရောင်းကြတာ အပင်ပေါ်မှာ တယ်သီးတစ်လုံးတစ်လေတောင်မကျန်ဘူး.. ။
ဖြစ်ချင်တော့အဲ့ဒီနှစ်ဆောင်းတွင်းက ခါတိုင်းနှစ်တွေထက်ပိုကြာတယ်။ပြီးတော့ အချမ်းပိုတာတအားပဲ နှင်းတွေဆိုဖွေးနေအောင်ကျတာ…။
တယ်ပင်ကိုမှီခိုပြီးရှင်သန်နေကြတာက ရွားသားတွေချည်းပဲမဟုတ်ဘူး..။သာလိကာ တစ်အုပ်ကြီးလည်းရှိတယ်….သူတို့တွေက အကောင်ရာနဲချီပြီးရှိတာ…။
တစ်ပင်ကို မိသားစုတစ်စု၂စု စသဖြင့်စုပြီးနေကြတာ..အဲ့ဒီနှစ်တယ်သီးတွေကလည်းမကျန်ရာသီဥတုကလည်း တစ်အားအေးတော့
သာလိကာတွေအစာငတ်ပြီး အကုန်သေကုန်ကြရော…။
ရွာသားတစ်ချို့ကတော့ပြောတာ အေးတာပဲတဲ့ နားညဉ်းသက်တာတာပေါ့တဲ့…။
မိုးဦးကျလို့ တယ်ပင်တွေ အညွန့်ထွက်တဲ့အချိန်လည်းရောက်ရော ဘယ်ကရောက်လာမှန်းမသိတဲ့ပိုးကောင်တွေ
ဘောက်ဖတ်တွေ အများကြီးပဲ တယ်ပင်ရဲ့အရွက်တွေအညွန့်တွေအကုန်စားပစ်တာ…။
တယ်သီးအကင်းတောင်မသီးလိုက်ရဘူး အဖူးအငုံအကုန်စားတာ ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး..
အဲ့လိုနဲ့ အဲ့ဒီနှစ်ရွာသားတွေ တယ်သီးတစ်လုံးတောင်မရလိုက်ဘူ တဲ့..
အကြောင်းရင်းစစ်လိုက်တော့ ခါတိုင်းဆိုသာလိကာတွေက ဆောင်းတွင်းမှာ တယ်သီးစားပြီးမိုးတွင်းကျ
တယ်ပင်က ပိုးကောင်မွားကောင်တွေရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ်…။
ခုတော့ သာလိကာတွေမရှိကြတော့ ပိုးကောင်တွေကိုနှိမ်နင်းပေးမဲ့သူမရှိတော့တဲ့အခါမှ
ရွာသားတွေဟာ သာလိကာတွေရဲ့ ကျေးဇူးကိုသိကြရတော့တယ်…။
ဒီလိုနဲ့ နောက်နှစ်တွေမှာ ရွာသားတွေဟာ သာလိကာပေါက်လေးတွေ သွားရှာလာပြီး..
တယ်ပင်တွေမှာ ကျွေးမွေးထားပြီး တယ်သီးတွေ ချန်ထားပေးကြတော့တယ်။
သာလိကာတွေကလည်းကျေးဇူးသိတတ်စွာနဲ့ တစ်နှစ်ပတ်လုံး ဘယ်ကိုမှမသွားတော့ပဲ တယ်ပင်တွေကို
စောင့်ရှောက်ပေးရင်း အပြန်အလှန်အကျိုးပြုလာခဲ့ကြတော့တယ်။
ငါသာလိကာတွေစားဖို့ တယ်သီးလေးတွေချန်ထားတာ ငါအတယ်လို့နင်ကပြောချင်သေးသလားလို့
အဖိုးကြီးကပြောပြတဲ့အခါ အဖွားကြီးလည်းသဘောပေါက်သွားတော့တယ်…။
လက်အောက်ငယ်သားတွေရဲ့ ဘဝကောင်းကျိုးအတွက်ကြည့်ရှူစောင့်မပေးခြင်းဟာ လက်အောက်ငယ်သားတွေကလည်း
အဖိုးအိုအပေါ် ကျေးဇူးပြန်လည်သိတတ်စေခဲ့ပါတော့တယ်။
တကယ်တော့အဖိုးအိုဟာ အမြတ်များများရတဲ့အတွက်ဘောက်ဆူးများများပေးလိုက်တာဆိုပေမဲ့
တကယ်တမ်းတော့ သူ့အတွက်သူပြန်ပေးလိုက်တာနဲ့အတူတူပါပဲ..
လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်။ကိုယ်ကသာ ရွေးချယ်မလားဆိုတာမူတည်သွားတာပါ။
##သင်သိရင် သင်အေးချမ်းလိမ့်မယ် (လောကသုတ)



