Life Style

မိမိကေလးကုိ အသက္ ၆ ႏွစ္မတိုင္ခင္ ဒီအေလ့အက်င့္ေကာင္း (၆)ခုကို ပ်ိဳးေထာင္ေပးပါ

ကျွန်မတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မတို့ရင်သွေးလေးတွေရဲ့ မိဘ တွေအဖြစ် ရပ်တည်နေမှာဖြစ်ပါတယ်။ ဒီလိုပဲ… တစ်ချိန်မှာ

သူတို့လေးတွေကြီးပြင်းလာမယ် လူကြီးတစ်ယောက်အဖြစ်ရပ်တည်လာမယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ အမူအကျင့်ကောင်းတွေ အ တွေးအခေါ်ကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့

သိပ်ကိုအ ရေးကြီးပါတယ်။ ဒီလို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော၊ အမှီအခိုကင်းသော၊ လူသားဆန်သော၊ သူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ကလေးတွေဟာ မွေးစကနေ အသက် ၇ နှစ်အထိ ရေမြှုပ် တစ်ခုလိုပါပဲ။ သူပတ်ဝန်းကျင်ကနေ အကောင်း အဆိုး အကုန်စုပ်ယူ တတ်ပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ သူတို့လေးတွေကို အမှားအမှန် အ ကောင်းအဆိုး ဝေဖန်တတ်ဖို့ လေ့ကျင့်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်။

ခုခေတ်မှာမိဘ တွေအ နေ နဲ့ ပန်းချီ၊ ဂီတ၊ သင်္ချာ ၊ အက စတဲ့သင်တန်းတွေကို ပို့ဖို့အားသန်ုကြပေမယ့် ငယ်ရွယ်စဉ် အဓိကထား ပြုစုပျိုးထောင်ပေးရမယ့် အလေ့အကျင့်ကောင်းတွေကို အားစိုက်ဖို့မေ့နေတတ်ကြပါတယ်။

အခုပြောပြမှာက တော့ မိဘကိုယ်တိုင်က စံနမူနာလုပ်ပြရင်း လေ့ကျင့်ပေးရမယ့် အ လေ့အကျင့်ကောင်း ခြောက်ခုပါ။

၁။ လေးစားတတ်မှု

မိဘကိုယ်တိုင်က က လေးကို လေးစားမှုပြရပါမယ်။ဒါမှ က လေးက သူ့ကိုယ်သူရယ် သူ့ပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်း ဆရာ၊ ဆရာမ တွေရယ် တိရစ္ဆာန်လေးတွေနဲ့

သက်ရှိသက်မဲ့အားလုံးကို လေးစားတတ်မှာပါ။ ဒီလိုလေးစားတတ်မှသာ က လေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စိတ်ရောကိုယ်ပါလုံခြုံမှုတွေကိုရ ရှိမှာဖြစ်ပါတယ်။ ကဲ…ဒါဖြင့် –

(က) မိဘက ကလေးကို လေးစားတာကို ဘယ်လိုပြကြမလဲ။

(ခ) မိဘက ကလေးကို လေးစားတတ်အောင် ဘယ်လို သင်ပေးကြမလဲ။

ဒါက အရမ်းလွယ်ပါတယ်နော်။ အိမ်မှာပဲ စ လေ့ကျင့်ကြပြီး အလျဉ်းသင့်သလို အပြင်သွားရင်းရောက်တဲ့နေရာမှာ လေ့ကျင့်လို့ ရပါတယ်။

(က) မိဘက ကလေးကို လေးစားတာကို ဘယ်လိုပြကြမလဲ…

ကလေးဘာဖြစ်ချင်လဲ။ ကလေးဆန္ဒကို ဦးစားပေးမေးပါ။ ဥပမာ… ညနေစာ ဘာစားချင်လဲ… ဘာချက်ပေးရမလဲ။

အပြင်သွားမယ်ဆို ဘာဝတ်ချင်လဲ… ဘယ်သွားချင်လဲ။ ကစားစရာ ဝယ်တဲ့အခါ သူကြိုက်တာကိုပဲ ရွေးစေတာမျိုးပါ။

