ခုမွပဲၾကားဖူးေတာ့တယ္ ရည္းစားျဖစ္ရန္ ျငင္းဆိုခဲ့သည့္ သူငယ္ခ်င္းကို တရားစြဲတာတဲ့ဗ်ာ
စကၤာပူတြင္ ရည္းစားျဖစ္ရန္ ျငင္းဆိုခဲ့သည့္ သူငယ္ခ်င္းအား စိတ္ဒဏ္ရာရေစမႈႏွင့္ ဂုဏ္သိကၡာ ထိခိုက္ေစမႈအတြက္ ေဒၚလာ ၂ သ
န္းေက်ာ္ ေလ်ာ္ေၾကး ေပးေဆာင္ရန္ တရားစြဲဆိုမႈျဖစ္ပြား
စင္ကာပူႏိုင္ငံတြင္ အမ်ိဳးသားတစ္ဦးသည္ ေလးႏွစ္ၾကာ ခင္မင္ရင္းႏွီးခဲ့သည့္ သူငယ္ခ်င္းျဖစ္သူက
ခ်စ္သူရည္းစားျဖစ္ရန္ ေတာင္းဆိုမႈကို ျငင္းဆိုခဲ့၍ စိတ္ဒဏ္ရာရေစမႈျဖင့္ ေဒၚလာ ၂ သန္းေက်ာ္ ေပးေဆာင္ရန္ တရားစြဲခဲ့ေၾကာင္း သိရသည္။
ဒီဝမ္း ေရးစင္း ဒ႐ုန္းကုမၸဏီ ဒါ႐ိုက္တာ ေကေကာ့ရွီဂန္သည္ ႏိုရာတန္ ရႉးေမ က သူ႔ကိုရည္စားျဖစ္ရန္ ျငင္းဆိုသျဖင့္
ဂုဏ္သိကၡာက်ဆင္းေစမႈႏွင့္ စီးပြားေရးအခြင့္အလမ္း ငါးခုထက္မနည္း ဆုံးရႈံးေစမႈဟူေသာ စြဲခ်က္ႏွစ္ခုျဖင့္ တရားစြဲဆိုခဲ့သည္။
ဇန္နဝါရီလ ၂၈ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့ေသာ ရာဇဝတ္တရားသူႀကီး၏ စီရင္ခ်က္အရ
မစၥတာ ေကာ့ရွီဂန္သည္ မစၥတန္က သူ႔အား သူငယ္ခ်င္းအျဖစ္သာ သေဘာထားေၾကာင္း ေျပာခဲ့ၿပီးေနာက္ ဆက္ဆံေရး ပ်က္ျပားသြားကာ စြဲခ်က္ႏွစ္ခုျဖင့္ တရားစြဲခဲ့ေၾကာင္း သိရသည္။
ေကာ့ရွီဂန္သည္ မစၥတန္အား ၂၀၁၉ ခုႏွစ္ ဇြန္လႏွင့္ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလတို႔တြင္ အေသေရဖ်က္ခဲ့သည္ဟုဆိုကာ စြပ္စြဲထားသည္။
သူ၏ ေျပာဆိုခ်က္အရ မစၥတန္သည္ သူ၏ အျပဳအမႈမ်ားေၾကာင့္ အေႏွာက္အယွက္ျဖစ္ရသည္ဟူေသာ မဟုတ္မမွန္စြပ္စြဲမႈမ်ားကို က်ယ္က်ယ္ေလာင္ေလာင္ ေျပာဆိုခဲ့ကာ
ထိုစကားမ်ားကိုလည္း အလုပ္ရွိ အျခားလူမ်ားက ၾကားခဲ့ရေၾကာင္း တရား႐ုံးတြင္ ေလွ်ာက္တင္ထားသည္။
ထိုကဲ့သို႔ေသာ လုပ္ရပ္မ်ားေၾကာင့္ သူ၏ ဂုဏ္သိကၡာ က်ဆင္းခဲ့ၿပီး ၿပီးခဲ့သည့္ ႏွစ္ႏွစ္အတြင္း စိတ္ဒဏ္ရာရျခင္းႏွင့္ စိတ္ဓာတ္က်ျခင္းစေသာ စိတ္ေဝဒနာမ်ားကို ခံစားခဲ့ရသည္ဟု ေကာ့ရွီဂန္ကဆိုသည္။
ထို႔ျပင္ အက်ိဳးဆက္အေနျဖင့္ စီးပြားေရးမိတ္ဖက္ငါးခု ဆုံးရႈံးခဲ့ရၿပီး ယခုအခါ ေဖာက္သည္အသစ္မ်ားရရွိရန္ ႐ုန္းကန္ေနရသည္ဟုလည္း သူကေျပာထားသည္။
မစၥတန္သည္လည္း ေကာ့ရွီဂန္၏ ရန္ေၾကာင့္ ေနအိမ္လုံၿခဳံေစရန္အတြက္ ဒစ္ဂ်စ္တယ္ တံခါးေစာင့္ၾကည့္ ကိရိယာတပ္ဆင္ထားခဲ့ရမႈႏွင့္
ကြၽမ္းက်င္သူမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးမႈမ်ား ျပဳလုပ္ရာတြင္ သုံးစြဲခဲ့ရသည့္ေငြမ်ားကို ျပန္လည္ရယူလိုမႈျဖင့္ တန္ျပန္တရားစြဲဆိုထားသည္။
စကၤာပူတရား႐ုံးခ်ဳပ္သည္ အဆိုပါအမႈအား ေဖေဖာ္ဝါရီ ၉ ရက္ေန႔တြင္ ၾကားနာရန္ ခ်ိန္းဆိုထားေၾကာင္း သိရသည္။
Source: Daily Mail
unicode
ခုမှပဲကြားဖူးတော့တယ် ရည်းစားဖြစ်ရန် ငြင်းဆိုခဲ့သည့် သူငယ်ချင်းကို တရားစွဲတာတဲ့ဗျာ
