Health Care

ဂျပန်အမျိုးသမီးတွေ နုပျိုလှပနေရတဲ့ အကြောင်းအရင်းလျှို့ဝှက်ချက် ဆန်ဆေးရည်တစ်ခွက်

ဂျပန်အမျိုးသမီးတွေ နုပျိုလှပနေရတဲ့ အကြောင်းအရင်း လျှို့ဝှက်ချက် ဆန်ဆေးရည်တစ်ခွက်

တစ်ကမ္ဘာလုံးက နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံရဲ့ အမျိုးသမီးတွေက နူးညံ့စိုပြေပြီး ချောမွတ်ပြေပြစ်တဲ့အသားအရေရှိခြင်းတို့ကြောင့် လူသိများထင်ရှားလှပါတယ်။

နည်းပညာတွေအတိုးတက်ဆုံး နိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတယ်ဆိုပေမယ့်လည်း

ဂျပန်အမျိုးသမီးတွေကတော့ လက်ရှိအသက်အရွယ်ထက် ပိုပြီးနုပျိုအရွယ်တင်စေဖို့အတွက် ရာစုနှစ်တိုင်လက်ဆင့်ကမ်းလာခဲ့တဲ့ အိမ်တွင်းနည်းလမ်းဟောင်းတွေကိုပဲ လိုက်နာကျင့်ကြံဆဲပါပဲ။

ဒီလိုထိရောက်မှုရှိတဲ့ နည်းလမ်းတွေထဲကမှ အားလုံးလိုက်ပြီးလုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

ဆန်ဆေးရည်ကိုအသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲ အသားအရေအတွက် ဘယ်လိုအထောက်အကူတွေဖြစ်စေမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတားဆီးပေးခြင်း

ဆန်ဆေးရည်နဲ့မျက်နှာသစ်ခြင်းဖြင့် အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၂ ရက်လောက်နှပ်ထားတဲ့ဆန်ဆေးရည်က အသားအရေအတွင်းရှိ Collagen ထုတ်လုပ်မှုကို မြင့်တက်စေပြီး တင်းတင်းရင်းရင်းနဲ့ နုပျိုတဲ့အသားအရေကို အချိန်အတော်ကြာထိန်းပေးထားနိုင်ပါတယ်။

Antioxidants တွေလည်း ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အရေးကြောင်းတွေဖြစ်မလာအောင် တားဆီးပေးနိုင်မယ့် သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။

သဘာဝအတိုင်း နေလောင်ဒဏ်မှကာကွယ်ပေးနိုင်ခြင်း

ဆန်ဆေးရည်မှာ အေးမြတဲ့ခံစားမှုရှိတာကြောင့် အသားအရေမှာသုတ်လိမ်းပေးပါက နေလောင်ဒဏ်တွေကိုလျော့ကျစေပြီး ယားယံခြင်းကို သက်သာစေမှာဖြစ်ပါတယ်။

နေရောင်နဲ့ထိတွေ့ခြင်းက အသားအရေပျက်စီးခြင်းရဲ့ ဖြစ်လေ့ရှိတဲ့အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တာမို့ အကုန်အကျသက်သာပြီး

လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ ဆန်ဆေးရည်ကိုအသုံးပြုကာ ကိုယ့်ရဲ့မျက်နှာကိုကာကွယ်လိုက်ပါ။

ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးခြင်း

ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေသုံးလည်း စိတ်ကျေနပ်လောက်မယ့် ရလဒ်ကောင်းတွေကိုမတွေ့ရလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အနေနဲ့ ပိုက်ဆံလည်းမကုန်ဘဲ အိမ်မှာအလွယ်တကူပြုလုပ်လို့ရတဲ့ ဆန်ဆေးရည်ကိုသတိရလိုက်ပါ။

အရေးအကြောင်းတွေကို လျော့ကျစေနိုင်ရုံသာမက Atopic Dermatitis လို့ခေါ်တဲ့ နှင်းခူလို အသားအရေပြဿနာမျိုးကို ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။

အသားအရေအဆီမပြန်အောင် ထိန်းသိမ်းပေးခြင်း

ကျန်းမာတဲ့အသားအရေဖြစ်ဖို့အတွက် သဘာဝအဆီတွေလိုအပ်တယ်ဆိုပေမယ့်လည်း လိုတာထက်ပိုထွက်လာလို့ မျက်နှာက အဆီတဝင်းဝင်းဖြစ်နေတာမျိုးကတော့ သိပ်ပြီးကြည့်လို့မကောင်းပါဘူး။

အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တို့အတွက် ထုတ်လုပ်ထားတဲ့ Skincare တွေအများစုမှာ အဆီပြန်သက်သာစေဖို့ အယ်လ်ကိုဟောထည့်သွင်းထားလို့ တချို့တွေဆိုရင် ပိုပြီးတော့တောင် အဆီပြန်နိုင်ပါတယ်။

သဘာဝနည်းလမ်းဖြစ်တဲ့ ဆန်ဆေးရည်ကတော့ အဆီပိုတွေကိုဖယ်ရှားပစ်ပြီး တချိန်တည်းမှာပဲ အသားအရေကိုခမ်းခြောက်မသွားစေအောင် Balance ညှိပေးတာမို့ စိတ်ချရတဲ့နည်းလမ်းကောင်းတစ်ခုပါ။

ဆန်ကိုဘယ်လိုပေါင်းခံမလဲ

ဆန်ဆေးပြီး ရေ ၂−၃ ခွက်ထည့်ပါ။

အခန်းအပူချိန်မှာပဲ ၄၈ နာရီကြာထားပါ။

သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီဆိုရင် ဆန်ကိုမွှေလိုက်ပြီး ရေစစ်ပေးပါ။

စစ်ယူပြီးရရှိလာတဲ့ဆန်ဆေးရည်ကို လေလုံတဲ့ဘူးထဲထည့်သိမ်းကာ တစ်ပတ်ထားပါ။ ထို့နောက် အသားအရေနဲ့ဆံပင်တို့အတွက် Cleanser အနေနဲ့ အသုံးပြုပေးနိုင်ပါတယ်။

Credit

ဂ်ပန္အမ်ိဳးသမီးေတြ ႏုပ်ိဳလွပေနရတဲ့ အေၾကာင္းအရင္း လွ်ိဳ႕ဝွက္ခ်က္ ဆန္ေဆးရည္တစ္ခြက္

တစ္ကမာၻလုံးက ႏိုင္ငံေတြထဲမွာ ဂ်ပန္ႏိုင္ငံရဲ႕ အမ်ိဳးသမီးေတြက ႏူးညံ့စိုေျပၿပီး ေခ်ာမြတ္ေျပျပစ္တဲ့အသားအေရရွိျခင္းတို႔ေၾကာင့္ လူသိမ်ားထင္ရွားလွပါတယ္။

နည္းပညာေတြအတိုးတက္ဆုံး ႏိုင္ငံေတြထဲကတစ္ခုအပါအဝင္ျဖစ္တဲ့ ဂ်ပန္ႏိုင္ငံမွာ ေနထိုင္ေနၾကတယ္ဆိုေပမယ့္လည္း

ဂ်ပန္အမ်ိဳးသမီးေတြကေတာ့ လက္ရွိအသက္အ႐ြယ္ထက္ ပိုၿပီးႏုပ်ိဳအ႐ြယ္တင္ေစဖို႔အတြက္ ရာစုႏွစ္တိုင္လက္ဆင့္ကမ္းလာခဲ့တဲ့ အိမ္တြင္းနည္းလမ္းေဟာင္းေတြကိုပဲ လိုက္နာက်င့္ႀကံဆဲပါပဲ။

ဒီလိုထိေရာက္မႈရွိတဲ့ နည္းလမ္းေတြထဲကမွ အားလုံးလိုက္ၿပီးလုပ္ေဆာင္ႏိုင္မယ့္ အလြယ္ကူဆုံးနည္းလမ္းတစ္ခုကေတာ့ ဆန္ေဆးရည္ကို အသုံးျပဳျခင္းပဲျဖစ္ပါတယ္။

ဆန္ေဆးရည္ကိုအသုံးျပဳျခင္းအားျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိလာႏိုင္မလဲ အသားအေရအတြက္ ဘယ္လိုအေထာက္အကူေတြျဖစ္ေစမလဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ေျပာျပေပးခ်င္ပါတယ္။

အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးျခင္း

ဆန္ေဆးရည္နဲ႔မ်က္ႏွာသစ္ျခင္းျဖင့္ အေရးအေၾကာင္းေတြမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

၂ ရက္ေလာက္ႏွပ္ထားတဲ့ဆန္ေဆးရည္က အသားအေရအတြင္းရွိ Collagen ထုတ္လုပ္မႈကို ျမင့္တက္ေစၿပီး တင္းတင္းရင္းရင္းနဲ႔ ႏုပ်ိဳတဲ့အသားအေရကို အခ်ိန္အေတာ္ၾကာထိန္းေပးထားႏိုင္ပါတယ္။

Antioxidants ေတြလည္း ႂကြယ္ဝတာေၾကာင့္ အ႐ြယ္မတိုင္ခင္ အေရးေၾကာင္းေတြျဖစ္မလာေအာင္ တားဆီးေပးႏိုင္မယ့္ သဘာဝေဆးစြမ္းေကာင္းတစ္လက္ပါ။