(ခ) မိဘက ကလေးကို လေးစားတတ်အောင် ဘယ်လို သင်ပေးကြမလဲ…

ကလေးကို သူပိုင်ဆိုင်တဲ့ ကစားစရာကလွဲလို့ သူများပစ္စည်းတွေကို ခွင့်မ တောင်းဘဲယူခြင်း၊ လုခြင်းမရှိအောင် သင်ပေးလို့ ရပါတယ်။

ဥပမာ… မေ မေ့ အဝတ်ဘီရို၊ မှန်တင်ခုံတွေကို စိတ်ရှိတိုင်း ဖွတာမျိုးကို ခွင့်ပြုမယ့်အစား ကလေးကို အဝတ်ဘီရို၊ မှန်တင်ခုံကနေ ဘာလိုချင်တာလဲမေး…လိုချင်တာကိုပဲယူစေပြီး

မပျက်စီးစေဘဲ သူ့နေရာသူ ပြန်ထားတတ်အောင် ပြောပြနိုင်ပါတယ်။ ဒါက အစပိုင်းမှာ ခက်နိုင်ပေမယ့် စိတ်ရှည်ရှည် လေ့ကျင့်ပါ။ အောင်မြင်ပါတယ်။ အကျိုးများတယ်နော်…။

၂။ တာဝန် ယူတတ်မှု

က လေးဆိုတာ တစ်သက်လုံး က လေးအဖြစ်ပဲ ရှိနေမှာ မဟုတ်ပါဘူးနော်။သူတို့လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာနေမှာပါ။ ငယ်ရွယ်စဉ်အခါမှာ ကတည်းက တာဝန်ယူတတ်အောင် လေ့ကျင့် သင်ကြားပေးခြင်းအားဖြင့်

သူ့ကိုယ်သူ တာဝန်ယူတတ်မယ်။ ကျောင်းပညာရေးမှာ ထူးချွန်မယ်။ တစ်ချိန်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အလုပ်ကြိုးစားပြီး နာမည်ကောင်း ရပါမယ်။

(1 to 4 years) အရွယ်က နေစပြီး ကစားပြီးတာနဲ့ အရုပ်တွေ ပြန်သိမ်းတတ်အောင် လေ့ကျင့်ပေးပါ။ သူနဲ့အတူတူ သိမ်းတာမျိုးလုပ်ပါ။

သူတစ်ခုခု သိမ်းပြီးတိုင်းမှာ… တစ်ခုခုကောင်းမွန်တာ လုပ်ပြီးတိုင်းမှာ ချီးမွမ်းဖို့ သတိရပါ။ ဒါဟာ ဒီအမူအကျင့်ကောင်းလေးကို ထပ်ခါထပ်ခါ လုပ်ဖို့ တွန်းအားကောင်းတစ်ခု၊ ခွန်အားတစ်ခုကို ဖြစ်စေပါတယ်။ တကယ်လို့သာ…

ကလေးက သူသိပ်ကြိုက်တဲ့ ကစားစရာလေး တစ်ခုခုကို မတော်တဆ ဖျောက်ဖျက်မိမယ် ဆိုရင်လည်း ချက်ချင်း ပြန်မဝယ်ပေးပါနဲ့။ ဒီအဖြစ်အပျက်ကနေ

သူသင်ခန်းစာရပါစေ။ တာဝန်ယူတတ်မှုနဲ့ပတ်သက်တဲ့ စာအုပ်မျိုး ဖတ်ပြပါ။ ပြီးရင် မေးခွန်းလေးတွေ မေးပြီး အပြန်အလှန် ဆွေးနွေးပါ။

၃။ ကြံ့ကြံ့ ခံနိုင်မှု

အခက်အခဲကို ကြံ့ကြံ့ ခံနိုင်အောင် လေ့ကျင့် ပျိုးထောင်ပေးခြင်းအားဖြင့် အမှား လုပ်မိရင်တောင် နောင်တတွေနဲ့ ပြိုလဲမနေဘဲ… အမှားကနေ သင်ခန်းစာယူနိုင်ပြီး

မိမိကိုယ်ကို ယုံကြည်မှုမပျက်ပြားဘဲ ဆက်လက် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ကလေးကို လွယ်လွယ်ကူကူ လက်မလျှော့တတ်အောင် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်တတ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။

