Knowledge

ကံကောင်းစေနိုင်သည့် အိပ်မက် နိမိတ်လေးများ..

ကံကောင်းစေနိုင်သည့် အိပ်မက် နိမိတ်လေးများ..

အိ မ်မက် အမျို;မျိုးရှိပါတယ်။တစ်ချို့ အိမ်မက် တွေ က ရှေ့မှာ ဖြစ်လာ တော့မယ့် အရာတွေကို နိမိတ် ပြတဲ့ အိမ်မက် မျိုးတွေရှိပါတယ်။

ဒီလို အရာ တွေကို မယုံကြည်တဲ့ လူမျိုးတွေ ရှိ ကောင်းရှိ နိုင် ပေမယ့် အပြင် မှာ တကယ်လည်းဖြစ်ခဲ့၊ရှိခဲ့တယ်ဆိုတဲ့ သာ ဓက တွေ အများကြီးရှိပါတယ်။

ပိုက်ဆံဝင်ခါနီးရင် ဘယ်လို အိမ်မက် မျိုး တွေ မက် လေ့ရှိလဲဆိုတာကိုတော့ filipinotimes မှာ အခုလို ဖော်ပြထားပါတယ်။

နို့ ဒါမှမဟုတ် ပျားရည်

အိမ်မက်ထဲမှာ နို့ တွေကို မက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာ မျိုးက မကြာခင်မှာ ငွေ ဝင် တော့မယ်ဆိုတဲ့ နိမိတ် ပါ။

ဥပမာ- ပျားအုံကြီးကို ပျားရည် ညှစ်တာ မျိုး၊နွားနို့ ညှစ်တာ မျိုး၊နို့ တွေ က လမ်း တွေ ပေါ် မှာ ဖုံး လွှမ်း နေတာ မျိုး…အစရှိတဲ့ အိမ်မက် မျိုးပါ။

ရွှေ နဲ့ လက်ဝတ်ရတနာ

ရွှေဆိုတာက ချမ်းသာကြွယ်ဝ မှုရဲ့ လက္ခာဏာ တစ်ခုပါ။ကိုယ့်ရဲ့ အိမ်မက် ထဲမှာ ရွှေတွေကို မြင် မက် ရင် လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ ပြေးပါ။

နောက်တစ်ခုက တော့ အိမ်မက် ထဲမှာ နားကပ် ပန်ရတယ်၊လက်စွပ် တွေ ဝတ်ရတယ်ဆိုပြီး မက် တာ မျိုးပါ။အဲ့လို မက် နေပြီဆိုရင် တော့ မကြာခင် မှာ သင် ဝင်ငွေ တော့မှာပါ။

ဥပမာ- အိမ်မက် ထဲမှာ ရွှေ ချောင်းတွေ၊ရွှေ တုံးတွေ ရှိတဲ့ေ နရာ တစ်ရာကို ရောက်တာ မျိုး၊လက်ဆောင်ရတာ မျိုး၊နားကပ် တွေ ပန်ရတယ်လို့ အိမ်မက် မက်တာ မျိုးပါ။

နံပါတ်(၈)

ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှ နိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့ နံပါတ် တွေ လို့ သတ်မှတ်ခံထားရတာပါ။

ဒါေ ပမယ့် မြန်မာမှာတော့ (၈)ဂဏန်းက မ ကောင်းဘူး ဆိုတဲ့ အယူအဆ တစ်ချို့ တော့ ရှိပါတယ်။

ဒါပေမယ့်လည်း (၈) က ဝင်ငွေ ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ ပြေး အရာ တွေထဲက တစ်ခုပါ။(၈) ဂဏန်းကို မက်ပြီဆိုရင် တော့ သင်မကြာခင် ငွေ ကံ ကောင်းတော့မှာပါ။

လင်းယုန်

လင်းယုန်ကို မက်တာ ကလည်း ငွေဝင်မယ့် ရှေ့ ပြေး နမိတ် အိမ်မက်ပါ။လင်းယုန်က တော့ ရဲ ရင့်မှု၊သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။

ဂရိဒဏ္ဍာ ရီ မှာ ဆိုရင် လင်းယုန်က Zeus နတ်ဖုရားရဲ့ ကူညီ ပံ့ပိုးသူ အဖြစ် လက်ခံယုံကြည်ကြပါတယ်။လင်းယုန်ကို အိမ်မက် မက်ရင် ငွေ ဝင်မယ်၊ကြံစည်သမျှ အောင်မြင်မယ် ဆိုတဲ့ အယူ ရှိပါတယ်။

ချီး နဲ့ ငွေ

ချီးက ရွံ့ စရာ လို့ ထင် ပေမယ့် သူ့ကို အိမ်မက် မက်ရင်တော့ ငွေ ဝင် တတ်ပါတယ်။

ချီးတွင်းထဲကျတာ၊ချီးပုံ နင်းမိတာ၊ချီး တွေ ကို တွေ့တာ မျိုးတွေ မြင် ရင် မကြာခင်မှာ ငွေ ဝင်တတ်ပါတယ်။

နောက်တစ်ခုက တော့ ပိုက်ဆံပါ။ပိုက်ဆံ တွေ ကို အိမ် မက် ထဲမှာ အပုံလိုက် မက်ရင်လည်း အပြင်မှာပါ ငွေ ဝင်တတ်ပါတယ်။

ဂျုံ၊စပါး

ဒါတွေက တော့အ ခြေခံ မရှိ မဖြစ် စားသောက်ကုန် လို့ ပြောလို့ရပါတယ်။ဂျုံ၊စပါး ဆိုတာမျိုးက ချမ်းသာခြင်း၊

ပျော်ရွှင် မှုကို ကိုယ်စားပြု တဲ့ အရာတွေပါ။ဒါကြောင့် သူတို့ ကို အိမ်မက် မက်ရင်လည်း ကံကောင်းတတ်၊ငွေ ဝင် တတ်ပါတယ်။

အကောင်တွေ

တိရစာ ္ဆန်ထဲမှာဆိုရင် တော့ နွား၊ဆင်တွေ၊မြင်းတွေကို မက်တာ ကလည်း ငွေ ဝင်မယ်ဆိုတဲ့ ရှေ့ ပြေး လက္ခဏာပါ။

ငှက် ဆိုရင် ကြက်တူရွေး၊မြွေ၊ပျား၊ကင်းမြှီးကောက်၊ကြွက် တို့ ကို မက်ရင်လည်း ငွေ ဝင်တတ်ပါတယ်။

>>>>>Credit<<<<<