သန်းကြွယ် သူဌေးတွေရဲ့ အကောင်းဆုံး ငွေစုနည်း ၇ သွယ်..
တကယ်တော့ ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ ကမ္ဘာ့သူကြွယ်သူဌေးကြီးတွေဟာလည်း သိပ်ပြီးပုံမှန်ဆန်တဲ့ဘဝမှာပဲနေထိုင်ကြပြီး အကြွားအဝါကင်းကင်းနဲ့ ပိုက်ဆံရဲ့တန်ှဖိုးကို ကောင်းကောင်းနားလည်ကြပါတယ်။
ပြီးတော့ သူတို့ကိုဒီလိုနေရာမှာ ရပ်တည်စေတဲ့အချက်တွေထဲ အရေးကြီးတစ်ချက်က ပိုက်ဆံဘယ်လိုရှာလဲဆိုတာထက် ရှာလို့ရလာတဲ့ပိုက်ဆံကို ကျစ်ကျစ်လျစ်လျစ်နဲ့ စီမံခန့်ခွဲ သုံးတတ်စွဲတတ်ပြီး ငွေစုတတ်တဲ့ အကျင့်ကောင်းပါပဲ။
သန်းကြွယ်သူဌေးတွေရဲ့ အကောင်းဆုံး ငွေစုနည်းလမ်း ၇ သွယ် ကို လေ့လာကြည့်ကြရအောင်။
( ၁ ) အကြွေးနဲ့ဝေးအောင်နေ
သူဌေးကြီးတွေက သူတို့ဘဝမှာ ကြွေးမြီဆိုတာမျိုး လုံးဝအဖြစ်မခံဘူး။ အကြွေးကိုအတင်မခံတာဟာ ပိုက်ဆံစုနည်းတစ်မျိုးပါပဲ။ အကြွေးနဲ့ဝေးအောင်နေတာ စိတ်အချရဆုံး နံပါတ်တစ်နည်းလမ်းပါပဲ။
( ၂ ) တိကျသေချာတဲ့ အသုံးအစွဲ အစီအစဉ်
ကိုယ့်ဝင်ငွေကို ဘယ်လိုသုံးစွဲဖို့ ပိုင်းခြားကန့်သတ်မလဲဆိုတာ အရေးကြီးပါတယ်။ ၅၀ ၃၀ ၂၀ နည်းလမ်းနဲ့ မဖြစ်မနေ ကုန်ကျစရိတ် တွေကို ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ တစ်ကိုယ်ရည်လိုအပ်ချက်အတွက် ၃၀ ရာခိုင်နှုန်းနဲ့ ပိုတဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းမယ်ဆိုလည်း ဒါကိုတကယ်ဖြစ်အောင်လုပ်ပါ။
( ၃ ) ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး
ဆိုလိုတာကတော့ အသုံးအစွဲလက်မဖွာဖို့၊ အသုံးအဖြုန်း မများဖို့လိုပေမယ့် ကိုယ့်ဘဝအတွက် ဝင်ငွေပိုတိုးတက်လာစေမယ့် အရာတွေကိုတော့ ဝယ်ယူသင့်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံပါ။
ဥပမာ လက်ပ်တော့ပ်တွေ၊ နေရာစုံသွားနေရသူအဖို့.. သွားလာရေးအဆင်ပြေဖို့ရာ ကားဝယ်ထားမျိုးတွေက ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး ဥပေးမှာအသေအချာပါပဲ။
( ၄ ) ပေးစရာရှိတာအရင်ပေး
ကိုယ့်ပိုက်ဆံတွေရလာပြီဆိုရင် အရင်ဆုံးလုပ်ရမှာက မဖြစ်မနေ မသုံးမဖြစ်၊ မရှိမဖြစ်တဲ့ ခေါင်းပူခေါင်းခဲစရာ စရိတ်စကတွေကို အရင်ပြီးပြတ်အောင်ပေးချေထားလိုက်ဖို့ပါပဲ။
ဒါမှ ပိုတဲ့ပိုက်ဆံကိုမှ ဘယ်လိုဆက်သုံးစွဲသွားမလဲ အရှင်းလင်းဆုံး စဉ်းစားသွားနိုင်မှာဖြစ်တယ်။ ဒါက ပိုက်ဆံကို မလိုတဲ့အပိုမှာမသုံးမိစေဖို့ ချွေတာပြီးသားဖြစ်စေလိမ့်မယ်..။ ပိုက်ဆံရလာတိုင်း အပျော်လွန်သုံးဖြုန်းဖို့ပါ နောက်ကိုပို့ထားပြီးသား ဖြစ်လာစေမှာပါ။
( ၅ ) လုံးဝပိုက်ဆံမသုံးဘူးဆိုတဲ့ နေ့ရက်တွေ
ဒီလို လုံးဝပိုက်ဆံမသုံးမယ့် ရက်တွေကို တစ်ပတ် သို့ တစ်လမှာ ဘယ်နှရက်အထိ ထားရှိသွားမလဲ ဆိုတာ သန္ဒိဌာန်ချထားလိုက်ပါ။
သင့်အတွက် အကျိုးထူးပါတယ်။ ဒါက ရိုးရှင်းပြီး အရေးပေါ်သုံးဖို့စွဲဖို့ မလိုမချင်း ပိုက်ဆံကိုလုံးဝမထုတ်မိပါစေနဲ့လေ။
( ၆ ) အကြွေပိုက်ဆံလေးတွေ စုစုထားပါ။
အကြွေပိုက်ဆံလေးတွေကို အထင်မသေးပါနဲ့..။ အခွင့်အရေး ရတိုင်း စုဆောင်းထားလိုက်ပါ။
လိုအပ်လာတဲ့အချိန်ဆို အကြွေလေးကိုစုလိုက်ရင် ကော်ဖီတစ်ခွက်စာ၊ မုန့်တစ်နပ်စာ သင့်အတွက်ဖြစ်စေပါတယ်။
( ၇ ) အသစ်မလဲခင် အရင်ပြင်
ကိုယ်ဝယ်ထားတဲ့ပစ္စည်းလေးတွေ ပျက်စီးသွားရင် လွယ်လွယ်လေးအသစ်လဲတတ်တဲ့ အကျင့်ကမကောင်းပါဘူး..။
ပြင်သုံးလို့ရရင် သုံးလိုက်ပါဦး။ လုံးဝမရတော့တဲ့အခြေအနေမှစွန့်ပစ်၊ အသစ်လဲ။ ဒါလဲငွေကိုပိုစုလာနိုင်စေတဲ့ ထိရောက်တဲ့အချက်ပါ..ပဲ။