ဥပမာ… Block တွေ ဆောက်တဲ့အခါ ပြိုကျခဲ့ရင် အားပေးရင်း အမြင့်ကြီးရောက်အောင် ပြီးတဲ့ထိ ဆောက်စေတာမျိုး ဆောက်ပြီးတဲ့အခါ အားပေးချီးမွမ်းတာမျိုးပါ။

တစ်ဖက်ကလည်း မိဘကိုယ်တိုင်က အခက်အခဲနဲ့ ကြုံရင် ဘယ်လိုဖြေရှင်းလဲဆိုတာ ကလေးမြင်စေ လေ့လာခွင့်ရပါစေ။ဥပမာ… ပျက်တဲ့ကွန်ပျူတာကို ပြင်တာမျိုး၊

ကိုယ်မရ ပေမယ့် မကြိုက်ပေမယ့် ကလေးကြိုက်တဲ့ Nursery Rhyme ကိုရအောင် ကျက်မှတ်ပြတာမျိုးပါ။ ကလေးနဲ့တူတူ လိုက်ဆိုတာမျိုးပါ။

၄။ ရိုးသားမှု

ဒီခေါင်းစဉ်ဟာ ကလေးပြုစုစောင့်ရှောက်ရေးမှာ အရေးအကြီးဆုံးပေမယ့် ကျွန်မတို့တွေ အမြဲမေ့ထားတတ်တဲ့ ခေါင်းစဉ်ဆိုလည်း မမှားပါဘူး။ ရိုးသားရိုးဖြောင့်မှုကို ကလေးကို သင်ချင်ရင်

မိဘကိုယ်တိုင်ကမိမိရဲ့ ရင်သွေးနဲ့ဆက်ဆံရေးမှာ ရိုးသားရပါမယ်။ ဘယ်လို ရိုးသားရမလဲဆိုတာကို သိသာမြင်သာတဲ့ ဥပမာပေးရမယ်ဆိုရင်… ကလေးက မေးတဲ့ မေးခွန်းတွေ အပေါ် ရိုးသားပါ။ ကလေးက မေးရင် ရိုးရိုးသားသားဖြေပါ။ မသိရင်လည်း

မသိကြောင်း ကိုယ်မှားသွားရင်လည်း မှားကြောင်းဝန်ခံပါ။ ကလေးက လိမ်ညာခဲ့ရင်လည်း အပြစ်တင်မယ့်အစား အမှန်ကိုပြောရဲအောင် အားပေးပါ။ ထပ်ခါထပ်ခါ အားပေးတိုက်တွန်းပါ။ က လေးကအမှန်ကိုပြောတိုင်းမှာလည်း မပြတ်ချီးမွမ်းပါ။

၅။ ဂရုစိုက်တတ်မှု

သူတစ်ပါးကို ဂရုစိုက်တတ်တဲ့ကလေးဟာ သူတစ်ပါးကို နားလည်တတ်၊ စာနာတတ်ပါတယ်။ ဒါကိုဘယ်လိုပြုစုပျိုးထောင် ပေးကြမလဲဆိုရင်… အနီးစပ်ဆုံး သူမလိုတော့တဲ့ ကစားစရာနဲ့

အသုံးအဆောင်တွေကို လိုအပ်တဲ့နေရာတွေမှာ တူတူလှူကြတာမျိုး နေမကောင်းတဲ့ သူငယ်ချင်းအတွက် Get Well Soon Card လေးလုပ် လက်ဆောင်လေး ဝယ်ပြီး တူတူအားပေးစကားသွားပြောတာမျိုးပါ။

၆။ စည်းကမ်း သေဝပ်မှု

ကလေးဘဝကတည်းက စည်းကမ်း ရှိတဲ့သူဟာ… သူကြီးပြင်းလာလေလေ သူ့ဘဝတစ်လျှောက်မှာ ကျောင်းစာမှာရော လုပ်ငန်းခွင်မှာပါ ထူးချွန်ပါတယ်။ ဒီအလေ့အကျင့်ကောင်းတွေဟာ ဘဝအတွက်

အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရမယ့်အချိန်မျို၊း အဖြေရှာရမယ့် အချိန်မျိုးမှာ အရမ်းကို အထောက်အကူဖြစ်ပါတယ်။ ဒါဖြင့် စည်းကမ်းသေဝပ်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ…

