Knowledge

မိန်းမကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ..

မိန်းမကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ

တစ်ချို့ကပြောတယ်…မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာပြန်တောင်းဖို့အရမ်းခက်တယ်တဲ့..အကုန်မပေးပဲကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲသုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်။

ကျွန်တော် နေမကောင်းဖြစ်ချိန်နေ့ရက်များစွာဝင်ငွေမရှိလို့ဆေးခန်းပြဖို့ဝေလာဝေးဆန်ဝယ်ဖို့တောင်ငွေမရှိတအခါကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ်။

မိန်းမှာစုထားတာရှိတယ်ပြောပြီးကျွန်တော့်နဖူးကိုအသာစမ်းလို့ဆေးခန်းသွားမယ်ဆန်ဝယ်မယ်ဘာမှစိတ်မပူနဲ့တဲ့..ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့်ကျွန်တော့်အပြုအမူတွေကိုပြန်သတိရတော့ရင်ထဲမှာဆို့နင့်သွားခဲ့ရဖူးတယ်။

တစ်ချို့ကပြောတယ်…မိန်းမဆိုတာ ကိုယ့်အပေါ် မီးသေနေရမယ်တဲ့ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုး ဖြစ်ရမယ်ဆိုလို့…ဟိုအရင်တစ်ခါက အလုပ်ကအပြန်သူ့ကိုအိမ်မှာမတွေ့တော့စိတ်တိုပြီးစကားများကြရတဲ့အခါသူ့ကိုလက်နဲ့ ရွယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်

ကျွန်တော့လက်ကိုသေချာကြည့်ပြီး သူဟာလေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။အခုရွယ်လိုက်တဲ့လက်အတွက်..လက်စွပ်လေးသူသွားလုပ်တာတဲ့။အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီးရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်။

တစ်ချို့ကပြောတယ်ကိုယ့်မိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ကိုယ့်မိဘကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုန်းက ကျွန်တော့်မိဘအတွက်ကိုပဲ အမြဲတမ်းဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်ကျွန်တော့အတွက်တော့ သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ်။

ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာ
မိန်းမကပြောတယ်

အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံနဲနဲလောက်မပိုဘူးလားတဲ့..ဟာ မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့

မျက်နှာနဲနဲညိုးပြီးဘာမှမဟုတ်တော့ပါဘူးယောင်္ကျားရယ်တဲ့ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမရဲ့ဖုန်းဆီကို ဖုန်းဝင်လာတော့မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့ ကျွန်တော်ကောက်ကိုင်လိုက်တယ်။

ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ် ။

သမီးလား..အမေအခုအရေးကြီးနေလို့ သမီးဆီကို ထက်ပြီးဖုန်းခေါ်လိုက်ရတာ သမီးဆီကနေ အမေပိုက်ဆံပြောထားတာအဆင်ပြေနိုင်လားသမီးလေး ဒီမှာသမီးအဖေကလဲတော်တော်လေးနေမကောင်းဖြစ်နေတယ်

ဒီနှစ်ကမိုးအရမ်းရွာလို့ သီးနှံတွေလဲရေနစ်တော့ အမေတို့ဆီမှာတော်တော်လေးအခတ်အခဲဖြစ်နေတယ်သမီးရယ်။..သမီးမှာအဆင်ပြေရင် အမေ့ကိုပိုက်ဆံနဲနဲလောက်ကူပါအုံးနော်တဲ့…

နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဟာ ဆွံ့အသွားမိတယ်..တဖတ်က ဆက်ပြောတယ် ဟယ်လို ဟယ်လို သမီးလေး အမေပြောတာကြားလားတဲ့ ” အော် အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ အမေ့သမီးက နောက်ဖေးသွားနေလို့ ကျွန်တော်ဖုန်းကိုင်လိုက်တာပါ”

ဟယ်..အမေက သမီးထင်လို့ စကားတွေလောလောနဲ့ပြောလိုက်မိတာပါ အားနာလိုက်တာသားရယ်တဲ့..ကြည့်စမ်းး ကျွန်တော်ကို ယောက်ခမလုပ်သူက အားနာလို့တဲ့လေ သူ့သမီးရဲ့ရှာစာမရှိတော့ သူပြောတဲ့စကားအတွက် ကျွန်တော့်ကိုအားနာသွားမှာပေါ့ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ်

ဟာ မဟုတ်တာဘဲအမေရယ် ကျွန်တော့်ကိုဘာအားနာစရာရှိလို့လဲ အမေတို့အခတ်အခဲကိုကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့ ဘာမှစိတ်မပူနဲ့နော် ကျွန်တော်အမေ့သမီးနဲ့တိုင်ပင်ပြီး အမေတို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ မပူနဲ့တော့နော်

ကျွန်တော့်ရဲ့စကားကြောင့် တစ်ဖတ်ကဖုန်းသံထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး အနောက်ကိုလှည့်လိုက်တော့ သြော် မိန်းမလုပ်သူက ကျွန်တော့်အနောက်နားမှာရောက်နေတာကိုးဖုန်းပြောနေတဲ့အသံတွေကိုသူကြားသွားပြီပဲမျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်

အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး ကျွန်တော်သတိထားလိုက်မိတာကကျွန်တော့်မိန်းမဟာ သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတွေရှိခဲ့ပေမယ့် တစ်ချိန်လုံးကျွန်တော့်မျက်နှာကိုကြည့်ပြီး လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာတွေရှိလိမ့်မယ်ဆိုတာပါပဲ။

ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့ကျွန်တော့်စိတ်ထဲလုံးဝမကောင်းခဲ့ဘူး။ကျွန်တော်ဟာ ကိုယ့်မိဘတစ်ဘက်တည်းကိုပဲ ဂရုစိုက်မိခဲ့တာမဟုတ်လား။တကယ်ဆိုရင် သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂရုစိုက်မိခဲ့ရမှာပေါ့..၊

အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ သူ့မိဘအတွက်တော့ သူ့ကိုပူပင်စေခဲ့ပြီးကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေခဲ့တယ်မဟုတ်လားကျွန်တော့်မိန်းမကိုကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်။

အဲဒါကြောင့် ကျွန်တော်ပြောချင်တာကတော့လေ အိမ်ထောင်တစ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ အခြားကိစ္စတွေမှာ ကျွန်တော်တို့ယောင်္ကျားတွေသတိမပြုမိတဲ့ အခွင့်အရေးတော်တော်များများဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါပဲ။

တကယ်တော့.. ဘေးစကားတွေဟာအလကားပါဗျာ ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံးဖြစ်ရင်ကိုယ်တိုင်ကပဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်းဆုံးသာယာချမ်းမြေ့မူကိုတည်ဆောက်နိုင်ကြမှာပါ။

လောက၌ ရှိရှိကြသမျှကုန်သော မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ။

Credit – မူရင်းရေးသားသူ