သဘာဝအတိုင္း ေနေလာင္ဒဏ္မွကာကြယ္ေပးႏိုင္ျခင္း

ဆန္ေဆးရည္မွာ ေအးျမတဲ့ခံစားမႈရွိတာေၾကာင့္ အသားအေရမွာသုတ္လိမ္းေပးပါက ေနေလာင္ဒဏ္ေတြကိုေလ်ာ့က်ေစၿပီး ယားယံျခင္းကို သက္သာေစမွာျဖစ္ပါတယ္။

ေနေရာင္နဲ႔ထိေတြ႕ျခင္းက အသားအေရပ်က္စီးျခင္းရဲ႕ ျဖစ္ေလ့ရွိတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုအပါအဝင္ျဖစ္တာမို႔ အကုန္အက်သက္သာၿပီး

လြယ္လြယ္ကူကူျပဳလုပ္ႏိုင္တဲ့ ဆန္ေဆးရည္ကိုအသုံးျပဳကာ ကိုယ့္ရဲ႕မ်က္ႏွာကိုကာကြယ္လိုက္ပါ။

ပ်က္စီးေနတဲ့အသားအေရကို ျပန္လည္ျပဳျပင္ေပးျခင္း

ေဈးႀကီးတဲ့အလွကုန္ပစၥည္းေတြသုံးလည္း စိတ္ေက်နပ္ေလာက္မယ့္ ရလဒ္ေကာင္းေတြကိုမေတြ႕ရလို႔ စိတ္ညစ္ေနတဲ့ပ်ိဳေမတို႔အေနနဲ႔ ပိုက္ဆံလည္းမကုန္ဘဲ အိမ္မွာအလြယ္တကူျပဳလုပ္လို႔ရတဲ့ ဆန္ေဆးရည္ကိုသတိရလိုက္ပါ။

အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစႏိုင္႐ုံသာမက Atopic Dermatitis လို႔ေခၚတဲ့ ႏွင္းခူလို အသားအေရျပႆနာမ်ိဳးကို ကုသဖို႔အတြက္ပါ အသုံးျပဳႏိုင္ပါတယ္။

အသားအေရအဆီမျပန္ေအာင္ ထိန္းသိမ္းေပးျခင္း

က်န္းမာတဲ့အသားအေရျဖစ္ဖို႔အတြက္ သဘာဝအဆီေတြလိုအပ္တယ္ဆိုေပမယ့္လည္း လိုတာထက္ပိုထြက္လာလို႔ မ်က္ႏွာက အဆီတဝင္းဝင္းျဖစ္ေနတာမ်ိဳးကေတာ့ သိပ္ၿပီးၾကည့္လို႔မေကာင္းပါဘူး။

အဆီျပန္တတ္တဲ့အသားအေရပိုင္ရွင္တို႔အတြက္ ထုတ္လုပ္ထားတဲ့ Skincare ေတြအမ်ားစုမွာ အဆီျပန္သက္သာေစဖို႔ အယ္လ္ကိုေဟာထည့္သြင္းထားလို႔ တခ်ိဳ႕ေတြဆိုရင္ ပိုၿပီးေတာ့ေတာင္ အဆီျပန္ႏိုင္ပါတယ္။

သဘာဝနည္းလမ္းျဖစ္တဲ့ ဆန္ေဆးရည္ကေတာ့ အဆီပိုေတြကိုဖယ္ရွားပစ္ၿပီး တခ်ိန္တည္းမွာပဲ အသားအေရကိုခမ္းေျခာက္မသြားေစေအာင္ Balance ညႇိေပးတာမို႔ စိတ္ခ်ရတဲ့နည္းလမ္းေကာင္းတစ္ခုပါ။

ဆန္ကိုဘယ္လိုေပါင္းခံမလဲ

ဆန္ေဆးၿပီး ေရ ၂−၃ ခြက္ထည့္ပါ

အခန္းအပူခ်ိန္မွာပဲ ၄၈ နာရီၾကာထားပါ။

သတ္မွတ္ထားတဲ့အခ်ိန္ျပည့္သြားၿပီဆိုရင္ ဆန္ကိုေမႊလိုက္ၿပီး ေရစစ္ေပးပါ။

စစ္ယူၿပီးရရွိလာတဲ့ဆန္ေဆးရည္ကို ေလလုံတဲ့ဘူးထဲထည့္သိမ္းကာ တစ္ပတ္ထားပါ။ ထို႔ေနာက္ အသားအေရနဲ႔ဆံပင္တို႔အတြက္ Cleanser အေနနဲ႔ အသုံးျပဳေပးႏိုင္ပါတယ္။

Credit