(က) မိဘကိုယ်တိုင်က စည်းကမ်း ရှိရပါမယ်။ စမိတဲ့ အလုပ်တိုင်းကို အဆုံးထိ တာဝန်ယူပြီး မြောက်စေရပါမယ်။ ကိုယ်စထားတဲ့ လုပ်လက်စတွေကို မိသားစုဝင် တစ်ယောက်ယောက်က ကူရှင်းပေးရတာမျိုး မလုပ်ပြရပါဘူး။

(ခ) ကလေးကိုလည်း အချိုပွဲမစားခင် ညစာကို အရင်ပြီးအောင်စားစေတာမျိုး ကိုယ်က စားထားတာတွေကို ကိုယ့်ဘာသာ သိမ်းစေတာမျိုးပါ။ ဒီ အလေ့အကျင့်ကောင်းတွေကို ပြုစုပျိူးထောင်ပေးခြင်းအားဖြငိ့

ကလေးကဘဝမှာ ဘယ်လို ရပ်တည်ရမလဲ… ဘာကို တန်ဖိုးထားရမလဲ… ဘယ်လိုပြုမူပြောဆိုနေထိုင်ရမလဲ သိလာပါမယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

ကၽြန္မတို႔ အသက္ရွင္ေနသမၽွ ကာလပတ္လုံး ကၽြန္မတို ႔ရင္ေသြးေလးေတြရဲ့ မိဘ ေတြအျဖစ္ ရပ္တည္ေနမွာျဖစ္ပါတယ္။ ဒီလိုပဲ… တစ္ခ်ိန္မွာ

သူတို႔ေလးေတြႀကီးျပင္းလာမယ္ လူႀကီးတစ္ေယာက္အျဖစ္ရပ္တည္လာမယ္ဆိုတာေတာ့ ေမ့ထားလို႔မရပါဘူး။ ဒါေၾကာင့္ ငယ္ရြယ္ခ်ိန္မွာ အမူအက်င့္ေကာင္းေတြ အ ေတြးအေခၚေကာင္းေတြ ျပဳစုပ်ိဳးေထာင္ေပးဖို႔

သိပ္ကိုအ ေရးႀကီးပါတယ္။ ဒီလို ျပဳစုပ်ိဳးေထာင္ေပးျခင္းအားျဖင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေသာ၊ အမွီအခိုကင္းေသာ၊ လူသားဆန္ေသာ၊ သူတစ္ေယာက္အျဖစ္ ရပ္တည္နိုင္မွာျဖစ္ပါတယ္။

ကေလးေတြဟာ ေမြးစကေန အသက္ ၇ ႏွစ္အထိ ေရျမႇုပ္ တစ္ခုလိုပါပဲ။ သူပတ္ဝန္းက်င္ကေန အေကာင္း အဆိုး အကုန္စုပ္ယူ တတ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္ဟာ သူတို႔ေလးေတြကို အမွားအမွန္ အ ေကာင္းအဆိုး ေဝဖန္တတ္ဖို႔ ေလ့က်င့္ေပးဖို႔သိပ္ကိုအ ေရးႀကီးပါတယ္။

ခုေခတ္မွာမိဘ ေတြအ ေန နဲ႔ ပန္းခ်ီ၊ ဂီတ၊ သခၤ်ာ ၊ အက စတဲ့သင္တန္းေတြကို ပို႔ဖို႔အားသန္ုၾကေပမယ့္ ငယ္ရြယ္စဥ္ အဓိကထား ျပဳစုပ်ိဳးေထာင္ေပးရမယ့္ အေလ့အက်င့္ေကာင္းေတြကို အားစိုက္ဖို႔ေမ့ေနတတ္ၾကပါတယ္။

အခုေျပာျပမွာက ေတာ့ မိဘကိုယ္တိုင္က စံနမူနာလုပ္ျပရင္း ေလ့က်င့္ေပးရမယ့္ အ ေလ့အက်င့္ေကာင္း ေျခာက္ခုပါ။

၁။ ေလးစားတတ္မႈ
မိဘကိုယ္တိုင္က က ေလးကို ေလးစားမႈျပရပါမယ္။ဒါမွ က ေလးက သူ႔ကိုယ္သူရယ္ သူ႔ပတ္ဝန္းက်င္က သူငယ္ခ်င္းမိတ္ေဆြ အေပါင္းအသင္း ဆရာ၊ ဆရာမ ေတြရယ္ တိရစၧာန္ေလးေတြနဲ႔