စင်္ကာပူတွင် ရည်းစားဖြစ်ရန် ငြင်းဆိုခဲ့သည့် သူငယ်ချင်းအား စိတ်ဒဏ်ရာရစေမှုနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမှုအတွက် ဒေါ်လာ ၂ သန်းကျော် လျော်ကြေး ပေးဆောင်ရန် တရားစွဲဆိုမှုဖြစ်ပွား
စင်ကာပူနိုင်ငံတွင် အမျိုးသားတစ်ဦးသည် လေးနှစ်ကြာ ခင်မင်ရင်းနှီးခဲ့သည့် သူငယ်ချင်းဖြစ်သူက
ချစ်သူရည်းစားဖြစ်ရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့၍ စိတ်ဒဏ်ရာရစေမှုဖြင့် ဒေါ်လာ ၂ သန်းကျော် ပေးဆောင်ရန် တရားစွဲခဲ့ကြောင်း သိရသည်။
ဒီဝမ်း ရေးစင်း ဒရုန်းကုမ္ပဏီ ဒါရိုက်တာ ကေကော့ရှီဂန်သည် နိုရာတန် ရှူးမေ က သူ့ကိုရည်စားဖြစ်ရန် ငြင်းဆိုသဖြင့်
ဂုဏ်သိက္ခာကျဆင်းစေမှုနှင့် စီးပွားရေးအခွင့်အလမ်း ငါးခုထက်မနည်း ဆုံးရှုံးစေမှုဟူသော စွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခဲ့သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရာဇဝတ်တရားသူကြီး၏ စီရင်ချက်အရ
မစ္စတာ ကော့ရှီဂန်သည် မစ္စတန်က သူ့အား သူငယ်ချင်းအဖြစ်သာ သဘောထားကြောင်း ပြောခဲ့ပြီးနောက် ဆက်ဆံရေး ပျက်ပြားသွားကာ စွဲချက်နှစ်ခုဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။
ကော့ရှီဂန်သည် မစ္စတန်အား ၂၀၁၉ ခုနှစ် ဇွန်လနှင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတို့တွင် အသေရေဖျက်ခဲ့သည်ဟုဆိုကာ စွပ်စွဲထားသည်။
သူ၏ ပြောဆိုချက်အရ မစ္စတန်သည် သူ၏ အပြုအမှုများကြောင့် အနှောက်အယှက်ဖြစ်ရသည်ဟူသော မဟုတ်မမှန်စွပ်စွဲမှုများကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကာ
ထိုစကားများကိုလည်း အလုပ်ရှိ အခြားလူများက ကြားခဲ့ရကြောင်း တရားရုံးတွင် လျှောက်တင်ထားသည်။
ထိုကဲ့သို့သော လုပ်ရပ်များကြောင့် သူ၏ ဂုဏ်သိက္ခာ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း စိတ်ဒဏ်ရာရခြင်းနှင့် စိတ်ဓာတ်ကျခြင်းစသော စိတ်ဝေဒနာများကို ခံစားခဲ့ရသည်ဟု ကော့ရှီဂန်ကဆိုသည်။
ထို့ပြင် အကျိုးဆက်အနေဖြင့် စီးပွားရေးမိတ်ဖက်ငါးခု ဆုံးရှုံးခဲ့ရပြီး ယခုအခါ ဖောက်သည်အသစ်များရရှိရန် ရုန်းကန်နေရသည်ဟုလည်း သူကပြောထားသည်။
မစ္စတန်သည်လည်း ကော့ရှီဂန်၏ ရန်ကြောင့် နေအိမ်လုံခြုံစေရန်အတွက် ဒစ်ဂျစ်တယ် တံခါးစောင့်ကြည့် ကိရိယာတပ်ဆင်ထားခဲ့ရမှုနှင့်
ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် သုံးစွဲခဲ့ရသည့်ငွေများကို ပြန်လည်ရယူလိုမှုဖြင့် တန်ပြန်တရားစွဲဆိုထားသည်။
စင်္ကာပူတရားရုံးချုပ်သည် အဆိုပါအမှုအား ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကြားနာရန် ချိန်းဆိုထားကြောင်း သိရသည်။
Source: Daily Mail