Knowledge

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ

အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ ။

It is important to value the money you have at this time.

မြန် မာနိုင်ငံ ရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ၂၀၂ဝခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျ..ာ။

လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လို လာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ် ။

လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်

ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင် အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြ ပါဘူး..။

ကား။ လုပ်ငန်းရှင်တိုင်းမှာ ရှိပါတယ်။ ဒုတိယ အမြန်ဆုံး ငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲမြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှု ပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့ လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ ဥပမာ ငွေသား သိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်.. ။

နောက် တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့ သိန်းထောင် ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။

ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီး ငွေဖော်ကြပါလိမ့်မယ်အိမ် ။ လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။

နေရာကောင်းလေးတွေသာ ဗိုက်နာဈေး နဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ် ။

အဲ့ဒီတော့ အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုး ပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။

ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ ။

ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစား ပါနဲ့။ ‌မည်သူ့ကိုမှ ငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက် ဆုံးမယ့် ကာလပါ။

You should be especially careful at this time, don’t try to ride an unskilled wave. Don’t lend money to anyone. If you borrow, it will definitely end.

အစားအစာမှလွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ ။

လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။

အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရော အလုပ်ရှင်ပါ ပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။

ကျွန်တော်ဆို ဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲ နေရရင် လုံးဝ စိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေ

Credit

အေရးႀကီးပါတယ္ ဒီအခ်ိန္ လက္ထဲရွိတဲ့ ေငြကို တန္ဘိုးထားပါ ။

It is important to value the money you have at this time.

ျမန္ မာႏိုင္ငံ ရဲ႕ စီးပြားေရး ထိခိုက္မႈ ပမာဏက ၂၀၂ဝခုႏွစ္ ၆ လပိုင္းကေနစၿပီး ၁၂ လပိုင္းအတြင္းမွာ တေျဖးေျဖးနဲ႔ အလြန္သိသာလာပါလိမ့္မယ္ ခင္ဗ်ာ။

လုပ္ငန္းလည္ပတ္ဖို႔ ေငြကို အသဲအသန္လို လာၾကပါလိမ့္မယ္။ ဘဏ္ေခ်းေငြ မလြယ္ကူတဲ့ ဒီႏိုင္ငံအတြက္ေတာ့ ဒီျပသနာကို ‌‌ေျဖရွင္းဖို႔ လုပ္ရမယ့္နည္းလမ္း ၂ ခုပဲရွိပါတယ္ ။

လုပ္ငန္းေတြကို ပိတ္သိမ္းမလား၊ ရွိတဲ့ ပစၥည္းေတြ ထုခြဲေရာင္းခ်ၿပီး လုပ္ငန္းကို ဆက္လက္ လည္ပတ္မလား လုပ္ငန္းေတြ လည္ပတ္ဖို႔ႀကိဳးစားမယ္ဆိုရင္ေတာ့ ရွိထားတဲ့ ေ႐ႊ၊ ကား၊ အိမ္ စတဲ့ ၃ မ်ိဳးကို ထုခြဲေရာင္းခ်ရပါမယ္။

ေ႐ႊ ။ အလြယ္ကူဆုံးနဲ႔အျမန္ဆုံး နာရီပိုင္းအတြင္း ေငြျဖစ္တဲ့ ပိုင္ဆိုင္မႈပါ။ သို႔ေသာ္ သာမာန္လုပ္ငန္းရွင္ အမ်ားစုမွာ လက္ဝတ္ရတနာကလြဲၿပီး ေ႐ႊပမာဏ အမ်ားႀကီး မရွိၾက ပါဘူး..။

ကား။ လုပ္ငန္းရွင္တိုင္းမွာ ရွိပါတယ္။ ဒုတိယ အျမန္ဆုံး ေငြေဖာ္လို႔ရတဲ့ ပိုင္ဆိုင္မႈပါ။ လုပ္ငန္းရပ္တန႔္သြားတဲ့ သူေတြရဲ႕ ၈၀% ခန႔္သူတို႔ကားေတြ ျပန္ေရာင္းၾကပါလိမ့္မယ္။

ဘာလို႔လဲဆိုေတာ့ အရင္တုန္းက ကြၽန္ေတာ္ေျပာခဲ့ဖူးသလိုပါပဲျမန္မာျပည္ကလူေတြဟာ ‌ေငြသားပိုင္ဆိုင္မႈ ပမာဏရဲ႕ ၅၀% ေက်ာ္ကို ကားဝယ္ဖို႔ လြဲမွားစြာ အသုံးျပဳထားၾကတဲ့အတြက္ပါ ဥပမာ ေငြသား သိန္း ၅၀၀ ခ်မ္းသာသူက သိန္း ၃၀၀ တန္ကားေလာက္ ဝယ္စီးထားၾကပါတယ္ ။