သက္ရွိသက္မဲ့အားလုံးကို ေလးစားတတ္မွာပါ။ ဒီလိုေလးစားတတ္မွသာ က ေလးက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ စိတ္ေရာကိုယ္ပါလုံျခဳံမႈေတြကိုရ ရွိမွာျဖစ္ပါတယ္။ ကဲ…ဒါျဖင့္ –

(က) မိဘက ကေလးကို ေလးစားတာကို ဘယ္လိုျပၾကမလဲ။

(ခ) မိဘက ကေလးကို ေလးစားတတ္ေအာင္ ဘယ္လို သင္ေပးၾကမလဲ။

ဒါက အရမ္းလြယ္ပါတယ္ေနာ္။ အိမ္မွာပဲ စ ေလ့က်င့္ၾကၿပီး အလ်ဥ္းသင့္သလို အျပင္သြားရင္းေရာက္တဲ့ေနရာမွာ ေလ့က်င့္လို႔ ရပါတယ္။

(က) မိဘက ကေလးကို ေလးစားတာကို ဘယ္လိုျပၾကမလဲ…

ကေလးဘာျဖစ္ခ်င္လဲ။ ကေလးဆႏၵကို ဦးစားေပးေမးပါ။ ဥပမာ… ညေနစာ ဘာစားခ်င္လဲ… ဘာခ်က္ေပးရမလဲ။

အျပင္သြားမယ္ဆို ဘာဝတ္ခ်င္လဲ… ဘယ္သြားခ်င္လဲ။ ကစားစရာ ဝယ္တဲ့အခါ သူႀကိဳက္တာကိုပဲ ေရြးေစတာမ်ိဳးပါ။

(ခ) မိဘက ကေလးကို ေလးစားတတ္ေအာင္ ဘယ္လို သင္ေပးၾကမလဲ…

ကေလးကို သူပိုင္ဆိုင္တဲ့ ကစားစရာကလြဲလို႔ သူမ်ားပစၥည္းေတြကို ခြင့္မ ေတာင္းဘဲယူျခင္း၊ လုျခင္းမရွိေအာင္ သင္ေပးလို႔ ရပါတယ္။

ဥပမာ… ေမ ေမ့ အဝတ္ဘီရို၊ မွန္တင္ခုံေတြကို စိတ္ရွိတိုင္း ဖြတာမ်ိဳးကို ခြင့္ျပဳမယ့္အစား ကေလးကို အဝတ္ဘီရို၊ မွန္တင္ခုံကေန ဘာလိုခ်င္တာလဲေမး…လိုခ်င္တာကိုပဲယူေစၿပီး

မပ်က္စီးေစဘဲ သူ႔ေနရာသူ ျပန္ထားတတ္ေအာင္ ေျပာျပနိုင္ပါတယ္။ ဒါက အစပိုင္းမွာ ခက္နိုင္ေပမယ့္ စိတ္ရွည္ရွည္ ေလ့က်င့္ပါ။ ေအာင္ျမင္ပါတယ္။ အက်ိဳးမ်ားတယ္ေနာ္…။

၂။ တာဝန္ ယူတတ္မႈ
က ေလးဆိုတာ တစ္သက္လုံး က ေလးအျဖစ္ပဲ ရွိေနမွာ မဟုတ္ပါဘူးေနာ္။သူတို႔ေလးေတြဟာ တစ္ေန႔ထက္တစ္ေန႔ ႀကီးျပင္းလာေနမွာပါ။ ငယ္ရြယ္စဥ္အခါမွာ ကတည္းက တာဝန္ယူတတ္ေအာင္ ေလ့က်င့္ သင္ၾကားေပးျခင္းအားျဖင့္

သူ႔ကိုယ္သူ တာဝန္ယူတတ္မယ္။ ေက်ာင္းပညာေရးမွာ ထူးခၽြန္မယ္။ တစ္ခ်ိန္မွာ လုပ္ငန္းခြင္ဝင္တဲ့အခါမွာ အလုပ္ႀကိဳးစားၿပီး နာမည္ေကာင္း ရပါမယ္။

(1 to 4 years) အရြယ္က ေနစၿပီး ကစားၿပီးတာနဲ႔ အ႐ုပ္ေတြ ျပန္သိမ္းတတ္ေအာင္ ေလ့က်င့္ေပးပါ။ သူနဲ႔အတူတူ သိမ္းတာမ်ိဳးလုပ္ပါ။

