Knowledge

မီတာခပေးဆောင်ရသူတိုင်း သိထားသင့်တဲ့ သုံးစွဲမှုအနေအထားနဲ့ ကျသင့်ငွေတွက်နည်း..

မီတာခပေးဆောင်ရသူတိုင်း သိထားသင့်တဲ့ သုံးစွဲမှုအနေအထားနဲ့ ကျသင့်ငွေတွက်နည်း..

လျှပ်စစ်မီးသုံးစွဲပြီး မီတာခပေးဆောင်ရသူတိုင်း သိထားသင့်တဲ့ သုံးစွဲမှုအနေအထားနဲ့ ကျသင့်ငွေတွက်နည်းတွေပါ။လျှပ်စစ်စွမ်းအင်ကို ဘယ်လိုချွေတာသုံးစွဲမလဲ။ဘာတွေသိထားသင့်သလဲ။ ဘယ်လျှပ်စစ်ပစ္စည်းတွေက ဘယ်လောက်ထိ မီတာခတက်မလဲ..။

ပူးပေါင်းဆောင်ရွက်ပါဆိုတော့ သိဖို့လိုအပ်လာပါပြီ။ယနေ့ခေတ်ကာလတွင် လျှပ်စစ် စွမ်းအင်သည် မရှိမဖြစ် လိုအပ်သောအရာတခုလို့ပြောလျှင်မှားမည်မထင်ပါ။

ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ခေတ်ပေါ်လျှပ်စစ်အသုံးအဆောင်ပစ္စည်းများလည်းတနေ့တမျိုး မရိုးရအောင်ပေါ်ပေါက်နေပါသည်။ကိုတိုင်အသုံးပြုတဲ့လျှပ်စစ်ပစ္စည်းသည် အသုံးပြုသည့်အခါ၌ လျှပ်စစ်မီတာအသုံးပြုခ မည်မျှကုန်ကျသည်ကို သိသူများရှိသလို မသိသူများလည်းရှိနိုင်ပါသေးသည်။

ထို့ကြောင့်အသုံးပြုသောပစ္စည်းမည်မျှ ကုန်ကျနိုင်သည်ကိုတွက်ချက်သောနည်းလေးတခုပြောပြလိုက်ပါသည်။လျှပ်စစ်ပစ္စည်း၏ Watt ကိုကြည့်ပါ။တချို့သောပစ္စည်းများတွင် KHW လို့လဲရေးကြသည်။

Kilo Hour Watt

(တစ်ရီမှာ အသုံးပြုသော Watt)

တွက်နည်း

Watt×အသုံးပြုချိန်

—————- × မီတာယူနစ်

1000

ဥပမာ

40W မီးချောင်း× တနာရီ

40×1= 40

———-= .04×35= 1.4

1000

40W မီးချောင်း တစ်နာရီ အသုံးပြုလျှင်ကျသင့်ငွေသည် 1.4 ကျပ်ဖြစ်သည်။နောက် ဥပမာတခုအဲကွန်း တစ်ကောင်သည်750W ဖြစ်သည်

750×1

——-=.75×35=26.25ကျပ်

1000

အဲကွန်းတကောင်တနာရီအသုံးပြုခသည်26.25 ကျပ်ဖြစ်ပါသည်။၂၄နာရီ မရပ်မနားအသုံးပြုလျှင် 630ကျပ်ကုန်ကျပါသည်။

မှတ်ချက်

တစ်ယူနစ်လျှင်35ကျပ်ဖြင့်တွက်ချက်ပြီးလျှပ်စစ်ဗို့အား220ဖြင့်တွက်ချက်ခြင်းဖြစ်ပါသည်။လျှပ်စစ်မီး ဘယ်လောက်သုံးရင် မီတာ (၁) ယူနစ် တက်သလဲ၊ တစ်လ ယူနစ် (၂၀၀) လောက်သုံးရင် ငွေဘယ်လောက် ကျမလဲ…။

မီတာ (၁) ယူနစ်ဆိုတာ 1 KWH (၁) ကီလိုဝပ်နာရီ၊ ဆိုလိုတာက တစ်နာရီ အတွင်း (၁) ကီလိုဝပ် (1000 ဝပ်) သုံးစွဲလိုက်ရင် (၁) ယူနစ် သတ်မှတ် ပါတယ်။ အလင်းရောင်ရဖို့ မီးသုံးစွဲမှုကို အကြမ်းဖျဉ်း တွက်ကြရအောင်။ (၄) ပေ မီးချောင်း (၁) ချောင်းဟာ ရေဘုယျ အားဖြင့် (၄၀) ဝပ်ပါ။

တနာရီကြာ ဆက်တိုက်ထွန်းထားရင်

သုံးစွဲပမာဏ ဝပ် (၄၀) ပေါ့။ (၂၅) နာရီကြာသုံးရင် ဝပ် (၁၀၀၀) ဖြစ်လို့ (၄)ပေ မီးချောင်း (၁) ချောင်းကို (၂၅) နာရီကြာသုံးရင် တစ်ယူနစ် တက်ပါမယ်။ (၂) ပေ ချောင်းဆိုရင် နာရီ (၅၀) ကြာသုံးမှ တစ်ယူနစ် တက်ပါမယ်။ လျှပ်စစ် ဟင်းချက်အိုး အရပ်ခေါ် ဒယ်နီ သုံးတယ်ဆိုပါစို့။

