မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရနှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား ?
ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့ အချိန်ပဲ ။
အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့ မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာ အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ ၊
ဂရုတစိုက်နဲ့ ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့ မိန်းမ ၊
အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ ယောက်ျားတွေ မာကျောပါတယ် ဆိုတာထက် ပိုပြီး ကြောက်ဖို့ ကောင်းသွားတတ်ပါတယ် . . .။
သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို မျက်ကွယ်ပြုခံလိုက်ရတဲ့ အတွက် မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ
နေသားကျသွားတဲ့ အချိန်က ကြောက်စရာ အကောင်းဆုံးပါပဲ။
သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင်
အပိုတွေ လာလုပ်ပြနေတယ်၊ ဘာတွေလဲ စိတ်ရှုပ်လိုက်တာ ဆိုပြီးတော့ကို စိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ပါရော ။
အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ ။
အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူးလေ။
အထူးအဆန်းတွေ ဖြစ်နေတာ ။
အဲ့လို အခြေအနေမျိုးမှာ ယောင်္ကျားလေးဘက်က ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျော ၊
သူမဘက်က ဘာမှ မလိုအပ်တော့ဘူး တန်ဖိုးမထားတတ်တော့ဘူး ။
အဲ့တော့ အဆင်ပြေကြလည်း ခနပဲ ၊ ရေရှည်မှာ လက်တွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။
အစမှ မကောင်းခဲ့တာ အနှောင်းဆိုတာလည်း မသေချာတော့ဘူးလေ ။
အဲ့အချိန်ကျမှ အဲ့မိန်းမကို အပစ်တင်လို့ မရဘူး ၊ စာရွက်ပေါ်မှာ မှားခဲ့ရင် ပြန်ဖျက်ဖို့ ခဲဖျက် ရှိတယ် ။
နှလုံးသားထဲမှာ အနာဖြစ်သွားရင် ပျောက်အောင်လုပ်ဖို့ မလွယ်ဘူး မေ့အောင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ။
အချစ်ဆိုတဲ့အရာကို ချစ်တယ်ဆိုတဲ့ စကားနဲ့ မဖော်ကြူးပါနဲ့ ..
မြတ်နိုးတန်ဖိုး ထားမှုနဲ့ ဖော်ကြူးပါ ဂရုစိုက်ကြင်နာမှုနဲ့သာ ဖော်ကြူးပါ
အကယ်၍ အဲဒီအရာတွေ ပျောက်ကွယ်နေပြီဆိုရင်
သေချာတယ်၊ သင်တို့ကြားမှာ အချစ်ဆိုတာ မရှိတော့ဘူး။ သံယောဇဉ်ကြိုးမျှင်မျှင်လေးပဲ ကျန်တော့တာပါနော် ..။ ။
#Credit – Sakura