သူတစ္ခုခု သိမ္းၿပီးတိုင္းမွာ… တစ္ခုခုေကာင္းမြန္တာ လုပ္ၿပီးတိုင္းမွာ ခ်ီးမြမ္းဖို႔ သတိရပါ။ ဒါဟာ ဒီအမူအက်င့္ေကာင္းေလးကို ထပ္ခါထပ္ခါ လုပ္ဖို႔ တြန္းအားေကာင္းတစ္ခု၊ ခြန္အားတစ္ခုကို ျဖစ္ေစပါတယ္။ တကယ္လို႔သာ…

ကေလးက သူသိပ္ႀကိဳက္တဲ့ ကစားစရာေလး တစ္ခုခုကို မေတာ္တဆ ေဖ်ာက္ဖ်က္မိမယ္ ဆိုရင္လည္း ခ်က္ခ်င္း ျပန္မဝယ္ေပးပါနဲ႔။ ဒီအျဖစ္အပ်က္ကေန

သူသင္ခန္းစာရပါေစ။ တာဝန္ယူတတ္မႈနဲ ႔ပတ္သက္တဲ့ စာအုပ္မ်ိဳး ဖတ္ျပပါ။ ၿပီးရင္ ေမးခြန္းေလးေတြ ေမးၿပီး အျပန္အလွန္ ေဆြးေႏြးပါ။

၃။ ႀကံ့ႀကံ့ ခံနိုင္မႈ
အခက္အခဲကို ႀကံ့ႀကံ့ ခံနိုင္ေအာင္ ေလ့က်င့္ ပ်ိဳးေထာင္ေပးျခင္းအားျဖင့္ အမွား လုပ္မိရင္ေတာင္ ေနာင္တေတြနဲ႔ ၿပိဳလဲမေနဘဲ… အမွားကေန သင္ခန္းစာယူနိုင္ၿပီး

မိမိကိုယ္ကို ယုံၾကည္မႈမပ်က္ျပားဘဲ ဆက္လက္ ရပ္တည္နိုင္မွာျဖစ္ပါတယ္။ ကေလးကို လြယ္လြယ္ကူကူ လက္မေလၽွာ့တတ္ေအာင္ ထပ္ခါထပ္ခါ ႀကိဳးစားအားထုတ္တတ္ေအာင္ ငယ္စဥ္ကတည္းက ေလ့က်င့္ေပးနိုင္ပါတယ္။

ဥပမာ… Block ေတြ ေဆာက္တဲ့အခါ ၿပိဳက်ခဲ့ရင္ အားေပးရင္း အျမင့္ႀကီးေရာက္ေအာင္ ၿပီးတဲ့ထိ ေဆာက္ေစတာမ်ိဳး ေဆာက္ၿပီးတဲ့အခါ အားေပးခ်ီးမြမ္းတာမ်ိဳးပါ။

တစ္ဖက္ကလည္း မိဘကိုယ္တိုင္က အခက္အခဲနဲ႔ ၾကဳံရင္ ဘယ္လိုေျဖရွင္းလဲဆိုတာ ကေလးျမင္ေစ ေလ့လာခြင့္ရပါေစ။ဥပမာ… ပ်က္တဲ့ကြန္ပ်ဴတာကို ျပင္တာမ်ိဳး၊

ကိုယ္မရ ေပမယ့္ မႀကိဳက္ေပမယ့္ ကေလးႀကိဳက္တဲ့ Nursery Rhyme ကိုရေအာင္ က်က္မွတ္ျပတာမ်ိဳးပါ။ ကေလးနဲ ႔တူတူ လိုက္ဆိုတာမ်ိဳးပါ။

၄။ ရိုးသားမႈ
ဒီေခါင္းစဥ္ဟာ ကေလးျပဳစုေစာင့္ေရွာက္ေရးမွာ အေရးအႀကီးဆုံးေပမယ့္ ကၽြန္မတို႔ေတြ အျမဲေမ့ထားတတ္တဲ့ ေခါင္းစဥ္ဆိုလည္း မမွားပါဘူး။ ရိုးသားရိုးေျဖာင့္မႈကို ကေလးကို သင္ခ်င္ရင္