သူ့ဝပ်အားက အပူကို ထိန်းညှိပြီး မီးအားကို အတိုးအလျော့ လုပ်တာဖြစ်လို့ ပုံသေမတွက်ဘဲ ပျမ်းမျှယူပြီး တွက်ကြရအောင်။ (သူကဝပ် ၁၆၀၀ အမြင့်ဆုံးပါ) အပူချိန် လျှော့သုံးချိန်တွေနဲ့ သူ့ကို ဝပ် (၁၀၀၀) ထားတွက်ကြည့်မယ်။ တစ်နာရီကြာ သုံးရင် တစ်ယူနစ် တက်ပါမယ်။ တစ်ရက်မှာ ဒယ်နီနဲ့ ဟင်းချက်ချိန် (၂) နာရီ ပဲထားပါတော့။ (၂) ယူနစ် တက်ပါမယ်။

ထမင်းပေါင်းအိုး Rice Cooker နဲ့ မနက်/ည (၂) ခါပြန်ချက်။ (၂) ယူနစ်လောက်ပါပဲ..။ ညဖက်နားချိန် TV ကြည့်ပါ။ ငါးနာရီဆက်တိုက် ကြည့်ပါ။ ပျမ်းမျှတစ်ယူနစ် ဝန်းကျင် တက်ပါမယ်။

အိမ်မှာ (၄) ပေမီးချောင်း သုံးချောင်း နဲ့ (၂) ပေမီးချောင်း (၂) ချောင်း၊ စုစုပေါင်း (၅)ချောင်းနဲ့ ငါးနာရီကြာ မီးသုံးမယ်၊ ဒယ်နီ တစ်လုံး နှစ်နာရီ၊ ပေါင်းအိုး တစ်လုံး နှစ်နာရီ၊ TV တစ်လုံး ငါးနာရီဆိုရင် တစ်ရက်ကို အထက်ပါ နည်းအတိုင်းတွက် မီတာ (၅.၈) ယူနစ် တက်ပါမယ်၊ တစ်လမှာ (၁၇၄) ယူနစ်တက်ပါမယ်၊ အခု ဈေးတက်ထားတဲ့ မီတာယူနစ်ဈေးနဲ့ ဆိုရင်..

၁ မှ ၃၀ ယူနစ် ၃၅ ကျပ် … ၁၀၅၀ ကျပ်

၃၁ မှ ၅၀ ထိ ၅၀ ကျပ် … ၁၀၀၀ ကျပ်

၅၁ မှ ၇၅ ထိ ၇၀ ကျပ် … ၁၇၅၀ ကျပ်

၇၆ မှ ၁၀၀ ထိ ၉၀ ကျပ် … ၂၂၅၀ ကျပ်

၁၀၁ မှ ၁၅၀ ထိ ၁၁၀ ကျပ် … ၅၅၀၀ ကျပ်

၁၅၁ မှ ၁၇၄ ထိ ၁၂၀ ကျပ် … ၂၈၈၀ ကျပ်

စုစုပေါင်း တစ်လကို (၁၄၄၃၀) ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ တစ်လကို ယူနစ် (၂၀၀) လောက်သုံးမယ်ဆိုရင် (၁၇၅၅၀) ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ အောက်မှာ မီတာခ တွက်လို့ရတဲ့ Link ကိုထည့်ပေး ထားပါတယ်။

အခု အိမ်သုံးအခြေခံ ပစ္စည်းတွေနဲ့.. နားလည်လွယ်အောင် မီတာခ တွက်ပြခြင်းဖြစ်ပါတယ်။ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို သင့်လျော်တဲ့ Quality နဲ့ မီးအား(ဝပ်အား) နည်းတာကို ရွေးချယ် သုံးစွဲသင့်ပါတယ်။

ဒီအောက်က Link မှာ ဝင်၊ မီတာယူနစ် အင်္ဂလိပ်လိုရေးထည့်ပြီး ငွေဘယ်လောက် ကျသင့်တယ်ဆိုတာကို တွက်ကြည့် နိုင်ပါတယ်။ ယခင် ယခု နှုန်းတွေကိုပါ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

(အိမ်သုံးမီတာများအတွက် ဖြစ်ပါသည်။)

မီတာယူနစ် :

12345တွက်မည်

ယခင်နှုန်းထား

နှုန်းထား ယူနစ် သင့်ငွေ(ကျပ်)

1-100 ယူနစ် 35 ကျပ် 0 0

101-200 ယူနစ် 40 ကျပ် 0 0

201 ယူနစ်အထက် 50 ကျပ် 0 0

စုစုပေါင်း 0 0

ယခုနှုန်းထား

နှုန်းထား ယူနစ် သင့်ငွေ(ကျပ်)

1-30 ယူနစ် 35 ကျပ် 0 0

31-50 ယူနစ် 50 ကျပ် 0 0

51-75 ယူနစ် 70 ကျပ် 0 0

76-100 ယူနစ် 90 ကျပ် 0 0

101-150 ယူနစ် 110 ကျပ် 0 0

151-200 ယူနစ် 120 ကျပ် 0 0

201 ယူနစ်အထက် 125 ကျပ် 0 0

စုစုပေါင်း 0 0

*မှတ်ချက် – ဓာတ်အားခသီးသန့်သာလျှင် ဖြစ်ပါသည်။ မီတာဝန်ဆောင်ခ (လက်ရှိတွင် ၅၀၀ ကျပ်) ထပ်ပေါင်းထည့်ရန် လိုအပ်ပါမည်။

မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ..။

Shareလုပ်ပြီးသိမ်းထားနိုင်ပါသည်။