Health Care

တစ်ကြိမ်ပြုလုပ်ရုံနဲ့ ပြစ်မျိုးမဲှ့မထင်အသားအရေကို ပိုင်ဆိုင်စေဖို့ ခရမ်းချဉ်သီးနဲ့ အလှပြင်ကြမယ်..

တစ်ကြိမ်ပြုလုပ်ရုံနဲ့ ပြစ်မျိုးမဲှ့မထင်အသားအရေကို ပိုင်ဆိုင်စေဖို့ ခရမ်းချဉ်သီးနဲ့ အလှပြင်ကြမယ်

ဒီတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်းနှစ်မျိုးတည်းနဲ့ သင့်မျက်နှာပေါ်က အဖုအစက်အပျောက်တွေကို ပျောက်ကင်းစေပြီး ချောမွေ့တဲ့အသားအရေရရှိစေမယ့် နည်းလမ်းတစ်ခုကို ပြောပြလိုပါတယ်။

ဒီနည်းလမ်းကို အသားအရေအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကတော့..

ခရမ်းချဉ်သီး

နနွင်းမှုန့်

ပြုလုပ်နည်း

၁။ ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပါ။

၂။ ခွက်တစ်ခွက်ထဲမှာ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။

၃။ ခရမ်းချဉ်သီးတစ်ခြမ်းကို နနွင်းခွက်ထဲ နှစ်လိုက်ပါ။

၄။ ဒီခရမ်းချဉ်သီးနဲ့ သင့်အရေပြားကို စက်ဝိုင်းပုံစံပွတ်ပေးပါ။ ညင်ညင်သာသာလေးပွတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခရမ်းချဉ်သီးရေထွက်လာစေပါတယ်။

၅။ ခရမ်းချဉ်သီးက ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ စစ်ထရစ်အက်ဆစ်ကြွယ်ဝပါတယ်။ ဒီဓာတ်တွေက သင့်အရေပြားကို သန့်ရှင်းတဲ့တာဝန်ထမ်းဆောင်ပေးပြီး ချောမွေ့စေပါတယ်။

မျက်နှာပေါ်က ချေးတွေကို ချွတ်ပေးပါတယ်။ နနွင်းမှုန့်ကတော့ ဝက်ခြံ၊ အသားအရေမညီတာတွေကို တိုက်ထုတ်ပေးပါတယ်။

၆။ ငါးမိနစ်ကြာပွတ်ပေးပြီး သင့်မျက်နှာကို ရေနဲ့ဆေးချပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာ ၃ ကြိမ်ကနေ ၄ ကြိမ်ပြုလုပ်နိုင်ပါတယ်။

သတိထားရမှာတစ်ခုကတော့ နနွင်းမှုန့်အစစ်ဖြစ်ဖို့ လိုအပ်ပါတယ်။

ပျိုမေအားလုံး ဒီနည်းလမ်းနဲ့ ပြစ်မျိုးမဲှ့မထင် အသားအရေကို ပိုင်ဆိုင်ဖို့ မျှော်လင့်မိပါတယ်။

Credit

တစ္ႀကိမ္ျပဳလုပ္႐ုံနဲ႔ ျပစ္မ်ိဳးမဲွ႕မထင္အသားအေရကို ပိုင္ဆိုင္ေစဖို႔ ခရမ္းခ်ဥ္သီးနဲ႔ အလွျပင္ၾကမယ္ ။

ဒီတစ္ေခါက္မွာေတာ့ ပါဝင္ပစၥည္းႏွစ္မ်ိဳးတည္းနဲ႔ သင့္မ်က္ႏွာေပၚက အဖုအစက္အေပ်ာက္ေတြကို ေပ်ာက္ကင္းေစၿပီး ေခ်ာေမြ႕တဲ့အသားအေရရရွိေစမယ့္ နည္းလမ္းတစ္ခုကို ေျပာျပလိုပါတယ္။

ဒီနည္းလမ္းကို အသားအေရအမ်ိဳးအစားအားလုံးအတြက္ အသုံးျပဳနိုင္ပါတယ္။

ဒီနည္းလမ္းအတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းႏွစ္မ်ိဳးကေတာ့

ခရမ္းခ်ဥ္သီး

နႏြင္းမႈန႔္

ျပဳလုပ္နည္း

၁။ ခရမ္းခ်ဥ္သီးတစ္လုံးကို ႏွစ္ျခမ္းခြဲလိုက္ပါ။

၂။ ခြက္တစ္ခြက္ထဲမွာ နႏြင္းမႈန႔္အနည္းငယ္ထည့္ပါ။

၃။ ခရမ္းခ်ဥ္သီးတစ္ျခမ္းကို နႏြင္းခြက္ထဲ ႏွစ္လိုက္ပါ။

၄။ ဒီခရမ္းခ်ဥ္သီးနဲ႔ သင့္အေရျပားကို စက္ဝိုင္းပုံစံပြတ္ေပးပါ။ ညင္ညင္သာသာေလးပြတ္ေပးပါ။ ဒီလိုလုပ္ေပးတာက ခရမ္းခ်ဥ္သီးေရထြက္လာေစပါတယ္။

၅။ ခရမ္းခ်ဥ္သီးက ဗီတာမင္ေအ၊ ဗီတာမင္စီနဲ႔ စစ္ထရစ္အက္ဆစ္ႂကြယ္ဝပါတယ္။ ဒီဓာတ္ေတြက သင့္အေရျပားကို သန႔္ရွင္းတဲ့တာဝန္ထမ္းေဆာင္ေပးၿပီး ေခ်ာေမြ႕ေစပါတယ္။

မ်က္ႏွာေပၚက ေခ်းေတြကို ခၽြတ္ေပးပါတယ္။ နႏြင္းမႈန႔္ကေတာ့ ဝက္ၿခံ၊ အသားအေရမညီတာေတြကို တိုက္ထုတ္ေပးပါတယ္။

၆။ ငါးမိနစ္ၾကာပြတ္ေပးၿပီး သင့္မ်က္ႏွာကို ေရနဲ႔ေဆးခ်ပါ။

ဒီနည္းလမ္းကို တစ္ပတ္မွာ ၃ ႀကိမ္ကေန ၄ ႀကိမ္ျပဳလုပ္နိုင္ပါတယ္။

သတိထားရမွာတစ္ခုကေတာ့ နႏြင္းမႈန႔္အစစ္ျဖစ္ဖို႔ လိုအပ္ပါတယ္။

ပ်ိဳေမအားလုံး ဒီနည္းလမ္းနဲ႔ ျပစ္မ်ိဳးမဲွ႕မထင္ အသားအေရကို ပိုင္ဆိုင္ဖို႔ ေမၽွာ္လင့္မိပါတယ္။#Crd