အမျိုးသမီးတိုင်း ဘာလို့ ကျောက်ချဉ်သုံးသင့်လဲ ! ဖတ်ကြည့်ပါ
အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။
ကျောက်ချဉ် လို့ ပြောလိုက်ရင် မြန်မာ စာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေ ပါလိမ့်မယ်..။
လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြ စမြဲ ဖြစ်တာမို့ ကျောက်ချဉ် ကလည်း သူ့အစွမ်းက သီးခြား ရှိပါတယ်။
ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ အမျိုးသမီးတွေ အတွက် အသုံး အတည့်ဆုံး တခုလို့ ပြောရင် မမှားပါဘူး..။
မိန်းမပျိုက အစ၊ ကိုယ်ဝန် မရနိုင်လို့ ကလေး လိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး
ကျောက်ချဉ်က အလွန် အသုံးဝင် ပါတယ်။အမျိုးသမီး ကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမ ကိုယ်သန့်ရှင်း ရေးဟာ အလွန် အရေးကြီး ပါတယ်။
အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာ တွေဟာ၊
ယားယံ တတ်တာ တွေဟာ မိန်းမကိုယ် သန့်ရှင်းရေး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်ပြီး အဆိုပါ ကိစ္စမှာ ကျောက်ချဉ်က အလွန် အသုံးတည့် ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီး နေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့
သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ် နိုင်မှုမှာ ကျောက်ချဉ် ဟာလည်း အကျိုး အလွန် ရှိပါတယ်။
ကိုယ်ဝန်ကိုကျန်းမာစွာ လွယ်လိုသူအိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။
ကလေးမရလို့ စိတ်ညစ် နေရသူများ အတွက်လည်း အလွန် အသုံး တည့်ပါတယ်။ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊
ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲတာ၊ သွေးလန့် တတ်တာ၊ ရာသီမမှန်ပဲလာရန် ခက်ခဲတာတွေ အတွက်လည်းကျောက်ချဉ်က အသုံး ဝင်ပါတယ်။
ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှု တွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင် စေပါတယ်။
ချွေးပေါက် ကျယ်တာအစ ဒွါရပေါက် တွေလည်း ကျယ်တာ ကိုလည်း ကျဉ်းစေတဲ့ သတ္တိ ရှိပါတယ်။
ကျောက်ချဉ်ကို အသုံးပြု ပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ်ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။
ပြီးရင် အမျိုးသမီးများ အနေနဲ့ မိမိရဲ့ မိန်းမ ကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်း လုပ်ဟန်က အင်မတန် ရိုးစင်းပြီး လွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင် ပေးခြင်း ဆိုတဲ့ အရာကို အမျိုး တော်တော် များများမှာ အခက်အခဲ တွေ့တတ် ကြပါတယ်။
ဒါကိုတော့ သတိပြု စေချင် ပါတယ်။နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေး အတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်း ကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမား လှပါတယ်။
ပျိိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေ အထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခုလည်း ဖြစ်ပါတယ်။ငွေကုန်ကျေးကျလည်း အလွန်နည်း ပြီးခက်ခဲမှုလည်းမရှိပါဘူး။ #Crd