မိဘကိုယ္တိုင္ကမိမိရဲ့ ရင္ေသြးနဲ႔ဆက္ဆံေရးမွာ ရိုးသားရပါမယ္။ ဘယ္လို ရိုးသားရမလဲဆိုတာကို သိသာျမင္သာတဲ့ ဥပမာေပးရမယ္ဆိုရင္… ကေလးက ေမးတဲ့ ေမးခြန္းေတြ အေပၚ ရိုးသားပါ။ ကေလးက ေမးရင္ ရိုးရိုးသားသားေျဖပါ။ မသိရင္လည္း

မသိေၾကာင္း ကိုယ္မွားသြားရင္လည္း မွားေၾကာင္းဝန္ခံပါ။ ကေလးက လိမ္ညာခဲ့ရင္လည္း အျပစ္တင္မယ့္အစား အမွန္ကိုေျပာရဲေအာင္ အားေပးပါ။ ထပ္ခါထပ္ခါ အားေပးတိုက္တြန္းပါ။ က ေလးကအမွန္ကိုေျပာတိုင္းမွာလည္း မျပတ္ခ်ီးမြမ္းပါ။

၅။ ဂ႐ုစိုက္တတ္မႈ
သူတစ္ပါးကို ဂ႐ုစိုက္တတ္တဲ့ကေလးဟာ သူတစ္ပါးကို နားလည္တတ္၊ စာနာတတ္ပါတယ္။ ဒါကိုဘယ္လိုျပဳစုပ်ိဳးေထာင္ ေပးၾကမလဲဆိုရင္… အနီးစပ္ဆုံး သူမလိုေတာ့တဲ့ ကစားစရာနဲ႔

အသုံးအေဆာင္ေတြကို လိုအပ္တဲ့ေနရာေတြမွာ တူတူလႉၾကတာမ်ိဳး ေနမေကာင္းတဲ့ သူငယ္ခ်င္းအတြက္ Get Well Soon Card ေလးလုပ္ လက္ေဆာင္ေလး ဝယ္ၿပီး တူတူအားေပးစကားသြားေျပာတာမ်ိဳးပါ။

၆။ စည္းကမ္း ေသဝပ္မႈ
ကေလးဘဝကတည္းက စည္းကမ္း ရွိတဲ့သူဟာ… သူႀကီးျပင္းလာေလေလ သူ႔ဘဝတစ္ေလၽွာက္မွာ ေက်ာင္းစာမွာေရာ လုပ္ငန္းခြင္မွာပါ ထူးခၽြန္ပါတယ္။ ဒီအေလ့အက်င့္ေကာင္းေတြဟာ ဘဝအတြက္

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ ခ်ရမယ့္အခ်ိန္မ်ိဳ၊း အေျဖရွာရမယ့္ အခ်ိန္မ်ိဳးမွာ အရမ္းကို အေထာက္အကူျဖစ္ပါတယ္။ ဒါျဖင့္ စည္းကမ္းေသဝပ္ေအာင္ ဘယ္လိုေလ့က်င့္ၾကမလဲ…

(က) မိဘကိုယ္တိုင္က စည္းကမ္း ရွိရပါမယ္။ စမိတဲ့ အလုပ္တိုင္းကို အဆုံးထိ တာဝန္ယူၿပီး ေျမာက္ေစရပါမယ္။ ကိုယ္စထားတဲ့ လုပ္လက္စေတြကို မိသားစုဝင္ တစ္ေယာက္ေယာက္က ကူရွင္းေပးရတာမ်ိဳး မလုပ္ျပရပါဘူး။

(ခ) ကေလးကိုလည္း အခ်ိဳပြဲမစားခင္ ညစာကို အရင္ၿပီးေအာင္စားေစတာမ်ိဳး ကိုယ္က စားထားတာေတြကို ကိုယ့္ဘာသာ သိမ္းေစတာမ်ိဳးပါ။ ဒီ အေလ့အက်င့္ေကာင္းေတြကို ျပဳစုပ်ိဴးေထာင္ေပးျခင္းအားျဖငိ့

ကေလးကဘဝမွာ ဘယ္လို ရပ္တည္ရမလဲ… ဘာကို တန္ဖိုးထားရမလဲ… ဘယ္လိုျပဳမူေျပာဆိုေနထိုင္ရမလဲ သိလာပါမယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္