ေနာက္ တစ္ခ်က္ႏွစ္ရွည္ အရစ္က်စနစ္နဲ႔ဝယ္ထားတဲ့ကားေတြ လစဥ္ပုံမွန္ေငြဆက္သြင္းဖို႔ ခက္လာၾကပါလိမ့္မယ္။ တခ်ိဳ႕ သိန္းေထာင္ ဂဏန္းကားေတြဆို ၅ ႏွစ္အရစ္က်ဝယ္ရင္ တစ္လကို ၁၈ သိန္းနဲ႔ သိန္း ၂၀ ခန႔္ဘဏ္ကို လစဥ္သြင္းၾကရပါတယ္။

ဒီကားေတြ ေငြဆက္မသြင္းႏိုင္ေတာ့ရင္ ေရာင္းခ်ၿပီး ေငြေဖာ္ၾကပါလိမ့္မယ္အိမ္ ။ လက္ရွိအခ်ိန္မွာ ေငြေဖာ္ရအခက္ဆုံး ပိုင္ဆိုင္မႈပါ။

ေနရာေကာင္းေလးေတြသာ ဗိုက္နာေဈး နဲ႔ ေငြေဖာ္လို႔ရမွာ ျဖစ္ၿပီး က်န္တဲ့ေနရာေတြကေတာ့ ေရာင္းမစြံႏိုင္ပါဘူး။ဒီအခ်ိန္ ဝယ္မည့္အစား ငွားေနတာ ပိုကိုက္ပါတယ္

အဲ့ဒီေတာ့ အိမ္ၿခံေျမေဈးက်ႏိုင္ပါတယ္။ ဘဏ္ရာျဖတ္ေတြရဲ႕ ကာလေပါက္ေဈးထက္ တန္ဘိုး ပိုျဖတ္ကာ ဘဏ္မွာေပါင္ထားၾကတဲ့ အိမ္ၿခံေျမေတြ ဘယ္လိုဆက္လုပ္ၾကမလဲဆိုတာလဲ စဥ္းစားစရာပါ

ေငြသားကိုင္ထားတဲ့သူကေတာ့ အေကာင္းဆုံးပါ။ မိမိႀကိဳက္ရာ ေနရာမွာ ခ်က္ျခင္း ရင္းႏွီးျမဳပ္ႏွံလို႔ရပါတယ္။ liquitidy ျဖစ္တယ္လို႔ေခၚပါတယ္။

ေရဟာ ေလးေဒါင့္ခြက္ထဲထည့္ရင္ ေလးေဒါင့္ျဖစ္ၿပီး အဝိုင္းခြက္ထဲထည့္ရင္ အဝိုင္းျဖစ္တဲ့သေဘာကို ဥပမာျပတာပါ

ဒီအခ်ိန္အထူးသတိထားသင့္တာက မကြၽမ္းက်င္တဲ့လႈိင္းကို စီးဖို႔ မႀကိဳးစား ပါနဲ႔။ ‌မည္သူ႔ကိုမွ ေငြမေခ်းပါနဲ..႔။ ေခ်းမိရင္ ေသခ်ာေပါက္ ဆုံးမယ့္ ကာလပါ။

You should be especially careful at this time, don’t try to ride an unskilled wave. Don’t lend money to anyone. If you borrow, it will definitely end.

အစားအစာမွလြဲၿပီး က်န္တဲ့ ပစၥည္းေတြ ဝယ္မယ္ဆို လိုအပ္လားဆိုတာ ၃ ခါေလာက္ ျပန္စဥ္းစားပါ ။

လုပ္ငန္းေတြအသက္ဆက္ဖို႔ မလိုအပ္ပဲခန႔္ထားတဲ့ ဝန္ထမ္းေတြကို ေလွ်ာ့ခ်ရပါမယ္။ မလိုအပ္ပဲငွားထားတဲ့ ေနရာငွားခေတြကို ေလွ်ာ့ခ်ရပါမယ္။

ေအာင္ျမင္မႈရာခိုင္ႏႈန္းအနဲဆုံးျဖစ္ေနတဲ့ ထုတ္ကုန္ကို ‌ရပ္ဆိုင္း ရပါမယ္။ ဝန္ထမ္းေရာ အလုပ္ရွင္ပါ ပိတ္ရက္မရွိ အတူတကြ ႐ုန္းကန္ၾကရပါမယ္စိတ္ကိုေပ်ာ္ေအာင္ႀကိဳးစားၿပီးေနပါ။

ကြၽန္ေတာ္ဆို ဝင္ေငြရွိတာမရွိတာထက္ အလုပ္မလုပ္ပဲ ေနရရင္ လုံးဝ စိတ္မေပ်ာ္ပါဘူး..။ ေတာ္ေတာ္ အားတင္းၿပီးေနရပါတယ္။မိတ္ေဆြမ်ား က်န္းမာ ခ်မ္းသာၾကပါေစ ။  #Crd