Knowledge

အလုပ်လုပ်ဖို့ “အရင်းအနှီး မရှိဘူး” ဆိုသူများအတွက်..

ဒီနေ့ခေတ် အလုပ် လုပ်နေတဲ့ လူတွေဆီက အများဆုံး ကြားရတဲ့ စကားက အရင်းအနှီး မရှိဘူး ဆိုတဲ့ စကားပါပဲ။ ကျွန်တော်လဲ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အဲ့လို အတွေး ဝင်ဖူး ပါတယ်။

အဲ့ဒီအတွက် အဖြေရှိပါတယ်။လုပ်ငန်းတစ်ခုကို စလုံးရေ စလုပ်မယ်ဆို ငွေတိုးယူပြီး စမလုပ်မိပါစေနဲ့.. ။ မစရသေးပဲ အဆုံးသတ် သွားနိုင်ပါတယ်။ အဓိကက… ဦးနှောက်ကို များများ သုံးပြီး စဉ်းစားပါ။

သူများငွေကို အတိုး မပေးရပဲ ကိုယ့်အရင်းအနှီး ဖြစ်အောင် လုပ်ပါ။ ဥပမာတစ်ခု ပြောပြမယ်နော်။

ကျွန်တော် အရင် ကားဟောင်းဝယ်ရောင်း လုပ်စ အချိန်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေက ကား လာရောင်း ကြတယ်။

ကျွန်တော်က ၁၆၀ ပေးရင်  အဲ့ဒီအခါ သူတို့က ကိုယ်ပေးတဲ့ ဈေးထက် ၅ သိန်းလောက် ပိုလိုချင်ကြတယ်။ ၁၆၅ သိန်းပေါ့။ သူ့ကား က ၁၆၅ နဲ့ ဝယ်လဲ ၅ သိန်း လောက်တော့ အနဲဆုံး မြတ်နေပြီ။

ကိုယ်က ၁၀ သိန်း မြတ်ချင်တဲ့ အတွက် ၁၆၀ ဆစ်နေတာပေါ့။ သူကလဲ မရဘူး… ၁၆၅ မှ ၁၆၅ ပဲတဲ့။

အဲ့ဒီ အချိန်မှာ ကျွန်နော် လုပ်တဲ့ ပုံစံက ဟုတ်ပြီအကို အကို့ ကားကို ကျွန်တော် ၁၆၅ သိန်း ပေးမယ်။

ဒါပေမယ့် ပိုက်ဆံကို နောက် ၂လနေမှ ယူဗျာဆိုတော့ ရတယ်တဲ့..။ သူလိုချင်တဲ့ ၁၆၅ ရရင် ပြီးတာပဲပေါ့။ အဲ့ဒါနဲ့ အဲ့ကား ၁၆၅ နဲ့ ဝယ်လာပြီး ချက်ခြင်း ၁၇၀ နဲ့ ရောင်း။ ရလာတဲ့ငွေ ၁၇၀ ကို ၂ လအတွင်း

ကား ၄ – ၅ စီး လည်ပတ် ရောင်းဝယ်လိုက်တာ။ တစ်စီး ၁၀ သိန်းလောက်နဲ့ သိန်း ၄ – ၅၀ ရပါရောလား။ ဒီသဘောပေါ့… သူများပိုက်ဆံကို ကိုယ့်ပိုက်ဆံ ဖြစ်အောင် လုပ်ခဲ့တဲ့ ဥပမာ တစ်ခုပါ။

ကိုယ် ဆစ်တဲ့ဈေး မရရင် သူ့ငွေ ကိုတော့ အချိန်တစ်ခု အလကား သုံးရအောင် လုပ်ပေတော့။ ဒါ ညစ်တာ မဟုတ်ဖူးနော်။ လူရည် လည်တာလို့ ခေါ်တယ်။ ချစ်လို့ ပြောပြတယ် မှတ်ပါ။

ဒီလိုပဲ ကိုယ့် နားက ကားဝယ်လို့ ငွေချန်ချင်တဲ့ မိတ်ဆွေတွေ ကိုလဲ အတိုး မယူပဲ ချန်ပေးခဲ့တာကြည့် ပါပဲ။ အဓိက ပြောချင်တာက… အလုပ် လုပ်မယ်ဆို အလုပ် ထဲမှာပဲ စိတ်ကို နှစ်ထားပြီး လုပ်ပါ။

နည်းလမ်း တွေကို အမြဲရှာဖွေပါ။ ဝီရိယ ရှိပါ။ ကြိုးစားပါ။ ဇွဲ ရှိပါ။ မိတ်ဆွေ များများရအောင် ရှာပါ။

#Crd – Pyi  Soe Oo (လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်)